Pages

Friday, December 21, 2012

“““ မြန်မာ - အမေရိကန် စစ်ရေး ပူးပေါင်းမှု စတင် ”””

ကမ္ဘာပေါ်မှာ စစ်ဘက်ဆိုင်ရာ အင်အားအကြီးမားဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနဲ့ စစ်ဘက် ဆိုင်ရာပူးတွဲလုပ်ဆောင်မှုတွေကို စတင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ အမေရိကန် ကာကွယ်ရေး ဌာန အဆင့်မြင့်အရာရှိတဦးက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုက မြန်မာစစ် အရာရှိတွေကို လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီ ထောက်ပံ့မှု၊ စစ်ဘက်ဆိုင်ရာ ဆေးဝါး၊ ကာကွယ်ေ ရး ဆိုင်ရာပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်ဖို့ စတဲ့ သင်တန်းတွေ ပေးပြီး နှစ်ဘက်ပူးပေါင်းဆောင်ရွက် မယ်လို့ အမေရိကန် ကာကွယ်ရေးဌာန အရာရှိက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပိုမို အားကောင်းစေဖို့ ဒီလုပ်ဆောင်ချက်တွေကိုလုပ်တာလို့ ဆိုပါတယ်။

နှစ်နိုင်ငံ စစ်ဘက်ရေးရာ ဆက်ဆံရေး အစပြုဖို့ ပင်တာဂွန်က စောင့်ကြည့်နေတဲ့အကြောင်းနဲ့ များမကြာ ခင်ကာလမှာ သင့်တင့်လျောက်ပတ်စွာ ချင့်ချိန်လုပ်ဆောင်တဲ့ ခြေလှမ်းတွေ လှမ်းတာကို မြင်တွေ့ရစေလိမ့် မယ် လို့ အမည်မဖော်လိုတဲ့ အဲဒီအရာရှိက သတင်းထောက်တွေကို ပြောပါ တယ်။ မြန်မာအစိုးရသ စ် ရဲ့ ပြပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့  မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ဒဏ် ခတ် မှုေ တွ ကို  ဆိုင်းငံ့ပေးခဲ့သလို သမ္မတအိုဘားမား ကိုယ်တိုင်လည်း  မြန်မာ နိုင်ငံကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး နှစ်စဉ် ပြုလုပ်နေတဲ့ (Cobra Gold) အမည်ရှိ  စစ်ဆင်ရေးလေ့ကျင့်ပွဲကို လာမယ့် နှစ်မှာ လေ့လာသူအဖြစ် လာရောက်ဖို့လည်း မြန်မာနိုင်ငံကို ဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာနဲ့ အမေရိကန် စစ်ရေး ပူးပေါင်း လုပ်ဆောင်ချက်တွေ ပိုမို များလာမယ်လို့  စစ်ရေးအကဲခတ် ဦးဌေးအောင်က ဆိုပါတယ်။

“မြန်မာအစိုးရက အစကတည်းက အမေရိကန်နိုင်ငံအပေါ်မှာ စစ်ရေးအရ အများကြီး အားကိုးခဲ့တဲ့ အနေအထားရှိတယ်။ အမေရိကန်နိုင်ငံက ၈လေးလုံးပြီးတဲ့ နောက်ပိုင်းမှာ လက်နက် ပိတ်ဆို့မှုတွေ စစ်ရေးဆက်ဆံမှုတွေ အဆက်ဖြတ်တဲ့အပေါ်မှာ သူတို့ဟာ တရုတ်နဲ့ ရုရှားတို့ကို ဆက်ဆံခဲ့ရတာလေ။ အခုကျတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် ပြန်လုပ်လာတဲ့ အပိုင်းမှာရော၊ နောက် အမေရိကန်ကလည်းပဲ ပစိဖိတ်ဒေသမှာ စစ်ရေးအရရော၊ နိုင်ငံရေးအရရော မဟာမိတ်တိုးချဲ့လာတော့ နှစ်နိုင်ငံစစ်တပ်ချင်း ပြန်ဆက်ဆံလာတဲ့ အနေအထားရှိတယ်။ ဒါကြောင့် အမေရိကန် တာဝန်ရှိသူတွေ ကိုယ်တိုင်က မြန်မာတပ်မတော်နဲ့ ဆွေးနွေးနေတာ ရှိတယ်။ နောက်ပိုင်းဆိုရင်လည်း မြန်မာ့တပ်မတော်နဲ့ အမေရိကန်တပ်မတော် ဆက်ပြီး နီးနီးကပ်ကပ် ဆက်ဆံသွားမယ့် အနေအထားမျိုးတွေ ပိုများလာမယ်လို့ ယူဆပါတယ်။”

လက်ရှိအနေအထားမှာ အမေရိကန်က မြန်မာ့တပ်မတော်ကို စစ်လက်နက်ပစ္စည်း မရောင်းဘူး လို့ကြေညာထားပေမယ့် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်နေပြီး ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်လာနိုင်မယ်ဆိုရင်တော့ ကန့်သတ်ထားတဲ့ စစ်လက်နက် ပစ္စည်းက လွဲလို့ ကျန်တဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ နည်းပညာတွေကို ပံ့ပိုးလာနိုင်တယ်လို့ ဦးဌေးအောင်က ထင်မြင်ချက် ပေး ပါတယ်။ “အခုလက်ရှိမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကိုယ်တိုင်က ကချင်ပြည် နယ်ကို သွားလေ့လာနေတဲ့ အနေအထားတွေတော့ ရှိတယ်လေ။ အဲလို ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့ အနေအထားမှာတော့ အမေရိကန်ရော အနောက်နိုင်ငံတွေကရော လက်နက်ပစ္စည်း ရောင်းချမယ့် အနေအထားမျိုးထိ မရောက်သေးဘူးလို့ ထင်ပါတယ်။”

ဒါဟာ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ရဲ့ အာရှ ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို တုံ့ပြန်နိုင်ဖို့ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်သလို တရုတ်အပေါ်အမှီအခိုများနေတဲ့ မြန်မာအပေါ် သူရဲ့ ဩဇာ တိုးချဲ့ဖို့ စီစဉ်နေမှုလို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ  မြန်မာနဲ့ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုတွေကို ဒီနှစ် အောက်တိုဘာလက စတင်ခဲ့ပြီး  အာရှ ပစိဖိတ်က အမေရိကန် ဒုတိယ ဗိုလ်ချုပ်ကြီး ဖရန့်စစ် ၀ီဟာဆင်စကီ (Francis Wiercinski) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာကို လာရောက် ဆွေးနွေးခဲ့ပါတယ်။ တရုတ်က အမေရိကန်တွေ နဲ့ မြန်မာတွေ အဆင်ပြေနေတာကိုမလိုလားတဲ့အတွက်ကြားခံအဖြစ် ကေအိုင်အေအဖွဲ့ကို အသုံးပြုပြီး လက်နက်ေ တွ ငွေကြေးတွေအကူအညီတွေပေးကာ အသုံးချနိုင်တယ်လို့ယူဆရပါတယ်။

DVB သတင်းဌာနမှကူးယူဖော်ပြသည်။

ကချင်နေစဉ်သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မြန်မာ - အမေရိကန် စစ်ရေး ပူးပေါင်းမှု စတင် ”””

Labels:

0 comments: