Pages

Thursday, October 25, 2012

တကွဲတပြားဖြစ်နေသော မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိအောင် ဆောင်ရွက်ပေးမည်

နှစ်စဉ်ကမ္ဘာ တစ်ဝန်း တွင် ဘေးဒုက္ခနှင့် ပဋိပက္ခများ ကြောင့် မရေမတွက် နိုင်သော မိသားစုများ သည် တကွဲတပြား ဖြစ်နေကြကြောင်း သိရသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း သည် လူသားချင်း စာနာ ထောက်ထား သည့်အနေဖြင့် မိသားစုများ ကို အဆက်အသွယ် ပြန်လည် ရရှိအောင် ဆောင်ရွက်ပေး နေကြောင်း အောက်တိုဘာလ ၂၂ ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ နယူးဧရာ ဟိုတယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တို့ သြစတြေးလျနိုင်ငံ ကြက်ခြေနီအသင်း တို့ ပူးပေါင်း ဖွင့်လှစ်သည့် မိသားစု ပြန်လည်ဆက်သွယ် ပေးရေး သင်တန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်များ အရ သိရသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ၂၀၀၈ ခုနှစ် မေလတွင် မိသားစု ပြန်လည်ဆက်သွယ်ပေးရေး ယူနစ်ကို တည်ထောင်ခဲ့ပြီး သဘာဝဘေး ကြောင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည့် မိသားစုဝင်များအား ပြန်လည်ဆက်သွယ်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၂ ခုနှစ် မေ ၈ ရက်တွင် ပြည်ပရောက်ပြီး အကြောင်း အမျိုးမျိုးကြောင့် အဆက်အသွယ် ပြတ်တောက် နေသူများအား မိသားစု အချင်းချင်း အဆက်အသွယ် ပြန်လည် ရရှိအောင် စတင်ဆောင်ရွက် ပေးနိုင်ရန် ကြိုးစားခဲ့ကြောင်း၊ အမေရိကန်၊ သြစတြေးလျ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့မှ အကြောင်းကြားစာ (၇၇) စောင်ကို လက်ခံရရှိပြီး (၆၁) စောင်အတွက် မိသားစုနှင့် အဆက်အသွယ် ပြန်လည်ရရှိအောင် အခမဲ့ ဆောင်ရွက်ပေး ခဲ့ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။ မိသားစု ဝင်များ အကြား ခံစားနေရသည့် စိတ်ဆင်းရဲမှုနှင့် စိတ်ပင်ပန်းမှုများကို လျှော့ချနိုင်ရေး အတွက် တက်ရောက် နေကြသည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် အချိန် နှင့်တပြေးညီ ကူညီ ဆောင်ရွက်ပေး နိုင်ရေး အတွက် ကြိုးစား သင့်ကြောင်း ကိုလည်း ဆက်လက် ပြောကြားခဲ့သည်။

From :  မြန်မာ့အလင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

တကွဲတပြားဖြစ်နေသော မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိအောင် ဆောင်ရွက်ပေးမည်

Labels:

နှစ်စဉ်ကမ္ဘာ တစ်ဝန်း တွင် ဘေးဒုက္ခနှင့် ပဋိပက္ခများ ကြောင့် မရေမတွက် နိုင်သော မိသားစုများ သည် တကွဲတပြား ဖြစ်နေကြကြောင်း သိရသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း သည် လူသားချင်း စာနာ ထောက်ထား သည့်အနေဖြင့် မိသားစုများ ကို အဆက်အသွယ် ပြန်လည် ရရှိအောင် ဆောင်ရွက်ပေး နေကြောင်း အောက်တိုဘာလ ၂၂ ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ နယူးဧရာ ဟိုတယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တို့ သြစတြေးလျနိုင်ငံ ကြက်ခြေနီအသင်း တို့ ပူးပေါင်း ဖွင့်လှစ်သည့် မိသားစု ပြန်လည်ဆက်သွယ် ပေးရေး သင်တန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်များ အရ သိရသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ၂၀၀၈ ခုနှစ် မေလတွင် မိသားစု ပြန်လည်ဆက်သွယ်ပေးရေး ယူနစ်ကို တည်ထောင်ခဲ့ပြီး သဘာဝဘေး ကြောင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည့် မိသားစုဝင်များအား ပြန်လည်ဆက်သွယ်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၂ ခုနှစ် မေ ၈ ရက်တွင် ပြည်ပရောက်ပြီး အကြောင်း အမျိုးမျိုးကြောင့် အဆက်အသွယ် ပြတ်တောက် နေသူများအား မိသားစု အချင်းချင်း အဆက်အသွယ် ပြန်လည် ရရှိအောင် စတင်ဆောင်ရွက် ပေးနိုင်ရန် ကြိုးစားခဲ့ကြောင်း၊ အမေရိကန်၊ သြစတြေးလျ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့မှ အကြောင်းကြားစာ (၇၇) စောင်ကို လက်ခံရရှိပြီး (၆၁) စောင်အတွက် မိသားစုနှင့် အဆက်အသွယ် ပြန်လည်ရရှိအောင် အခမဲ့ ဆောင်ရွက်ပေး ခဲ့ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။ မိသားစု ဝင်များ အကြား ခံစားနေရသည့် စိတ်ဆင်းရဲမှုနှင့် စိတ်ပင်ပန်းမှုများကို လျှော့ချနိုင်ရေး အတွက် တက်ရောက် နေကြသည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် အချိန် နှင့်တပြေးညီ ကူညီ ဆောင်ရွက်ပေး နိုင်ရေး အတွက် ကြိုးစား သင့်ကြောင်း ကိုလည်း ဆက်လက် ပြောကြားခဲ့သည်။

From :  မြန်မာ့အလင်း
0 comments: