Pages

Friday, October 26, 2012

ပြည်ပမီဒီယာမှ အသရေ ဖျက်လျှင် ဘာလုပ်မှာလဲ

26.10.2012

ပထမ အကြိမ် အမျိုးသား လွှတ်တော် ပဉ္စမ ပုံမှန် အစည်း အဝေး ပဉ္စမ နေ့ကို အောက် တိုဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ လွှတ်တော် အဆောက် အအုံ အမျိုးသား လွှတ်တော် ခန်းမ ၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း အပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ၁၉၉ ဦးတို့ တက်ရောက်ကြ သည်။

ရှေးဦးစွာ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးလှ ဆွေ၏ မေးခွန်းများနှင့် စပ် လျဉ်း ၍ ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်လည် ဖြေကြားသည်။ ပထ မမေး ခွန်ြး ဖစ်သည့် ပြည်ပမီဒီယာများမှာ မြန်မာနိုင်ငံအတွင်းမှ ပြည်သူ တစ်ဦး တစ်ယောက် ဖြစ်စေ၊ အဖွဲ့ အစည်း တစ် ရပ် ရပ် ကိုဖြစ်စေ ထိခိုက်အောင်၊ သိက္ခာ ကျအောင် အသရေ ဖျက် ပြောဆိုလာလျှင် မည်သည့်ပုဒ်မနှင့် အရေး ယူ မည်ကို သိရှိ လိုကြောင်း မေးမြန်း ချက်နှင့် စပ်လျဉ်း၍ ပြည်ပမှ ထုတ် လွှင့်သော အသံလှိုင်း များ သည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး မြန်မာနိုင်ငံတွင် ရေဒီယို ဖွင့်ပါ က ပြည် သူ တိုင်း ကြားရသော အသံ လှိုင်း ဖြစ်နေ လျှင် ပြည်ပတွင် ထုတ်လွှင့်ခြင်း ဖြစ်သော် လည်း မြန်မာနိုင်ငံ အတွင်း ၌ သက်ရောက် မှု ရှိသဖြင့် မြန်မာနိုင်ငံ တရားရုံး များ စီရင် ပိုင်ခွင့် အတွင်း ကျရောက် ပါကြောင်း၊ အသရေ ပျက်စေခြင်း (Libel)မှု ကျူးလွန် ကြောင်းဖြင့် တရားစွဲ ဆိုမည် ဆိုပါက ငွေကြေး၊ ပစ္စည်း မည်မျှနစ်နာ ဆုံးရှုံးရကြောင်း သက်သေပြရန်မလိုဘဲ တရားမနစ်နာမှုဥပဒေ (Law of Tort) ဖြင့် တရားစွဲနိုင်ခွင့် ရှိပါကြောင်း၊ ယင်းဥပဒေမှာ အပြည်ပြည် ဆိုင်ရာ တွင်လည်း ယဉ်ပါး နေပြီး ကျင့်သုံး နေ သည့် ဥပဒေဖြစ်ပြီး ယခင်က စီရင်ထုံးများလည်း ရှိပါကြောင်း။ သို့ရာတွင် တရားစွဲမည်ဆိုပါက စွပ်စွဲခံ ရသူမှာ ပြည်ထောင်စ သမ္မတ မြန်မာနိုင်ငံတော် တရားရုံး များ၏ စီရင် ပိုင်ခွင့် နယ်မြေ ပြင်ပတွင် နေထိုင် လုပ်ကိုင် နေသူများ ဖြစ်နေလျှင် ယင်းတို့ အပေါ် စီရင် ပိုင်ခွင့် ရှိသည့် ပြင်ပ တရား ရုံးတွင် တရားစွဲ ဆိုမှသာ တရားရုံး စီရင် ချက်ကို အတည် ဖြစ်နိုင်မည် ဖြစ်သဖြင့် အကျိုး ဖြစ်ထွန်း မှုရှိ/ မရှိကို မူထည့်သွင်း စဉ်းစားရန် လိုကြောင်းဖြင့် ဖြေကြား ခဲ့သည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: