3.11.2012
ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့ အ နေဖြင့် အစိုးရတပ် များ နှင့် တိုက်ပွဲ ဖြစ်နေသော ကာ လ အတွင်း လူသစ် စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံ ခြင်း၊ စခန်းများ ပြုပြင်ရန် ရွာသားများကို အ တင်း အ ဓမ္မ ခိုင်းစေခြင်း စသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို အဆက် မပြတ် ဆောင်ရွက်လာ ပါသည်။
တိုက်ပွဲကာလ ကြာရှည်လာ ခြင်းကြောင့် ထိခိုက်ဒဏ်ရရ၊ သေဆုံးသူ များပြား လာခြင်း ကြောင့် လူသစ် စုခြင်း၊ စစ်ပွဲအတွက် လိုအပ်သော ငွေ များကို ကချင် လူထုကသာ ပေးဆောင် ရမည်ဆိုတဲ့ KIA ရဲ့အယူ အဆကြောင့် ကချင်ဒေသနေ ပြည်သူများမှာ အခွန်များကို မတရား ပေးဆောင် နေရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ က ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်းရှိ စတိုးဆိုင်များအား ဆက်ကြေးပေးသွင်းရန်စာများအား လိုက်လံဖြန့်ဝေခဲ့ပါတယ်။ ဟိုပင်မြို့ရှိ စတိုးဆိုင်တစ်ဆိုင်ကို ကျပ် ၂၅ သိန်းစီ ပေးဆောင်ရမှာ ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့ နောက်ဆုံး ထား ပေး ဆောင်ရမှာ ဖြစ်ပြီး အ ခွန်ငွေ ပေးဆောင်ရန် ပျက်ကွက်ပါက ပြင်းထန်စွာ အရေးယူမှာ ဖြစ်တယ်လို့ အခွန်ငွေ တောင်း ခံစာ မှာ ဖော်ပြထားပါ တယ်။
ကချင်နေစဉ်သတင်း
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။