Pages

Monday, November 19, 2012

“““ ပြည်သူ့ အတွေး ပြည်သူ့ ဆန္ဒ ”””

ယနေ့ မြန်မာနိုင်ငံတွင် အဓိက အကျဆုံး နှင့် အခြေခံအကျဆုံးသော သူတို့သည် နိုင်ငံတော် အတွင်း ရှိ  ပြည် နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာတို့တွင် တည်မှီဖွဲ့စည်းနေထိုင်ကြ ကုန်သော ပြည် သူ လူ ထုပင်ဖြစ်သည်။ ပြည်သူတို့သည် မိမိတို့ရပ်တည် နေသောဘဝ၌ ပျော်ပိုက်စွာ နေထိုင်ပြောဆို ဆက်ဆံ မှု တို့ သည် မိမိဒေသတွင်းက အုပ်ချုပ်သူတို့၏ အရှည်မျှော် တွေးခေါ်ကြံဆတီထွင်မှုပေါ်၌ တည်မှီ ပါကြောင်း လေ့လာသိရှိရသည်။ မကြာသောကာလများတွင်လည်း နေရာဒေသအသီးသီး၌ ရပ်ကွက် ၊ ကျေး ရွာအုပ်ချုပ်ရေး မှူးများ ပြန်လည် ရွေးချယ်တင်မြှောက်တော့မည်ဟု လေ့လာသိရှိရပါသည်။

ထိုရွေးချယ်ပွဲတို့နှင့်ပတ်သက်၍ ဒေသခံရပ်ကွက်၊ ကျေးရွာနေ ပြည်သူတို့ကဆိုလာကြသည်မှာ''ဘယ်တော့ေ ရွး မည် ၊ ဘယ်သူတွေကို၊ ဘယ်လိုအရည်အချင်း တွေရှိရမှာလဲ၊ ပြည်သူလူထုကို ကိုယ်စားပြုမည့် ကြီးသူ နာယကဆိုတာ ဘယ်ပေတံနှင့် တိုင်းတာမှာလဲ''ဟု ပြည်သူများ သိလို၍ ပြောဆိုနေမှုကို ကြားသိရပါသည်။

မှန်ပါသည်။ ကျွန်တော်တို့ ငယ်ငယ်က ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း တွဲသင်ခဲ့ရပါလေသည်။ ဆ ရာတော်ပြောတာလေးကို ပြန်သတိရမိပါ၏။ ''ဟေ့ မင်းတို့မှတ်သားကွ၊ လူကြီးဆိုတာ  လေးမျိုးရှိ တယ် ကွဲ့ ၊  ကြီးတစ်ကြီးကတော့ အသက်ကြီးတာပဲရှိတယ်၊ ဘယ်လိုမှအရည် အသွေးမရှိတဲ့လူကြီး၊ ဒုတိယ ကျတော့ ကြေးများတဲ့လူကြီး၊ ဟိုဟာကဘာ၊ ဒီဟာကဘာ သူ့ဟာသူကျပြန်တော့လည်း ဘာမှမစွမ်းဆော င်နိုင် တဲ့ ကြေးထူတဲ့လူကြီး၊ တတိယလူကြီးကျတော့ ဖြီးဖြန်းပြီး ထွေရာလေးပါးပြော၊ သူပြောသမျှ ယု တ္တိဗေ ဒမရှိ အနှစ်မရှိတဲ့ ကြက်ဆူပင်၊ ထိုင်ဖြီး တတ်သော လူကြီးတဲ့၊ အေး ဒါပေမဲ့အသိပညာ၊ သမာဓိ၊ ကိုယ် ကျင့်တရားကောင်း တဲ့ တန်ဖိုးရှိတဲ့ လူကြီးကတော့ ရှားတယ်ဟေ့'' ဟု မိန့်ခဲ့ဖူးသည်ကို သတိရ၍ ထည့်သွင်းဖော်ပြလိုက်ရပါပေသည်။

