တောင်ကိုရီးယား အာဏာပိုင် များသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက
လွှတ်တင်ခဲ့သော မြောက်ကို ရီး ယား၏ တာဝေးပစ် ဒုံးပျံ အပျက်အစီး အစိတ်အပိုင်း
များကို လေ့လာမှု ပြုရန် စီစဉ်လျက် ရှိကြောင်း သိရ သည်။

အဆိုပါ ဒုံးပျံ အစိတ်အပိုင်း များသည် မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ
စွမ်းဆောင်ရည်ကို အတည်ပြု နိုင်ရန် အတွက် အရေးကြီးသော အစိတ်အပိုင်းများ
ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ
ကင်မင်ဆို့စ်က ပြောကြား ခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ Unha-3 ဒုံးပျံဖြင့် ဂြိုဟ်တု
တစ်စင်းကို ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ လွှတ်တင် ခဲ့ပြီးနောက်
ယင်းဒုံးပျံ၏ ပထမ အဆင့် အစိတ်အပိုင်းသည် ပေါက်ကွဲခဲ့ပြီး အပိုင်းလေး ပိုင်း
ပြတ်ထွက်သွား၍ တောင်ကိုရီးယား နိုင်ငံ နယ်နိမိတ် အတွင်းရှိ ပင်လယ်ဝါ
အတွင်းသို့ ကျရောက်ခဲ့ ကြောင်း သိရသည်။
တောင်ကိုရီးယား ရေတပ်မှ ကယ်ဆယ်ရေး သင်္ဘော တစ်စင်းသည် ဒီဇင်ဘာ ၁၄ ရက် နံနက်
၂၆ မိနစ်က ပင်လယ်ဝါ အတွင်းမှ အဆိုပါ အပျက်အစီး အစိတ်အပိုင်း များကို
ဆယ်ယူခဲ့သည်။
ဆယ်ယူ ရရှိခဲ့သော အစိတ်အပိုင်းသည် အရှည် ၇ ဒသမ ၆ မီတာ၊ အချင်းဝက် ၂ ဒသမ ၎
မီတာ ရှိပြီး အလေးချိန် အားဖြင့် ၃ ဒသမ ၂ တန်ရှိကြောင်းနှင့် ယင်းအစိတ်
အပိုင်းတွင် Unha ဟူသော စာလုံးကို ရေးထိုး ထားကြောင်း တောင်ကိုရီးယား
ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။
တောင်ကိုရီးယား နိုင်ငံမှ လက်နက်ကျွမ်းကျင် ပညာရှင်များ အဖွဲ့က ယင်းအစိတ်
အပိုင်းသည် နျူကလီးယား ဒုံးကျည် အစိတ်အပိုင်း ဖြစ်နိုင်ဖွယ်ရှိ၊ မရှိကို
ဆန်းစစ် လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။