အမျိုးသားစည်းလုံညီညွတ်ရေး မရဘဲမြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ကြောင်း အိုဘားမား က ၎င်း၏ မိန့် ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
မြန်မာ တပ်မတော် အဆင့်မြင့်မားစေရန်ကူညီမည်ဖြစ်ကြောင်း၊ မြန်မာ့ပညာရေးတိုးတက်လာစေရန်နှစ်နိုင် ငံေ ကျာင်း သားများ အပြန်အလှန်လေ့လာရေးလုပ်ဆောင် ပေး မည် ဖြစ်ကြောင်း အိုဘားမား က ပြော ကြား သည်။
မြန်မာနိုင်ငံသို့
တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတ
ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင် ဆန်းစုကြည် အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့
တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက် ဆံေ ရး ၊ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော
ဒီမိုကရေစီရေး ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ နာရီဝက် ခန့်
ေ တွ့ ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီ က လင် တန်လည်း ပါဝင်ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦး သည် ဒေါ်အောင်ဆန်းစုကြည်နေ အိမ်အ တွင်း တွေ့ ဆုံဆွေးနွေးပြီးနောက်
ပြည်တွင်းပြည်ပ မီဒီယာများအား တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မှတ် ချက်စကားများ
ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က
ဦးစွာ ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။
"ကျမအမေရိ ကန် သမ္မတ အိုဘားမားကို ကျမတို့နိုင်ငံ ကျမရဲ့ အိမ်မှာ ကြိုဆိုရတာ
အရမ်းဝမ်းသာပါတယ်။ ကျမ တို့ နှစ် နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းရှည်ကြာစွာကတည်းက
တည်ရှိခဲ့ပါတယ်။ အမေရိ ကန် ပြည်ေ ထာင်စုဟာ မြန်မာ နိုင်ငံ ဒီမိုကရေစီရေး
ကြိုးပမ်းမှုမှာ ထောက်ခံခဲ့ပါတယ်။ ရှေ့မှာရှိနေတဲ့ ခက် ခဲ တဲ့
နှစ်များတစ်လျောက်လုံးမှာလည်း ဒီထောက်ခံမှုမျိုး ဆက်လက်ရှိနေလိမ့်မယ်လို့ ကျမတို့
ယုံကြည်ပါ တယ်။ မည်သည့်အကူးအပြောင်းတွင်မဆို အခက်ခဲဆုံး အချိန်ကာလမှာ
အောင်မြင်မှုကို မြင်တွေ့ရပြီ လို့ ထင်တဲ့ အချိန်ပါပဲ။ ကျမတို့ အနေနဲ့ အောင်မြင်မှု
တံလျှပ်ရဲ့ ဖျားယောင်မှု မခံရဖို့ အထူးဂရုစိုက်ဖို့ လိုပါ တယ်။ စစ်မှန်သော
အောင်မြင်မှုတွေ ရဖို့အတွက် ကျမတို့ နှစ်နိုင်ငံအကြားနှင့် ပြည်သူနှစ်ရပ်အ ကြား
ဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျမတို့ဟာ လုပ်ရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း
တိုင်ပင်ေ ဆွးနွေးပြီး လုပ်ဆောင်ရပါမယ်။ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ်
ခရီးစဉ်ဟာ နှစ် နိုင်ငံအ ကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး
မြန်မာနိုင်ငံရဲ့ ဦးတည်ရာကိုလည်း မှန်ကန်စေလိမ့်မယ် လို့ ယုံကြည်ပါတယ်။ ကျမအနေနဲ့
အမေရိကန်ပြည်ထောင်စု အစိုရနဲ့ တတ်နိုင်သမျှ ဆက်သွယ်ဆောင် ရွက်သွားပါမယ်။" ဟု
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
"မြန် မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ဖေါ်ဆောင်နေသော
ဒီမိုကရေစီရေး အရှိန်အဟုန်ကို ထိန်း နိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ
ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း တရား ဥပဒေစိုးမိုးရေး
ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ
ပညာရေး၊ ကျန်း မာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ
ပိုမိုရရှိစေရေး သေချာစေခြင်းတို့ ပါဝင်ပါ တယ် ။ ကျွန်တော်အနေနဲ့ ဒီနိုင်ငံက
ပြည်သူတွေကို ကတိ ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အေ န နဲ့
ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ
ပြုပြင်ပြောင်း လဲရေး ကို ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက
ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက် ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်မှု ရဖိုအတွက် ကျွန်တော် တို့ အနေနဲ့ တတ်နိုင်သမျှ
အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘား မားက
ပြောကြားခဲ့ပါသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။