ဆရာတော် အမိန့်ရှိတဲ့အထဲက စတုတ္ထမြောက်လူကြီးကို ရွေးပါဆိုရာမှာ ဒီလမ်းကတော့ မောင်ဖြူ ၊ မောင်မဲ စသည်ဖြင့် သူ၏ကိုယ်ရေးအကျဉ်း၊ စာရိတ္တ၊ ပညာအရည်အချင်း၊ ဓနတို့ကို ဖော်ညွှန်းပြီး ယှဉ်ပြိုင်ရွေးဖို့ လို တယ်ဆိုတာကိုလည်း လေ့လာသိမြင်ခဲ့ရပါသည်။ ''ပြီးခဲ့သော ကာလတွေများမှာ လူကြီးရွေးတာ ဗဟို ဦးစီး ဆိုလား၊ အပေါ်ကလူကြီးကြိုက်ဆိုလား အဲသလိုရွေးခဲ့တာ၊ သူတို့ကတော့  ဟုတ်နေတာပဲ၊ ရပ်ကွက်ထဲ မှာတော့ အန္ဓဗာလ=လူမိုက်လူဆိုးလို ဆက်ဆံတာ ကလား''ဟု ဒေသခံများက  ငြီးတွားခဲ့ပါသေးသည်။ စာရေး သူလည်း ဒီမိုကရေစီ လမ်းစဉ် အတိုင်း ရွေးချယ်မှုတွေကို လေ့လာကြည့် လိုက်တော့ အရည်အ ချင်းတွေ၊ ဌာနဆိုင်ရာ ဂုဏ်ပုဒ်တွေကို နှိုင်းယှဉ်ပြီးမှ  တန်ဖိုးကြီးသောလူ ကြီးတစ်ယောက်ကို ရွေးချယ်ရ ယူခဲ့ကြကြောင်း သိရှိရပါသည်။ လူတိုင်းကလည်း ဤသို့ဖြစ်ချင်ကြ သည်ကိုလေ့လာတွေ့ရှိရပါသည်။

စာရေးသူ ရပ်ကွက်လုပ်သားပြည်သူများထံမှ  စကားရပ်တစ်ခုကို ရလိုက် ပါသည်။ ထိုစကားက ''ရပ်မိရပ်ဖ ဆိုတာ  ဆရာတော်ဆုံးမသကဲ့သို့ အသက်ကြီး တာနဲ့မဆိုင်ပါဘူး၊ အသိတရားရှိဖို့လိုတယ်''ဟု ဆိုထား တာတွေ့ရပါတယ်။ သို့ပါ၍ ရပ်ကွက် ရပ်မိရပ်ဖဆိုတာဟာလည်း အသက်ကြီး တာ၊ အသက် ငယ်တာနဲ့ မ ဆိုင်ပါဘူး။ ထိုနာယကဆိုတဲ့သူတွေဟာ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ အတွေ့အကြုံ ရင့်ကျက်တဲ့ ဂုဏ်တို့ နှင့် ပြည့်စုံသူဆိုလျှင် နာယက၊ လူကြီး ရပ်မိရပ်ဖ ဖြစ်ထိုက်ပါပေသည်။ ထိုသူထံမှရပ်ရွာ အ တွက် ကောင်းမြတ်သောလုပ် ဆောင်ချက်တို့ကိုရရှိပါပေသည်။  သို့မဟုတ်ပါလျှင် သင်္ဂါလောဝါဒသုတ်လာ၊ အနာယက=လူကြီး မဖြစ်ထိုက်သော အချက်ခြောက် ချက်ဖြစ် သည့် ကဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ ဆိုသော အကျင့်ဆိုးစနစ်ဆိုး ကိုယ်ကျိုးရှာ လူကြီးများဖြစ်လာမည်ကို စိုးထိတ် မိရပါလေ သည်။

သို့ဖြစ်ရာ ပြည်သူထံမှ ကြားသိရသော လိုလားချက် မှာ ဗိုလ်ချုပ်အောင် ဆန်း မိန့်ထား သကဲ့သို့ '' ဘယ် အ လုပ်ကိုပဲ လုပ်လုပ် အများအကျိုး ဆောင်သော ခေါင်းဆောင်လုပ်မည့် သူများ သည် နောက်ကြောင်း ရှင်းပြီး ကိုယ်ကျင့် တရားကောင်း မွန်သည့် လူတော် လူကောင်းလေး များကို ဆန်ခါတင်ယှဉ်ပြိုင် ရွေးချယ် ပြီး တာဝန် ပေးစေလို ကြောင်း ''  လေ့လာတင်ပြလိုက်ရပါသည်။

Myawady

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: