မျက်မမြင် ပုဏ္ဍား ၆ ယောက်
ဟိုစမ်းဒီစမ်း လုပ်ကြသလို မြန်မာနိုင်ငံ၏ ဆူပူမှုများ ကို လည်း ခေါင်း ကို
စမ်းသူက အစိုးရ၊ ကိုယ် ကို စမ်းသူက တပ်မတော်၊ ခြေကို စမ်းသူက တရုတ်
လုပ်ကြလေ သည်မှာ ရယ် စရာ ကောင်းပေစွ။ ယခင်က ဘာမှ စမ်းခွင့်မရကြသဖြင့်
ဘာသံမှ မထွက်။ ဆင်ကြီးလည်း အိနြေ္ဒ မပျက် ခဲ့။
၂၀၁၀ မှာ စနစ်တကျ ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေဖြင့် အစိုးရ အပြောင်းအလဲ ဖြစ်သည်။ သိသာ သည့် ပြုပြင် ပြောင်း လဲမှုများ တစ်ဆင့်ခြင်း လုပ်ဆောင်လို့ ကမ္ဘာ ကလည်း အာရုံစိုက် ရသည်။ နယ်စပ် များက လည်း မလှုပ်ရဲ။ ဒေါင်း အလံတွေ ဘယ်ဆီ ရှိမှန်းတောင် မသိရ။ သဘောထား ကြီးမားလှ စွာသော နိုင်ငံ့ခေါင်းေ ဆာင် ကြီးများက ထောင်ကျ ငမိုက်သားများကို တန်းစီ လွှတ်ပေး လိုက်၏။ အံ့သြ သင့်ဖွယ် ရောဂါမျိုးစုံ ပျောက်ပြီး လွှတ်တော်ထဲ ရောက်သူရောက်၊ သိန်းရာထောင် ရသူရဖြင့် မြန်မာနိုင်ငံ တွင်း ဆူပူမှုများ စတင်လေတော့သည်။
အစ ပထမတွင် ခေါင်းစဉ် ရှာမရကြသေး။ လယ်သမား၊ အလုပ်သမားများ ဘက်ကို လှည့်ကြ၏။ ဆူပူ ဆန္ဒ ဖော် ထုတ် ကြဆိုပြီး ကမ္ဘာနှင့်ချီသော ဥပမာများ ပေးကာ ဆူပူကြ၏။ ထိုဆူပူမှုများကို မည်သို့နှိမ်နှ င်းလေ့ ရှိ သည် ဆိုသော ကမ္ဘာနှင့်ချီသည့် အဖြစ်အပျက်များကို လယ်သမားတို့၊ အလုပ်သမားတို့ တစ်လုံး တစ်လေမှ မသိကြ။ မတူကွဲပြားခြင်းနှင့် ဘာဆိုသည့် ပါတီ ကြီးမှ နေမျိုးေ ၀တောင် အလုပ် လက်မဲ့ ဖြစ်ရ မတတ် ထောင်ထွက် များ စိုးမိုးကြလေသည်။
အန်တီစုကို ချစ်ပါတယ်။ အန်တီစုကြီး နားမှာ နေပါ့မယ် ဆိုပြီး နိုဘယ်လ် ဆုကြီး အရိပ်ခိုကာ ရနိုင် သမျှ ဆူပူခဲ့ကြ၏။ နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အံ့သြ သင့်ဖွယ် သည်းခံပေါင်း စည်းမှုကို သိလေသော အခါတွင်ေ တာ့ ထောင်မှ ထွက်လာသော ငမိုက်သားများ လုပ်စရာ မရှိကြတော့။ နယ်စပ်မှ ဆူပူဖို့ ပြန်ကြံ ရအောင် လည်း နယ်စပ် အားလုံးနီးပါးမှာ တပ်မတော်က ရှိနေသည်။ လွှတ်တော် တွင်း ၀င်ပြီး နိုင်ငံရေး လုပ်ရန်မှာ လည်း မည်သည့် အရည် အချင်းမှ မရှိ။ နောက်ဆုံးတော့ သပိတ်စုံ သူပုန်ထ ထောင်ပြန်ကျမှ ထမင်းဝတော့ မည်မို့ ဆူပူရေးသာ အဓိက ဖြစ်ကုန်ေ တာ့သည်။
