Pages

Monday, December 31, 2012

၂၀၁၃ တစ်နှစ်လုံးမက ၁၄...၁၅နှစ်များစွားတိုင်

နှစ်ဟောင်းဖျက်ခွဲ နှစ်သစ်လဲပြီ
ဂဏန်းသာပြောင်း မူမပြောင်းသော
ရှေ့သို့မရောက် နောက်သို့ပြန်ဆွဲ
သမိုင်းထဲသို့ မခေါ်လေနဲ့
မြန်မာပြည်ကြီး ရှေ့ခရီးမှာ
တိုးတက်ဖို့ရေး ဆောင်ရွက်ပေးသူ
ဘယ်သူကိုမဆို ကျုပ်သည်ထောက်ခံ မပုန်ကန်ဘူး
ကျုပ်ထောက်ခံသူ ထိုထိုလူသည်
အပြောမဟုတ် အလုပ်သက်သေ
ပြလေကျုပ်အား လေလုံးမထွားဘဲ
ဆောင်ရွက်ပြပါ ကောင်းနိုးရာကို
သို့ပေငြားလည်း.....
ပြောတိုင်းမလုပ် ရှေ့နောက်မညီ
လေလုံးပဲထွား ထိုလူသားကို
ထောက်ထားမျက်နှာ ဖယ်သွေကာဖြင့်
ဝေဖန်တိုက်မှာ မြန်မကြာဘဲ။

၂၀၁၂ ဒီတစ်နှစ်တွင် မြန်မာ့လူမှုဝေဖန်ရှုသော်
သမ္မခေါင်းဆောင် ကျုပ်ဘပြောင်၇ဲ့ ဆောင်ရွက်မှုအား တော်တော်သွားသည်
နိုင်ငံတကာ ပိတ်ဆို့မှုများ ဖယ်ရှားသွားအောင် ဆောင်ရွက်နိုင်သည်
တော်ပါပေသည် တော်ပေသည်။
ပွင့်လင်းစီးပွား ဖွင့်ထားသောကြောင့် မြှုပ်လိုနှံလို ကိုEcoတို့
အလုံးအရင်း ၀င်ရောက်လာပြီ ၀င်ရောက်လာသမျှ စိတ်မချနှင့်
တစ်ခုယူလျှင် နှစ်ခုပေးခေတ် ထိုသို့ခေတ်မှာ
ဧည့်သည်စီးပွား အမြတ်ကြီးစားကို အိမ်ရှင်နေရာ မပေးလေနှင့်
သခင်အားရ ကျွန်ပါးဝသည့် တရုတ်ကုလားအဖြူများလည်း
ဂုတ်သွေးခွသောက် မဖြစ်ရအောင် တားဆီးပါလေ ဘဘစိန်။

ဒီတစ်နှစ်အတွင်း
ရခိုင်အရေး ငလျင်ဘေးနှင့် လက်ပံတန်းတောင် ကချင်ကောင်တို့
စသည်စသည် သွေးစွန်းသည့်ပွဲ ဖြစ်ပွားခဲ့လည်း
မြန်မာပဲကွာ ချစ်စရှည်စေ မုန်စတိုရင်း
လူမျိုးခြားထား ပြည်ထောင်စုဖွားတိုင်းရင်းသ
ားချင်း ပြန်လည်ပေါင်းစည်း
ပြည်တွင်းစစ်ပွဲ မြန်မကြာရပ်ကာ ခြံလုံအောင်ကာ
ဘေးကကုလား ဘင်္ဂလီများလည်း မ၀င်စေနဲ့
ထိခိုက်များပြား ချန်ခဲ့၁၂... နှစ်ထောင်နှစ်အား
မေ့ကာချီတက် ရှေ့သို့ဆက်မည်
၂၀၁၃ တစ်နှစ်လုံးမက ၁၄...၁၅နှစ်များစွားတိုင်
မြန်မာ့အခြေ ကြံ့ခိုင်စေဖို့ ဟင်းလင်းဗလာ ခြေနေခါကို
တွေ့ကြုံနဲ့ဖို့ ရှေ့သို့ဆက်ကာ မုန်းသူတွေပျောက် ချစ်သူရောက်စေ
တောင့်တင်းခိုင်စေ မြန်မာပြည်။

ကျုပ်လည်းဆုတောင်း နှစ်သစ်ပြောင်းမို့
မြန်ပြည်တစ်လွှား ပြည်သူများနှင့်
အဝေးအနီး မြန်မာပြည်ဖွား ပြည်ထောင်သားကို
ကျန်းမာချမ်းသာ ဘေးရန်ကွာ၍
အလွှာအသီးသီး နယ်ပယ်ကြီးမှ
လူသားထုအကျိုး ဆောင်ရွက်တိုး၍
တတ်ထားသမျှ ပညာလှအား
တိုင်းတစ်ပါးကျွန် မခံလေနဲ့
ကိုယ့်ရဲ့ဝမ်းစာ ထိုပညာကို
ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ့်ဌာနာမှာ
ပြန်ကာသုံးလေ
အို......မိတ်ဆွေ။ ။

ဧထက်ပိုင်*
၇း၂၀ (PM)
၃၁.၁၂.၁၂ (Mon)

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

၂၀၁၃ တစ်နှစ်လုံးမက ၁၄...၁၅နှစ်များစွားတိုင်

Labels:

0 comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။