Pages

Tuesday, October 30, 2012

" စစ်ကားစိမ်းကြီး ပေါ်က မတစ်ထောင်သားတွေ တစ်ချို့ မြေသြဇာ ဖြစ်သွားပြီ ဆိုတာ သူတို့ မသိဘူး "



TE 11 နောက်က မတစ်ထောင်သားတွေရဲ့ မျက်လုံးတွေကို
အဲဒီစကတ်တိုမလေးတွေက ပြန်ကြည့်တယ်
အညိုပုပ်ရောင်လေလှိုင်းတွေပေါ့
ပုပ်အဲ့အဲ့ နံတယ်..............။
လဘ္ဖက်ရည်ဆိုင်မှာ မီးခြစ်တောင်းတော့
ဆိုင်ထဲက အရွှယ်ကောင်းလူရွှယ်တွေက ဆတ်ခနဲ ကြည့်တယ်
ကမ္ဘာ့ဝင်ရိုးလိုပေါ့..
၂၃ ဒီဂရီ ၂ ပိုင်းဆပိုင်း ခပ်စောင်းစောင်းလေး............
မိုးဖြောက်ကြားမှာ ထမင်းတနှပ်အတွက် မီးမွှေးတော့
ကျောင်းကြိုပြန်တဲ့ အမိသည်က လက်ညိုးထိုးပြီးပြောတယ်
"သား ပညာမတတ်ရင် အဲဒီစစ်သားကြီးတွေလိုဖြစ်မယ်"
မိုးကြိုးဆိုတာ ၆ပေအောက်လေထုမှာလဲ ပစ်တတ်သေးတော့
ရေပြင်ညီအတိုင်း ထွက်တယ်။
မြို့လေးကတော့ ညဘက်အမဲလိုက်ပွဲအတွက် ကာလာရောင်စုံနဲ့
ခြေဆန့်နေခဲ့ပြီ ။
တစ်ချို့အတွက်ကတော့ ဆည်းဆာနဲ့အပြိုင် မိသားစုလမ်းလျှောက်ပွဲပေါ့
ဒီလိုပါပဲ နှလုံးသားတစ်ချို့ကို ဈေးတင်ပြီး လေလံတင်တဲ့ အခါသမယ...
.....................

မီးခိုးလုံးမွန်တဲ့ ဟောဒီ ကားတန်းပေါ်မှာ
တိတ်ဆိတ်မှူကိုလေးလံစွာထမ်းတဲ့
အစိမ်းရောင် ခြံစည်းရိုးတိုင်တွေ ပါတယ် အမေ ။
မြို့ကလေးကိုနှူတ်ဆတ်တော့ တာ့တာပြမဲ့လူ မရှိဘူး
နေမင်းက အိပ်တော့ဖို့ခေါင်းမြီးခြုံတော့
သွေးဆာသူလိုသတ်မှတ်ခံရသူတွေ
အရှေ့ဘက်ကို ခရီးထွက်ရတယ်။
ဒါ ဖြစ်မြဲပဲလေ။
ရာဇဝင်ထဲမှာတော့ ဦးဆွေးဆံမြည့် တဲ့..
၂၁ရာစုရဲ့ ဟောဒီ အခွံစိမ်းကို ဖွင့်ပြခွင့်ရရင်
ရင်ဘတ်တစ်ခုလုံး ဆွေးနေမယ်...။
........................
......................
......................
တစ်မိုးကုန်တော့
ဒီမြို့ကို ပြန်ရောက်တယ် ။
ပေါင်တိုမလေးတွေ အကြည့်က ညိုဆဲ
လဖ္ဘက်ရည်ဆိုင်တွေထဲက အကြည့်တွေက စောင်းဆဲ
ကျောင်းတတ်တဲ့ကလေး စာကြိုးစားနေပြီလား
ဒါပေမယ့်...
စစ်ကားစိမ်းကြီးပေါ်က မတထောင်သားတွေတစ်ချို့
မြေသြဇာဖြစ်သွားပြီ ဆိုတာ သူတို့ မသိဘူး မေမေ။

ငှက်ခါး

(ရှေ့တန်းသို့အသွား မြို့ကလေးတစ်မြို့မှာ ကားရပ်နားစဉ်တညနေချိန်ခါမှာ တပ်ခွဲမှူးတစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေး ကို ရေးဖွဲ့ခဲ့ ပါသည်)

2 comments:

  1. အကိုရေကျေးဇူးတင်ပါတယ်.......ကျွန်တော်ဖတ်သွားတယ်နော်
    နောင်လည်းအားပေးနေပါမယ်........

