ဘာသာစကား မကြွယ်ဝမှုကြောင့်
မှားယွင်းမှုများ ရှိသည်ဆိုပါက အကြံပေးနိုင်ပါသည်။ အမျိုးဘာသာ
သာ သနာအား စော်ကားခြင်းကို မခံလိုပါက မြန်မာလို ရေးထားသည်
ကိုဖတ်၍ ပြည်ပမီဒီယာကို ကန့်ကွက်ပါ၊)
ဘင်္ဂါလီတို့က ရခိုင်ပြည်နယ်ဟူသော အခေါ်အဝေါ်ကိုလက်မခံဘဲ အာရကန်ဟုသာ ခေါ်ဝေါ် သတ်
မှတ်ခဲ့ကြ ပါသည်။ ၄င်းတို့က အဆိုပါဒေသအတွင်းသို့
လွန်ခဲ့သည့်ရာစုနှစ်ပေါင်း များစွာကတည်းက စတင်၍ အခြေချ
ဝင်ရောက်လာခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့ပြီး မျိုးဆက်ပေါင်းများစွာတိုင်
အသိုက် အဝန်းနှစ်ခု အတူယှဉ်တွဲနေထိုင်ခဲ့ကြပါသည်။
မိမိတို့သည် ရခိုင်တို့ကို တစ်စုံတစ်ခုမျှပေးအပ်ခြင်းမရှိသကဲ့သို့
၎င်းတို့ထံမှလည်း ရယူခဲ့ခြင်း မရှိကြောင်း၊ မိမိတို့သည်
¤င်းတို့နှင့်သီးခြားစီနေထိုင်ခဲ့ကြကြောင်း ဘင်္ဂါလီကုလား တစ်ဦးက ပြောကြား
ခဲ့ပါသည်။
မိမိတို့သည် ရခိုင်တို့၏အစားအစာကိုမစားသကဲ့သို့ ရခိုင်တို့ကလည်း
မိမိတို့၏အစားအစာ များကို မစား ကြကြောင်း၊ ရခိုင်တို့သည်
မွတ်စလင်တစ်ယောက်ကိုတွေ့ချိန်တွင် ကလေးကပင်ခဲနှင့် ပေါက်လွှတ်လေ့
ရှိကြောင်းနှင့် ခွေးများကဲ့သို့နေထိုင်ခဲ့ရကြောင်း ဘင်္ဂါလီအမျိုးသမီးတစ်ဦးက
ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသည် စစ်အစိုးရ၏ပုံစံအမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့မှုကို
ရာစုနှစ်ထက်ဝက်နီးပါး ခံခဲ့ရပါသည်။ ၂ဝ၁ဝ ခုနှစ်တွင် နှစ်ပေါင်း ၂ဝ
ကြာနေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် အောင်ဆန်း စုကြည်သည် အကျယ်ချုပ်မှ
လွတ်မြောက် လာခဲ့ပြီး လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ များကျင်းပ
နိုင်ရေး ဆောင်ရွက် လာခဲ့ပါသည်။ သို့ရာတွင်ရွေးကောက်ပွဲများမှာ
နိုင်ငံတကာစံနှုန်းနှင့် အညီ လွတ်လပ်စွာ ကျင်းပနိုင်ခြင်း မရှိခဲ့ပါ။
ရခိုင်ပြည်နယ်တွင်မူ မျိုးချစ်စိတ်ဓာတ်တက်ကြွရေး ဆောင်ရွက်ချက်များ
ရှိခဲ့ပါသည်။ ရခိုင် တိုင်းရင်း သားများတိုးတက်ရေးပါတီသည် ရခိုင်ပြည်နယ်
တွင်အင်အား အကြီးမားဆုံး ပါတီဖြစ်လာခဲ့ပါ သည်။
၂ဝ၁၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံအတွင်း၌ ဒီမိုကရေစီကိုထိခိုက်စေနိုင်သည့်
အပြောင်း အလဲမှု များဖြစ်ပွားခဲ့ပါသည်။ မေလ ၂၈ ရက်နေ့တွင်
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူနည်းစု နှင့် ဗုဒ္ဓ ဘာသာ
ဝင်အများစုနေထိုင်ရာ ရမ်းဗြဲမြို့တွင် အသက် ၂၇ နှစ်အရွယ်ရှိ ဗုဒ္ဓဘာသာဝင်
အမျိုးသမီး တစ်ဦးဖြစ်သူ မသီတာထွေးအား မွတ်စလင် ၃ ဦးက
