Pages

Friday, December 28, 2012

“““ အမြင်မတော် ဆင်တော် နဲ့ ခလောက်များ ”””

ဗိုလ်ချုပ်ပုံ အား အသုံးပြုနေမှု များ

ကျွန်တော် ဒီ လထဲ ခရီး အတော် သွားဖြစ်ပါသည် .... လမ်းခရီး ၌တွေ့ကြုံရသောမြင်ကွင်းများမှ အချို့ မြင် ကွင်းများမှာ အမြင်မတော် ဆင်တော် နဲ့ ခလောက်ဆိုသကဲ့သို့ ဖြစ်နေသည်များအား တွေ့ရသည် ...ကျွန်တော် သိသလောက် ဗိုလ်ချုပ် အောင် ဆန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အားတည်ထောင်ခဲ့သူမဟုတ်ပေ .... သို့သော် မည်သည့် အတွက်ကြောင့် ဗိုလ်ချုပ် ၏ ပုံအား NLD နှင့်တွဲဖက်၍ အသုံးပြု နေ သနည်း ... ကျွန်တော် တွေးလို့ လိုက်မမှီ အောင်ဖြစ်ရပါသည် ... တဖန် ဗိုလ်ချုပ် ပါဝင်ခဲ့သော အသင်းအဖွဲ့ပါတီများတွင်လဲ NLD အမျိုးသားဒီ မိုကရေစီ ပါတီ ဆိုသည်အား မတွေ့ရှိရပေ ..... သို့ ဖြစ်၍ ယခု ကဲ့သို ဗိုလ်ချုပ် နှင့်ဒေါ်စု ပုံများအား တွဲ ဖက် ၍ မဲဆွယ် ခြင်း ၊ လက်ကမ်းစာစောင်များ ပါတီ ဆိုင်းဘုတ် များတွင် အသုံးပြုနေခြင်းသည် လိမ်ညာ လှည့်ဖျားသကဲ့သို့ ဖြစ်မနေပါသလော ..... တွေးစရာပင် .... မြန်မာ့ ယဉ် ကျေးမှု အရ ကြည့် မည် ဆိုပါက လဲ  မိဘနှင့် သားသမီး တတန်းတည်း ထားခြင်းသည် သင့်တော် ပါသလော .... ဗိုလ်ချုပ် သည် ဗိုလ်ချုပ် ဖြစ်ပြီး ဒေါ်စုသည် ဒေါ်စုသာ ဖြစ်သည် .... ဒေါ်စုသည် ဗိုလ်ချုပ် အောင်ဆန်း မဟုတ်ပေ .... မိဘနှင့်သားသမီး တတန်းတည်းထား ဆက်ဆံနေသကဲ သို့ ဖြစ်နေခြင်းအား လက် သင့် ခံ စရာဖြစ်နေပါသလော .... တွေးစရာပင် .....

နှိုင်ငတာ် အလံ

မြန်မာနိုင်ငံ တွင် ခေတ် အဆက် ဆက် ပြောင်းလဲ ခြင်းများရှိနေသကဲ့သို့ ပြည်ထောင်စု အလံ ပြောင်းလဲ ခြင်းများ လဲ ရှိခဲ့ ပါသည် .....  ယခု လက် ရှိ အလံ နှင့်ပတ်သတ် ၍ အချို့ မှ ယခင် အလံ ကဲ့ သို့ မလေးစားနီုင်ကြောင်း ၊ ရုပ်ရှင် ရုံ တွင် မတ်တတ် ပင် မရပ် လိုကြောင်း ပြောကြားမှု များအား ပြန် လည်ကြားသိ ရ ပါသဖြင့် စိတ် မကောင်း ဖြစ်ရပါသည် .... နီုင်ငံတော် အလံ ဆိုသည်မှာ နိုင်ငံ တနိုင်ငံ ကိုကိုယ်စားပြု ထားသော သင်္ကေတ ဖြစ်ပါသည် .... ယခုလက်ရှိနိုင်ငံ တကာ ဆွေးနွေးပွဲ များ အားကစားပြိုင် ပွဲ များတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် မည်သည့် အလံ အား နိုင်ငံတကာမှ အသုံးပြုနေ ပါသနည်း ..... နိုင်ငံတော် သမ္မတအား အခြားနိုင်ငံများမှ နိုင်ငံ တော် အခန်းအနားဖြင့်ကြို ဆိုမှု များတွင မည်သည့်အလံ ကို အသုံးပြု ပါသနည်း. ...... ၄င်းအချိန် တွင် အိမ်ရှင် နိုင်ငံမှ သမ္မတ ( သို့ ) ၀န်ကြီး ချုပ်ပင်လျင် မြန်မာနိုင်ငံ အလံ အားလေးစားမှု ဖြင့် ငြိမ်သက်စွာနေရ သည် မဟုတ် ပါလော  .... လက်ရှိ မြန်မာနိုင်ငံ အလံ အား မလေးစားပါ ဆိုသည့် သင်တို့ သည် အတော်ကြီး မြတ်ကြသည့် ပုဂ္ဂိုလ်ကြီး များ ပါတကား ..... 

