ဒီသီတင်းပတ်အတွင်း ကမ္ဘာကျော်တဲ့ အတွေးအခေါ် ပညာရှင်အဖြစ် ကျော်ကြားလာတာကတော့ KIA က ဦးလနန် ဖြစ်ပါတယ်။
သူ့ရဲ့ တိုင်းပြည်တစ်ခုထဲမှာ စစ်တပ်အမျိုးမျိုး ထားရှိရေးဆိုတဲ့ ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်ကြောင့် ကမ္ဘာ့စစ်ရေးပညာရှင်တွေ၊ ဥပဒေရေးရာပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေ အကြား မှာ ရေပန်း စားလာ ပါ တယ်။
အင်္ဂလန်နိုင်ငံ ဆင်းဟတ် စစ်တက္ကသိုလ်က ပါမောက္ခတစ်ဦးက"ဦးလနန်ရဲ့ အဆိုပြုချက်ဟာ အင်မ တန် မော် ဒန်ကျပါတယ်။ ကျွန်တော်တို့ သေချာသုံးသပ်ရမှာပါ" လို့ပြောသွားပြီး အမေရိကန် ဆီနေတာ တစ်ယောက်ကလည်း "ဘယ်နိုင်ငံမှ မရှိသေးတဲ့ ပုံစံသစ်မို့ ဝေဖန်ဆွေးနွေးဖို့ဆိုတာ ခက်ခဲတယ်" လို့ ပြောပြီး အဖြေပေးဖို့ ငြင်းဆန်သွားပါတယ်။ တရုတ် စစ်ကော်မရှင် အဖွဲ့ဝင် ဗိုလ်ချုပ်တစ်ယောက် ကတော့ "အလေးအနက်ထားပြီး ဆင်ခြင်ရမယ့် မူအသစ်" လို့ မယုတ်မလွန်ဆိုပြီး။ နာမည်ကျော် ဥပဒေ ပညာရှင် တစ်ဦးကတော့ "ဦးလနန်ရဲ့ အတွေးအခေါ်ဟာ ဥပဒေသမား တစ်ယောက်ရဲ့ ဦးနောက် ကို လှုပ်နိုး လိုက်တာပဲ" လို့ဆိုခဲ့ပါတယ်။
မာဟာကြောင်
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။