Pages

Friday, November 30, 2012

“““ မီဒီယာ လှည့်ကွက်မှာ ပြည်သူတွေ မနစ်မြုပ်စေချင် ”””

လာပြန်ပြီ လက်ပံတောင်းတောင်ကိစ္စ.. ဒီတခါတော့မပြောမဖြစ်ပြောရတော့မယ်.. မဆီမဆိုင် သမ္မတကြီး လဲ အစော်ကားခံရတာ လွန်နေပြီ... တန်ဆောင်မုန်း လပြည့်နေ့ ညမှာ ဘုန်းကြီးတွေကို မီးခိုးဗုံး နဲ့ပြစ်လို့ ဘုန်းကြီး တ ချို့ မီးလောင် ဒဏ်ရာရသွား တယ်ကြားလိုက်ရတယ်.. အဲ့ အတွက်တော့ စိတ်မကောင်းဖြစ်ရပါတယ်..

ဒါပေမဲ့ ပြည်သူတွေ ထင်သလို သမ္မတဦးသိန်းစိန် လွန်တာမဟုတ်ပါဘူး ..ကြေးနီစီမံ ကိန်းကိစ္စကို လွှတ်ေ တ်ာမှာ အတည်ပြုပြောကြားသွားပြီးပါပြီ.. လွှတ်တော်အမတ်တစ်ဦးမှ ကြေးနီ စီမံကိန်း ၏ လုပ်ကွက်များ ကို( မီဒီယာများ၏နောက်ကွယ်မှကြိုးကိုင်မှုများခေါင်းစဉ်ဖြင့် ) သက်သေပုံများနှင့် တကွ အဆိုတင် သွင်း ခဲ့ပါတယ်.. အဲ့ဒီ အဆိုမှာ မီဒီယာများမှ တောင်သူ များအား မည်ကဲ့သို့ ငိုရန် မည်ကဲ့သို့တောင်းဆိုရန် မီဒီ ယာသမားများက သင်ပေးနေတဲ့ပုံတွေကို projector ဖြင့် လွှတ်တော်အမတ်တွေကို တင်ပြခဲ့ပါတယ်.. ထို့နောက် လွှတ်တော်အမတ်က ဆက်လက်တင်ပြသွားပါသေးတယ်..ဘုန်းကြီး အယောက် ၄၀ ခန့် ( ဘုန်းကြီးအစစ် သို့ အတု ) နဲ့ ရွာသားအချို့ စီမံကိန်းနယ်မြေမှာ လာရောက်နေထိုင်နေ ကြပါတယ်. .ဒါေ ကြာင့် လုပ်ငန်းလုပ်မရဖြစ်နေဆိုတဲ့အကြောင်း..တစ်လကို ဒေါ်လာ ၂ သန်း ခန့်ဆုံးရှုံးနေရကြောင်း လွှတ်ေ တ်ာမှာတင်ပြခဲ့ပါတယ်...