ငွေကြေး

ဗိုလ်ချုပ်ပုံ ပျောက်၍ ခြင်္သေပုံရောက် သည့် မြန်မာနိုင်ငံ တော် ငွေ ကြေးနှင့် ပတ် သတ် ၍ ဝေဖန် မှု များတွေ့ ရမည်ဖြစ်ပါသည် .... ကျွန်တော် ကတော့ အကောင်း ဘက်က တွေးပါမည် .... ဗိုလ်ချုပ် ပုံ ရင် ဘတ် ကြားထဲ မရောက်တော့ ဘူး ... ပုဆိုး ကပုံစထဲ မရောက်တော့ ဘူး ... ထမိန်ကြားထဲ လဲ အလိပ် မခံ ရတော့ ဘူး .... ပုဆိုးကြားထဲ လဲ အလိပ် မခံ ရတော့ ဘူး .... အဲဒါ မကောင်းဘူးလားဗျာ  .... ငွေကြေးအနေဖြင့် တန်ကြေး တစ် ခု ကို ကိုယ် စားပြုနေဖို့ သာလိုပါသည် .... နိုင်ငံ လွတ် လပ်ရေး ခေါင်းဆောင် များ ပုံတွေ ပါနေမှ ငွေကြေး မဟုတ် ပါ ဟု ပဲ ပြောချင်ပါသည် .....

ဆန္ဒပြမှု များ

မြန်မာနိုင်ငံ တွင် ၂၀၁၂ ခု နှစ်  နောက်ပိုင်းဆန္ဒ ပြ ကန့် ကွက် ခြင်း မခံရသည့် စီမံကိန်း ရှိပါ သလား မိတ်ဆွေ ... ကျွန်တော် တို့ မြန်မာနိုင်ငံ တွင် ဒီပုံ အတိုင်းသာ အစိုးရ လုပ်သမျှ ဆန္ဒပြကန့် ကွက်နေတော့ မည် လား .... ဒါဆိုရင်တော့ ပြောစရာတစ်ခုပဲ ရှိပါတော့ တယ် .... ရှေ့ မတိုးပဲနဲ့ ၁၈ ရာစု ကိုပဲပြန် သွားလိုက်ပါတော့ ... ဘာမှ ရင်းနီးမြုပ်နှံမှု လုပ်နေနဲ့ တော့ .... ဘာစီ မံ ကိန်းမှ လဲ မလုပ်နဲ့ တော့ .... ၁၈ ရာစု အတိုင်းပဲ နွားလှည်းနဲ့ သွား ... မြင်းနဲ့ သွား ... ရေနံဆီ မီးခွက် ထွန်းတော့ လို့ ပြောရတော့ မှာပေါ့ ....

မြင်သည့်အတိုင်း လွတ် လပ်စွာဝေဖန်ခြင်း ဖြစ်ပါသည် .... မည်သည့် ကိုမျှ မတိုက်ခိုက်ပါ ......

၄၄၄

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: