လက်ပံတောင်းတောင်အရေးတော်ပုံကော်မရှင်
ဖွဲ့စည်းလိုက်တာကို ကြည့်ပြီး အားရပ်ကျေနပ်တယ်။ အစိုး ရက တောင်းပန်တယ်ဆိုတာ
မရှိဘူးတဲ့ ခေတ်မှာ လူဖြစ်လာခဲ့တဲ့နောက် ဒီကနေ့ သံဃာတော်တွေ ကို တောင်းပန်တယ်ဆိုတဲ့ သတင်းကြောင့် အရွေ့တစ်ခုလို့ ဆိုနိုင်တယ်။ ပြီးတော့
လက်ပံတောင်းေ တာ င်ကော်မရှင် ဖွဲ့တယ်။ ပါသင့်ပါထိုက်တာတွေလည်း ပါတယ်။
ဒါကိုတော့ ကြိုဆိုရမယ်။
သိပ်မကြာဘူး။ လွှတ်တော်မှ ဒီလိုကော်မရှင်ဖွဲ့ပေးဖို့ အဆိုတင်သွင်းခဲ့တဲ့
အဆိုပိုင်ရှင် ဒေါ်ခင်စန်းလှိုင်က သူမပါနိုင်ဘူး မလုပ်နိုင်ဘူလို့ ငြင်းတယ်
ဆိုပဲ။ သိပ်မကြာဘူး ။ ဒီလိုကော်မရှင်ဖွဲ့ပေး ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ ၈၈
မျိုးဆက်တွေကလည်း သူတို့မပါဘူး မလုပ်နိုင်ဘူး လို့ ငြင်းတယ် ဆိုပဲ။
အငြင်းစကားများရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိသလဲ။ အစကတော့ ဆင်ဖမ်းမယ် ကျား ဖမ် မယ် တကဲ ကဲ နဲ့  စတုန်းက စ- ဖွတုန်းက ဖွပြီး ကဲ
လုပ်ကြဟေ့ ဆိုတော့ ကျွန်မ မပါဘူး ကျွန်တော် မပါဘူး ဆိုတော့ -
စဉ်းစားစရာပဲ။
ဒီကြားထဲ လက်ပံတောင်းလှိုင်းစီးဖို့ ခါတော်မီ ကြေညာချက်တွေ
ထုတ်ကြတာကိုလည်း တွေ့ရှိရပါတယ်။ ၉၉ မျိုးဆက် ဆိုတာ ရှိသတဲ့။ ကျောင်းသား
ဆိုတာနဲ့ ကြေညာချက် ထုတ်ကြစတမ်းဆိုရင် မှိုင်း ရာပြ ည့် ကျောင်းသားတွေလည်း
အများကြီး ထုတ်လို့ ရပါသေးတယ်။
ဒီကော်မရှင်မှာပါတဲ့ တက်ကြွလှုပ်ရှားတဲ့သူတွေအတွက် ဒါဟာ
ခြေလှမ်းတစ်ရပ်ပဲ။ အစိုးရကို ပြန်ပြီး စစ် ရမယ့်အခွင့်အရေး။ ဘယ်နှစ်ကြိမ်
ရခဲ့ဘူးသလဲ။ အရိုးများသလေး ချေးခါး သလေး ဈေးဆစ်နေရမယ့် အ ချိန် လည်း မဟုတ်။
မပါဘူးဆိုရင် အစတုန်းက ဘာဖြစ်လို့ ဖွခဲ့ကြသလဲ။ အလုပ်ရှုပ်တော့ မခံနိုင်
လက်ညိုးထိုးတာလောက်ပဲ လုပ်ချင်တယ် ဆိုရင်တော့
နိုင်ငံရေးလုပ်စားမနေနဲ့တော့လို့ပဲ ပြောချင်တယ်။
ဒေါ်စုကို အကြီးအမှူးထားပြီး လုပ်ရမှာ ဖြစ်တဲ့အတွက် ဒေါ်စုအတွက်လည်း တစ်တပ်တစ် အား ဖြစ်နိုင် တယ်။
စစ်လို့ရတာ အကုန်စစ် -ဖော်လို့ ရတာ အကုန်ဖော်နိုင်တဲ့ အခွင့်အရေးကြီးပဲ။
ဒီကော်မရှင်အပေါ်မှာ ပြည်သူတွေ မျှော်လင့်တကြီး ရှိနေတယ်။
ဒီကော်မရှင်ပေါ်မှာ တရားဥပဒေ စိုးမိုးရေး ရဲ့ အနာဂတ်တစ်ခု ရှိနေတယ်။
လက်ပံတောင်းတောင်ရဲ့ မနက်ဖြန် ရှိနေတယ်။ တရုတ်နိုင်ငံရဲ့
စိုးရိမ်ပူပန် မှုတွေ ရှိနေတယ်။ ကမ္ဘာကြီးတစ်ခုလုံးက စောင့်ကြည့်နေမှာ
ဖြစ်တယ်။
ကမ္ဘာကြီးတစ်ခုလုံးက အံ့သြတကြီးနဲ့ မယုံနိုင်အောင် ဖြစ်နေတဲ့ ကော်မရှင် ဖွဲ့စည်းမှုဟာ အထူးတလည် ကြို ဆိုသင့်တဲ့ ကိစပဲ ဖြစ်တယ်။
ကော်မရှင် ဖွဲ့တာကို ထောက်ခံတယ်။ မဟားဒရားကို ထောက်ခံတယ်။
ကော်မရှင်ထဲကို မပါနိုင်ဘူးလို့ ငြင်းတဲ့သူတွေ အကုန်လုံးကို ကန့် ကွက်တယ်၊ ဆန့် ကျင်တယ်၊ ရှုပ်ချ တယ်။
ဒီအခွင့်အရေးကို ယူပါ။ ဒီလို ရလာတဲ့ Space တွေကို ချဲ့ ထွင်ပါ။
ကော်မရှင်ထဲမှာ ဒေါ်စု အားကောင်းဖို့ လိုတယ်။ ဒေါ်စု အမာခံတွေ လိုတယ်။
ဒါပေမယ့် ခါတော်မီ ကျောင်းသား သမဂတွေကိုတော့ ထည့်လို့ မရဘူး ။
ပလေတို ဒီမို
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။