ဒါကြောင့်နောက်တကြိမ် လွှတ်တော်မှာ ဆွေးနွေးကြပါတယ်..ယခုကိစ္စဟာ မီဒီယာတွေ သွေးထိုးေ ပးနေ တာသေချာတဲ့အတွက် စီမံကိန်းနယ်မြေထဲမှာရှိနေတဲ့လူတွေကို နှင်ထုတ်ဖို့.. ဘယ်လိုနှင် ထုတ်ကြ မလဲ ဆိုရင် ပထမ ထွက်ဖို့ ရက်အကန့်အသတ်နဲ့ သတိပေးမယ်..ဒုတိယအဆင့် မီးသတ်ပိုက်နဲ့ ထိုးမယ်.. တတိ ယအဆင့် မျက်ရည်ယို ဗုံးသုံးမယ်..နောက်ဆုံးမရရင် မီးသေနတ်သုံးပြီးခြောက် လှန့်ဖို့ပါ. .အထက် ပါအ တိုင်း လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်အမတ်အားလုံး သဘောတူ ကြောင်း ဆန်ဒပြုခဲ့ပါတယ်..ဒါနဲ့ ရက်ချိန်ပေးထားတဲ့အတိုင်းဝါဆိုလပြည့်ညမှာ စတင်နှင်ထုတ် ပါတယ်..အဲ့ ဒီမှာ ဘာသွားတွေ့လဲဆိုတော့ ကနဦး ဆန်ဒပြနေတဲ့ဘုန်းကြီးနဲ့ရွာသားအချို့ဟာ ပျောက်ချင်းမလှပျောက်ပြီး ထိ ခိုက်ဒဏ်ရာရထဲ့အထဲမှာပါမသွားပါဘူး..ဒါလဲစဉ်းစားစရာဖြစ်လာပါတယ်..ဒါ့အပြင်နောက်ကွယ်ကသွေး
ထိုးနေတဲ့ မီဒီယာသမားတွေ (DVB , BBC , RFA , Irrawaddy) တို့ဟာလဲ လက်ဝါးချင်း ရိုက်ထား သည့် အ လား ကမ္ဘာသိအောင် ဓါတ်ပုံတွေဖွကြပါတယ်..The Voice , Weekly Eleven လိုအတင်းဂျာနယ်တွေ လဲအပါအ၀င်ပါပဲ..The Voice , Weekly Eleven ဂျာနယ်ကမီဒီယာသမားတွေကိုမေး ချင်ပါ တယ်..ဘာေ ကြာင့် လွှတ်တော်မှာ အတည်ပြုချက်တွေနဲ့ အထက်ပါ ကြိုးကိုင်နေမှုတွေကို သိသိရက်နဲ့ အများပြည် သူ သိအောင်ဘာ့ကြောင့် သတင်းမထဲ့ရပါသလဲ? ငှင်းဂျာနယ်တွေဟာ အမြဲလိုလို အစိုးရမကောင်းကြောင်းကို မသေချာလဲထဲ့နေတဲ့ဂျာနယ်တွေပါ..ဘာကြောင့် အခုလို လွှတ်တော်မှာအတည်ပြုပြီးတာကို မထဲ့သ လဲ ဆိုတာစဉ်းစားလို့မရပါ ( လွှတ်တော်မီးပျက်တဲ့သတင်းတော့ ကမ္ဘာသိအောင်ဖွလိုက်ကြတဲ့ဂျာနယ်တွေ )... အထက်ပါ ကိစ္စတွေ လည်းပြီးရော နှမ်းဖြူးမယ်တော် ဒေါ်စု လက်ပံတောင်း ကိုသွားပါတယ်.. နောက်ဆုံး ဦးသိန်းစိန်က လူကြမ်းကြီး ဖြစ်ပြီး ဒေါ်စုကတော့ မင်းသမီး ဖြစ်သွားပါတယ်.........

မြန်မာ လူမျိုးတွေက သူများ ဟေး ဆိုနောက်ကလူတွေလဲ လိုက်ပြီးဘုမသိဘမသိ လိုက် ဟေး ကြပါတယ်။ ဒါကြောင့် ယခု တကယ် ခံလိုက်ရတာက ဘုန်းကြီးတွေနဲ့ ပြည်သူပြည်သား တွေဖြစ်ပြီး ကြိုးကိုင်နေတဲ့ ဘုန်း ကြီး အတုတချို့ နဲ့ ရွာသားတွေဟာ အစအနတောင် ရှာမရအောင် အစောကြီးထဲက ပြေးသွားပါပြီ။ တရုတ်နဲ့ ပူးပေါင်းလုပ်ကိုင်တာတော့ ကျနော်လဲ မကြိုက်ပါဘူး..အရင်က မြန်မာနိုင်ငံကို စီးပွားရေး ပိတ် ဆို့ထားတဲ့အတွက် တရုတ်သာပူးပေါင်းရာဖြစ်ပါတယ်..ယခုလိုဖြစ်ရပ်မျိုးဖြစ်သွားတဲ့အတွက် မြန်မာနိုင်ငံကို တခြားနိုင်ငံတွေကဘယ်လိုအယုံအကြည်နဲ့ ဆက်ပြီးလက်တွဲကြတော့မလဲ?? ရှေ့ဆက်တွေးကြည့်ရင် မြန် မာ ပြည်ရဲ့ဝင်ငွေတွေတော်တော်ထိခိုက်သွားနိုင်ပါတယ်..ကျူးကျော်သူတွေကိုတိုက်ခိုက်ဖို့ စစ်လက်နက် ၀ယ် ဖို့ အသုံးစရိတ်တွေဘယ်လိုဆက်ရှာမလဲ? ဒါတွေလဲစဉ်းစားစရာဖြစ်ပါတယ်..