    ReplyDelete

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

" စစ်ကားစိမ်းကြီး ပေါ်က မတစ်ထောင်သားတွေ တစ်ချို့ မြေသြဇာ ဖြစ်သွားပြီ ဆိုတာ သူတို့ မသိဘူး "

Labels:


TE 11 နောက်က မတစ်ထောင်သားတွေရဲ့ မျက်လုံးတွေကို
အဲဒီစကတ်တိုမလေးတွေက ပြန်ကြည့်တယ်
အညိုပုပ်ရောင်လေလှိုင်းတွေပေါ့
ပုပ်အဲ့အဲ့ နံတယ်..............။
လဘ္ဖက်ရည်ဆိုင်မှာ မီးခြစ်တောင်းတော့
ဆိုင်ထဲက အရွှယ်ကောင်းလူရွှယ်တွေက ဆတ်ခနဲ ကြည့်တယ်
ကမ္ဘာ့ဝင်ရိုးလိုပေါ့..
၂၃ ဒီဂရီ ၂ ပိုင်းဆပိုင်း ခပ်စောင်းစောင်းလေး............
မိုးဖြောက်ကြားမှာ ထမင်းတနှပ်အတွက် မီးမွှေးတော့
ကျောင်းကြိုပြန်တဲ့ အမိသည်က လက်ညိုးထိုးပြီးပြောတယ်
"သား ပညာမတတ်ရင် အဲဒီစစ်သားကြီးတွေလိုဖြစ်မယ်"
မိုးကြိုးဆိုတာ ၆ပေအောက်လေထုမှာလဲ ပစ်တတ်သေးတော့
ရေပြင်ညီအတိုင်း ထွက်တယ်။
မြို့လေးကတော့ ညဘက်အမဲလိုက်ပွဲအတွက် ကာလာရောင်စုံနဲ့
ခြေဆန့်နေခဲ့ပြီ ။
တစ်ချို့အတွက်ကတော့ ဆည်းဆာနဲ့အပြိုင် မိသားစုလမ်းလျှောက်ပွဲပေါ့
ဒီလိုပါပဲ နှလုံးသားတစ်ချို့ကို ဈေးတင်ပြီး လေလံတင်တဲ့ အခါသမယ...
.....................

မီးခိုးလုံးမွန်တဲ့ ဟောဒီ ကားတန်းပေါ်မှာ
တိတ်ဆိတ်မှူကိုလေးလံစွာထမ်းတဲ့
အစိမ်းရောင် ခြံစည်းရိုးတိုင်တွေ ပါတယ် အမေ ။
မြို့ကလေးကိုနှူတ်ဆတ်တော့ တာ့တာပြမဲ့လူ မရှိဘူး
နေမင်းက အိပ်တော့ဖို့ခေါင်းမြီးခြုံတော့
သွေးဆာသူလိုသတ်မှတ်ခံရသူတွေ
အရှေ့ဘက်ကို ခရီးထွက်ရတယ်။
ဒါ ဖြစ်မြဲပဲလေ။
ရာဇဝင်ထဲမှာတော့ ဦးဆွေးဆံမြည့် တဲ့..
၂၁ရာစုရဲ့ ဟောဒီ အခွံစိမ်းကို ဖွင့်ပြခွင့်ရရင်
ရင်ဘတ်တစ်ခုလုံး ဆွေးနေမယ်...။
........................
......................
......................
တစ်မိုးကုန်တော့
ဒီမြို့ကို ပြန်ရောက်တယ် ။
ပေါင်တိုမလေးတွေ အကြည့်က ညိုဆဲ
လဖ္ဘက်ရည်ဆိုင်တွေထဲက အကြည့်တွေက စောင်းဆဲ
ကျောင်းတတ်တဲ့ကလေး စာကြိုးစားနေပြီလား
ဒါပေမယ့်...
စစ်ကားစိမ်းကြီးပေါ်က မတထောင်သားတွေတစ်ချို့
မြေသြဇာဖြစ်သွားပြီ ဆိုတာ သူတို့ မသိဘူး မေမေ။

ငှက်ခါး

(ရှေ့တန်းသို့အသွား မြို့ကလေးတစ်မြို့မှာ ကားရပ်နားစဉ်တညနေချိန်ခါမှာ တပ်ခွဲမှူးတစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေး ကို ရေးဖွဲ့ခဲ့ ပါသည်)
2 comments:

အကိုရေကျေးဇူးတင်ပါတယ်.......ကျွန်တော်ဖတ်သွားတယ်နော်
နောင်လည်းအားပေးနေပါမယ်........


ဟုတ်ကဲ့ ပါ ....


Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။