ယခင်ကကဲ့သို့ ဒုက္ခသည်များ စီမံခန့်ခွဲရေး ပရောဂျက်များ ပြပြီး စီးပွားရှာဖို့ ကချင် အထိ သွားခဲ့သည့် ၈၈ ထောင်ထွက် များလည်း ရှိသည်။ ကချင် သွားစရာမလို ပြည် ပနေပြီး ပရောဂျက် ဆွဲစား သူများလည်း ရှိသည်။ ပြည်တွင်း ပြန်လာရန် လက်ကမ်းကြိုဆိုမှုများကြောင့် အချင်းချင်း ခွက်စောင်း ခုပ်ကြပြီး အတိတ် က အမှုနဲ့ ထောင်ထဲ ရောက်နိုင်သည့် အခြေ အနေများကြောင့် လန်ပြေးရသည့် သူများလည်း ရှိသည် ။ နောက်ဆုံး တွင် တော့ တစ်ခုတည်းသော အထောက်အပံ့မှာ တရုတ် လုပ်ငန်းများ ရပ်ဆိုင်းပြီး အနော က်နို င် ငံ များ နေရာ ရရေး ဆောင်ရွက်ပေး ရာမှ ရရှိလာသော ဘောက်ဆူးများပင်။
ဘောက်ဆူးလိုချင်သည့် အဖွဲ့များက လိုက်လံ လှုံ့ဆော်ပြီး ဆူပူကြသည်။ အာဏာ လိုချင်သည့် အဖွဲ့များ က မီး လောင် ရာ လေပင့်ကြဖြင့် ၂၀၁၂ ကာလအတွင်း မြိုင်မြိုင်ဆိုင်ဆိုင် ပွဲဆူကြသည်။ လယ်သမား များ ကို စည်း ရုံး သည်။ လယ်သမားများ မြို့ပေါ်တက် ဆူပူကြတော့ အလုပ်သမားများဘက်ကို လှည့်သည်။ အလုပ် သမားများ ကို မန္တလေး၊ရန်ကုန်၊ နေပြည်တော် စရိတ်ငြိမ်း စီစဉ်ပြီး နေရာမျိုးစုံမှ အကွက်ဖော်ကြ သည်။ ဆူပူကြ သည့် နေရာ တိုင်းတွင် အ၀ိုင်း ပါသည့် ခြေထောက် နာသည့် ဒေါင်းများ နေရာယူကြသည်။ ထိုဒေါင်းနောက်တွင် ကြယ် တစ်ပွင့်နှင့် ဒေါင်းတစ်ကောင် လိုက်သည် ။ဒေါင်းအလံ တိုင်း၏ သင်္ကေတနှင့် ကိုက် ညီစွာ အနီရောင် သွေးလွှမ်း ရမည်။ အ၀ါရောင် ဘုန်းကြီးပါရမည် ။
၈၈ က ပွင့်လင်းအမည် တပ်ကာ နယ်တစ်ကာကို လှည့်ပြီး ဆူပူအောင် ဖန်တီးသည်။ ဗကသ က သမဂ္ဂ အမည် တပ်ကာ ကျောင်းသားများကို စုစည်းဆူပူစေသည်။ ကြယ်တစ် ပွင့်နှ င့် ဒေါင်းကြီးက နယ် လှည့်ပြီး စည်းရုံးရေး ဆင်းကြ သည်။ အချိတ်အဆက် များစွာဖြင့် စီစဉ် အပြီးတော့ တစ်နိုင်ငံ လုံးလောင်မည့် မီးအ တွက် ဘုန်းကြီး များ ကို ထမင်းရိက္ခာ ရေသန့် အပြည့်အစုံ ဖြင့် ထောက်ပံ့ကာ ၀မ်ပေါင် ဂိတ်ဝ ပုဒ်မ ၁၄၄ ဧရိယာ အတွင်း ချထား လိုက်သည်။ ကျန်သည့်ေ နရာများမှ ပထမ စတေးခံ လယ်သမား ရွာသားများ ရိက္ခာပြတ် ကြသည်။
ဆူပူသူများ ရေသန့်တစ်ယောက် တစ်ဗူး ကိုင်ထားလျှင်ပင် ဘယ်ဘုန်းကြီးမှ မီးမလောင်စေသည့် အချိန် တွင် ရေလောင်း မီးငြိမ်းသည့် အဖွဲ့တစ်ယောက်မှ မရှိ။ မီးလောင်ပြီးသည့် ဘုန်းကြီး များကိုသာ ဓာတ်ပုံ တွင် တွင် ရိုက်ကြသည်။ ထို့နောက် တွင်တော့ မီးလောင်ဗုံး တံဆိပ် ကပ်သူကပ်၊ ကြေငြာချက် ထုတ်သူက ထုတ်၊ တစ်နိုင်ငံ လုံးအနှံ့ ဆူပူဖို့ စည်းရုံးကြ သူများက စည်းရုံးကြလေတော့သည်။