အစိုးရကဘာလို့ဒီလောက်ရက်စက်တာလဲလို့မေးအုံးမလို့လား...ဒါဆိုကျနော်ကလဲပြန်မေးလိုက်ချင်တယ်.. အမေရိကန် , ထိုင်း စတဲ့နိုင်ငံတွေမှာကော ဆူပူမှုဖြစ်ရင်ဘယ်လိုထိန်းချုပ်ပါသလဲ?? သမ္မတ ဦးသိန်းစိန် ဧရာဝတီမြစ်ဆုံကိစ္စမှာဘယ်လိုဖြေရှင်းခဲ့လဲအားလုံးသိပါတယ်...ယခုကိစ္စက ပြည်တွင်းဆူပူမှု ဖြစ်အောင်ေ နာက် ကွယ်က ကြိုးကိုင်မှုတွေရှိနေတာဖော်ထုတ်နိုင်ခဲ့လို့ ယခုလိုတုန့်ပြန်ရတာပါ။

ကျနော်မေးခွန်း ၂ ခုမေးချင်ပါတယ်.. ဖြေပေးစေလိုပါတယ် ... "ယခုဖြစ်သွားတဲ့ ကိစ္စတွေနောက်မှာ ကြိုး ကိုင်နေတဲ့ သူများဘူးလို့ အာမခံနိုင်တဲ့သူများ ရှိပါသလား? ပထမဦးစွာ ဆန်ဒပြ တဲ့ဘုန်းကြီး တွေ ဟာ ဘုန်း ကြီး အတုတွေ မပါဘူးဆိုတာ အာမခံနိုင်ပါသလား?? "

နောက်ဆုံးပြောချင်တာက သမ္မတဦးသိန်စိန်မှာအကြီးမားဆုံး ဟာကွက်ကြီးရှိနေတယ်ဆိုတာပါပဲ .. ယခု လို နောက်ကွယ် ကကြိုးကိုင်မှုတွေ ကို သိသိနဲ့ ပြည်သူတွေကို အသိမပေးနိုင်မှု.. မီဒီယာတွေ ကနေ သ တင်းမဖြန့်နိုင်မှု ကြောင့် အများပြည်ရဲ့ အထင်မှားမှုကို ခံလိုက်ရတယ် ဆိုတာသာဖြစ်ပါကြောင်း ....

( တွေးမိသမျှချ ရေးထားခြင်းသာဖြစ်ပါသည်...ဆွေမျိုးထဲမှာ စစ်ဘက်ကမပြောနဲ့ စလုံးနဲ့စတဲ့ လူတောင် မ ပါ ဘူး... မကျေနပ်ပါက comment တွင် ဆဲဆိုမှုများမပါပဲ ခိုင်မာသော အချက်များဖြင့် ပေါက်ကွဲသွား နိုင် ပါသည်...မြန်မာပြည်သူပြည်သားများ မီဒီယာသမားများ၏ လုပ်ဇာတ်အောက်တွင် မနစ်စေဖို့ ဆုတောင်းေ ပး လိုက်ပါကြောင်း .... )

G Tone Mmhu

2 comments:

  1. ကြိုက်၏

    ReplyDelete
  2. အားလုံးကိုအဆင်ပြေစေချင်ပါတယ်..

    ReplyDelete

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မီဒီယာ လှည့်ကွက်မှာ ပြည်သူတွေ မနစ်မြုပ်စေချင် ”””

Labels:

ကြိုက်၏

အားလုံးကိုအဆင်ပြေစေချင်ပါတယ်..

Post a Comment