3.11.2012
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ စစ်တပ်က တပ်ဖွဲ့တစ်ဖွဲ့ဟာ ဖားကန့် အ နောက်ဘက် မှာ ရှိတဲ့ ဗလခရွာထိပ် ကို ရောက်တဲ့ အချိန်မှာ အနောက်ဘက် တောင်ကုန်းပေါ်ကနေ KIA တပ် ဖွဲ့ဝင် တွေဟာ လက်နက်ကြီး၊ လက်နက်ငယ် တွေ နဲ့ ၀ိုင်းပစ် ကြတယ် လို့ သိရပါတယ်။ စစ်တပ် က အင် အား နည်းနေလို့ ကောင်းကောင်း ပြန်မပစ်နိုင်ဘဲ နာရီဝက်လောက် အကြာမှာ တောင်ပြို ရွာ ဘက် ကို စစ် သားတွေ ရှောင်ထွက် သွားတယ်လို့ သိရပါတယ်။
KIAတပ်ဖွဲ့ဝင်တွေရဲ့ဝိုင်းဝန်းပစ်ခတ်မှုကြောင့်ဗလခရွာထဲကိုလက်နက်ကြီးကျည်ဆန်တစ်ချို့ကျရောက် ပေါက် ကွဲခဲ့လို့ စစ်သား ၁ ဦး ဒဏ်ရာ ရ သွားကြောင်း ကြားသိရပြီး ဗလခရွာ မှာနေထိုင်တဲ့ ဦးစံ လှ ၊၄၆ နှစ် ၊ မောင် မ ရီနော် မိုင်၊ ၁၂ နှစ်နဲ့ မောင်မရီဒွဲလာ ၈ နှစ်တို့ ၃ ဦးဟာ ကျောကုန်း၊ နောက် စေ့ နဲ့ လက်တွေ မှာ စုတ် ပြဲဒဏ် ရာတွေရပြီး ညနေ ၃ နာရီခွဲလောက်မှာ ဖားကန့် ပြည်သူ့ေ ဆးရုံ ကို ရောက်ရှိ လာကြောင်း ဆေး ရုံ ၀န် ထမ်း တစ်ဦးက ပြောပြပါတယ်။
ငြိမ်းချမ်းရေး ကို မလိုလားတဲ့ KIA အနေနဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ လုပ် တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာ အလေးအနက် ထား ဆွေးနွေးမှု မရှိတဲ့ အပြင် အေးချမ်း တည်ငြိမ်မှု ရှိနေပြီဖြစ် တဲ့ ဖားကန့်ဒေသမှာ စစ်တပ်ကို ချောင်းမြောင်း ပစ်ခတ်မှု တွေ ပြန်လည် ပြုလုပ်နေ လို့ ဒေသ ခံ ပြည် သူများ အနေနဲ့ အလွန် စိုးရိမ်ပူပန် လျက်ရှိကြောင်း သိရပါတယ်။
ကချင်သတင်း
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။