တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာမူလတန်းကျောင်းမှ ကျေင်းဆရာ
အင်ခွန်နော်ရိန်းသည် (၂၀၁၂) ခုနှစ်၊ ဒီဇင် ဘာလ (၁) ရက်နေ့ မနက်ပိုင်းတွင်
ကောင်ရာမှ နန့်ဗျူသို့အသွား KIA ထောင်ထားသော မိုင်း (၁) လုံး
နင်းမိပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ရာ ၎င်းနေ့ မွန်းတည့်ချိန်တွင်
သေဆုံးသွားခဲ့ကြောင်း တပ်မဟာ (၂) မှ အရာရှိ တစ်ဦးကပြောပြပါသည်။
KIA အဖွဲ့အတွင်း မိုင်းအသုံးပြုမှုစနစ်အား သေချာစွာလေ့ကျင့်သင်ကြားပေးမှုမရှိဘဲ အလျင်စလို အသုံးပြုမှု များ ကြောင့် မိုင်းထောင်စဉ်ပေါက်ကွဲမှုများဖြစ်ပွားကာ တပ်ဖွဲ့ဝင်များ မကြာခဏ သေဆုံး ဒဏ်ရာရမှု များရှိ ခဲ့သလို တပ်ရင်း (၆) နယ်မြေအတွင်း မြေမြှုပ်မိုင်းများကြောင့် အပြစ်မဲ့ပြည်သူ လူထု အများအပြား ဒဏ်ရာ ရရှိမှုများရှိခဲ့ သဖြင့် မြေမြှုပ်မိုင်းများကြောင့် အပြစ်မဲ့ပြည်သူလူထုအများအပြား ဒဏ်ရာရရှိခဲ့ သဖြင့် ပြည် သူလူထုငြိုငြင်မှုခံနေ ရကြောင်း ၎င်းအရာရှိကဆိုပါတယ်။
KDN
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။