ရန်ကုန်၊မန္တလေး၊မုံရွာ မြို့ကြီးများ သံဃာအဖွဲ့ များမှ ကြေငြာချက် မျိုးစုံထုတ်သည်။ သံဃာ့ မဟာနာယက အဖွဲ့ ချုပ် ကြီးမှ မည်သည့်ကြေငြာချက်မှ မထုတ်။ လျှောက်တင်မည့် သူလည်း မရှိ။ တပ်မတော် သည် လည်း နယ်စပ်ေ ဒသများတွင် လုပ်စရာရှိသည်များကို ပုံမှန် လုပ်ဆောင်နေ သည်။ ကာချုပ်ကြီး သည် လည်း ကျောင်း ဆင်းပွဲများ တက်ကာ အပြုံးမပျက်။
စုံစမ်းရေး ကော်မရှင် ဥက္ကဌကြီးမှ အချိန်ကိုက် စည်းရုံးရေးထွက်သည်။ ပြည်တွင်း လှည့်၍ စည်း ရုံးပြီးနော က် ပြည် ပထွက်ပြီး မျက်နှာပြဖို့ လည်း လိုသေးသည်။ ၈၈ များကတော့ ၀င်ငွေကလည်း ခိုင်ပြီ၊ ပန်းချီ ဆွဲ၊ စာ အုပ် ထုတ်လျှင် ထမင်း စားဖို့ မပူရသည့် အတွက် မည်သည့် နေရာတွင်မှ ၀င်မပါတော့။ ကံကောင်း လျှင် တစ်ေ နရာ ၀င်ဦးနိုင် ဖို့ မြန်မာ ပတ်ကာ မျက်နှာပြရသည်။ ခရီးစရိတ်နှင့် ၈၈ အသုံးစရိတ်များ စပွန် ဆာ မြအေး တစ်ယောက် ကတော့ ဘင်္ဂလီများ ရိုဟင်ဂျာဖြစ်ရေး အတွက် ၈၈ အမည်သုံးရန် ကျန်သေးေ တာ့ နာမည်နှင့် အသုံး စရိတ် မခိုင်သေးသူများ အတွက် အားကိုးစရာ ဖြစ်နေပေသည်။
ဘုန်းကြီးများလည်း ဆူပူကြပြီ။ တစ်နိုင်ငံလုံးလဲ လှုပ်ရွနေပြီ။ မီဒီယာ များလည်း အင် အားဖြည့်ထားပြီး ဖြစ် သည်။ ယခုထိ အစိုးရမှ လည်း နောက် ကွယ်မှ မြှောက်ပင့် သူများ ရှိသည်ဆို ယုံကလွဲ၍ အဖြေ မထွက် ။ ဒေါ်အောင် ဆန်း စုကြည်လည်း အပြုံးမပျက် ခရီးထွက်ကာ နက်မောက်မြေတွင် အာဏာ အကြောင်ြးေ ပာ၍ ပါတီ စည်းရုံးရေး ဆင်းလျှက် ရှိသည်။
နောက်ဆုံးတွင်တော့ ဘုန်းကြီးများ ဆန္ဒပြ ဆူပူနေသည့် အခါ နိဂမခဏ်းထဲမှ မယ်တို့နယ်မှာ ဆွမ်းတသ ပိတ် မျှ မလွမ်းတဲ့ပြင်ချီ လေးချိုး စာသား အတိုင်း ကောင်းမျိုး အထွေထွေရယ်နဲ့ ချွန်စေမြစေစော၊ ဒေါင်း အိုးဝေရယ်လို့ တွန်စေ ကစေသော ဆိုတာလေးပဲ ဆိုနေချင်တော့သည်။
သာသနာ့အလံထက် ဒေါင်းအလံ ပိုအရေးကြီးတယ်
ထောင်ကားထဲလဲ အပြုံးမပျက်၊ ဘာကြောင့်လဲဆို ထမင်းမငတ်
တရုတ်၊အင်္ဂလိပ် အကုန်ရတယ်။ ဘင်္ဂလီတွေအတွက် ကုလားစာတော့ မတတ်
သံဃာ နည်းနည်းများများ၊ ဒေါင်းအလံကြီး ပါအောင်သာရိုက်
ကိုရင်တွေလည်း ဒေါင်းကိုကိုင်
ကာတွန်း ဒေသနာ ကျမ်းကြီးကို ကျေထားတာ
ဗျူးတာများမှ အလုပ်ဖြစ်မယ်။ ဦးဇင်းလည်း တရားမဟောဘဲ နာမည်ကြီးတာပေါ့
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။