အဓမ္မပြုကျင့်သတ်ဖြတ်သည့် ဖြစ်စဉ်ဖြစ် ပွားခဲ့ပါသည်။ မသီတာေ
ထွးသေဆုံးသည့်ဖြစ်စဉ် သတင်းမှာလျင်မြန်စွာပျံ့နှံ့သွား ခဲ့ပါသည်။ မေလ ၂၉
ရက် နေ့နံနက်တွင် ရခိုင်တိုင်း ရင်းသားများတိုးတက်ရေးပါတီသည်
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ပါတီညီလာခံ ကျင်းပခဲ့ပါသည်။
အစည်းအဝေးခန်းမအတွင်း၌ မသီတာထွေး ဖြစ်စဉ် သတင်း မှာပျံ့နှံ့လျက်ရှိပြီး
အစည်း အဝေးတက်ရောက်လာသည့် ကိုယ်စားလှယ် များမှာ ယမ်းပုံမီး ကျ ဒေါသ
ထွက်လျက်ရှိကြပါသည်။ ပါတီေ ခါင်းဆော င် ဒေါက်တာအေးမောင်က အဆိုပါ
အဓမ္မပြုကျင့် သတ်ဖြတ်မှုဖြစ်စဉ်သည် နိုင်ငံရေး
ရှုပ်ထွေးစေရေးလုပ်ဆောင်ချက်ဖြစ်သည်ဟု အခိုင်အမာ ပြောကြား ခဲ့ပါသည်။
ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က မေလ ၂၈
ရက်နေ့တွင် ဖြစ်ပွား သည့် မုဒိမ်းကျင့် လူသတ်မှုသည်
ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ဖြစ်ကြောင်း၊ ၄င်းပြစ်မှုသည် အကြိမ်ကြိမ်
ဖြစ်ပွားခဲ့ သည်ကို စုံစမ်းသိရှိရကြောင်းနှင့် ရခိုင်ဒေသခံများ
မိမိဒေသ၌နေထိုင်နိုင်ခြင်း မရှိစေရန်ပြု လုပ်ကြသည်ကို
နားလည်ကြောင်းပြောကြားခဲ့ပါသည်။
မသီတာထွေးသတ်ဖြတ်ခံရသည့်ဖြစ်စဉ်နှင့် သေဆုံးနေသည့်ဓာတ်ပုံများမှာ အင်တာနက်
တွင်ပျံ့နှံ့ လာခဲ့ပါ သည်။ အဆိုပါဖြစ်စဉ်သည် ရခိုင်ပြည်နယ်တွင်
ပဋိပက္ခဖြစ်ပွားစေရေးအတွက် ဘင်္ဂါလီတို့က ကြိုတင် စီစဉ် သည့်
ဇာတ်ကွက်တစ်ခုဖြစ်သည်ဟုဖော်ပြခဲ့ကြပါသည်။
မသီတာထွေးသည် ရခိုင်လူမျိုးများအတွက် စတေးခဲ့ရကြောင်း၊ သို့ရာတွင်
မွတ်စလင်နှင့် ဘင်္ဂါလီ လူမျိုး တို့သည် မူလကတည်းက ထိုကဲ့သို့ဖန်တီးရန်
အစီအစဉ်များရှိပြီးဖြစ်ကြောင်း ဦးနန္ဒော ဘာသ ကပြောကြား ခဲ့ပါသည်။
ဇွန်လ ၃ ရက်နေ့တွင် စစ်တွေမြို့မှ ကီလိုမီတာ ၂ဝဝ
ခန့်ကွာဝေးသည့်တောင်ကုတ်မြို့တွင် ဘင်္ဂါလီ ၁ဝ
ဦးကိုသတ်ဖြတ်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
တောင်ကုတ်မြို့တွင် မွတ်စလင်နှင့်ဘင်္ဂါလီတို့မရှိကြောင်း၊
မြို့သူမြို့သားများသည် မြို့အတွင်းသို့ မည်သည့်
ဘင်္ဂါလီကိုမျှဝင်ခွင့်မပြုကြကြောင်း ဂျပန်နိုင်ငံရှိ Kanda တက္ကသိုလ်မှ
ဒေါက်တာ အေးချမ်းက ပြောကြားခဲ့ပါသည်။
ဇွန်လ ၃ ရက်နေ့ညနေပိုင်းတွင် မွတ်စလင် ၁ဝ ဦးပါ ဘတ်စ်ကားတစ်စီးသည် တောင်ကုတ်
မြို့ကိုဖြတ် ၍ ခရီးသွားခဲ့ကြပါသည်။ အဆိုပါယာဉ်ကို လူ ၃ဝဝ ခန့်ရှိသော
လူအုပ်ကတားဆီး ရိုက်နှက်ခဲ့ပါသည်။
မည်သူဖြစ်ဖြစ်၊ မည်သည့်လူမျိုးဖြစ်ဖြစ်၊ မိမိလူမျိုးအားစော်ကားခြင်းကို
မည်သူမျှမခံ နိုင်ကြောင်း၊ ယခင် ကတောင်ကုတ်မြို့ပေါ်သို့
ကုလားများလာ၍မရကြောင်း၊ တောင်ကုတ်မြို့၌ ကုလားများသည် ရခိုင်မြို့ သူမြို့
သားများကို ယခင်အချိန်ကဲ့သို့လူမထင် ဂရုမစိုက်၍လာရောက် ခြင်းဖြစ်သည်ကို
ရခိုင် လူမျိုးများ ကဒေါသပေါက်ကွဲပြီး ကုလား ၁ဝ ယောက်အား ရိုက်နှက်ခဲ့ခြင်း
ဖြစ်ကြောင်း ဦးနန္ဒောဘာ သကပြောကြား ခဲ့ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီ ၉ဝ ရာခိုင်နှုန်းခန့်ရှိသော
မောင်တောမြို့တွင် ဘင်္ဂါလီ ၁ဝ ဦး ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသည့်
သတင်းမှာပျံ့နှံ့သွားခဲ့ပါသည်။
သေဆုံးသူတို့၏ရုပ်အလောင်းဓာတ်ပုံများသည် အင်တာနက်မှတစ်ဆင့်
အဆင့်ဆင့်ပျံနှံ့ သွားခဲ့ကြော င်း၊ မောင်တောမြို့တွင် နှစ်ဘက်စလုံးက
သေဆုံးသူများ၏အလောင်းများကို ဗီဒီယိုနှင့် ဃီ တို့ဖြင့်ဖြန့် ဝေခဲ့ကြေ
ကြာင်း၊ ရခိုင်တို့က မွတ်စလင်တို့ကို သတ်နိုင်ဖွယ်ရှိမှုနှင့်ပတ်သက်၍
စိုးရိမ်ခဲ့ရကြောင်း မိုဟာမက် အစ္စလာမ် ကပြောကြားခဲ့ပါသည်။
ဘင်္ဂါလီတို့သည် သေဆုံးသူတို့အတွက် ဆုတောင်းပေးခဲ့ကြကြောင်း၊ မွတ်စလင်တို့သည်
အစိုးရ၏ တရား ဥပဒေအရ ပြစ်ဒဏ်စီရင်ပေးမှုကို စောင့်ဆိုင်းခဲ့ကြကြောင်း၊
သို့ရာတွင် မည်သို့မျှ အရေးမ ယူခဲ့ကြကြောင်း ဘင်္ဂါလီတစ်ဦးဖြစ်သည့်
ဟာမီဂျမီးကပြောကြားခဲ့ပါသည်။
ဘင်္ဂါလီ ၁ဝ ဦးအသတ်ခံရပြီးနောက် ပထမဆုံးသောကြာနေ့ဖြစ်သည့် ဇွန်လ ၈ ရက်
နေ့တွင် ဘင်္ဂါလီ တို့ သည် ဝတ်ပြုဆုတောင်းပြီးပါက ဆန္ဒပြကြရန်စီစဉ်ခဲ့ကြပါသည်။
ဟာမီဂျမီး သည် မောင်တော မြို့အပြင် ဘက်ရှိ ရွာ တစ်
ရွာတွင်နေထိုင်သူဖြစ်ပါသည်။
သောကြာနေ့ဝတ်ပြုသူများအနေဖြင့် ဝတ်ပြုခွင့်မရှိဟု မွတ်စလင်ဘာသာရေးဆရာက
ကျေးရွာများသို့ အကြောင်းကြား ခဲ့ကြောင်း၊ မွတ်စလင်များအနေဖြင့်
ကြိုတင်ပြင်ဆင်ထားပြီး အသင့်ရှိနေကြရန် ဘာသာ ရေး ဆရာ က
တိုက်တွန်းပြောကြားခဲ့ကြောင်း ဟာမီဂျမီးကပြောကြား ခဲ့ပါသည်။
ဇွန်လ ၈ ရက်နေ့တွင် မွတ်စလင်များသည် သောကြာနေ့ ဗလီတက်ပြီးသည့်အချိန်တွင်
ရခိုင်များကို မီးရှို့မည့်အစီအစဉ်ရှိထားပြီးဖြစ်ကြောင်း
ဦးနန္ဒောဘာသကပြောကြားခဲ့ပါသည်။
ဗလီများကိုပိတ်ထားရန် အစိုးရကညွှန်ကြားထားကြောင်းကို ဘင်္ဂါလီအများစုက သိရှိ
ထားပါသည်။ မောင်တောရှိဗလီသို့ တက်ရောက်ရန်ပြင်ဆင်လျက်ရှိသည့်
အီမန်မာဟုကဗလီ၏ အခြားတစ်ဖက်တွင် ဘုန်းကြီးကျောင်းတစ်ကျောင်းရှိကြောင်း၊
အဆိုပါဘုန်းကြီးကျောင်းထဲမှနေ၍ ဗလီထဲသို့ခဲလုံးများဖြင့်
ပစ်ပေါက်ခဲ့ကြကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။