ဖခင်ကြီး နိုဘယ်ဆုရတာ မရတာထက် တိုင်းပြည်ကို မြောင်းထဲကနေ ဘယ်လိုရအောင် ပင့်ထုတ်နေလဲပဲ စိတ်ဝင်စားတယ်။ ဖခင်ကြီးဟာ အရင့်အရင် ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည်ကို သိပ်ကို တိုးတက်အောင် လုပ် လာတာပါ။ ရင်သပ်ရှုမောအောင် လုပ်တဲ့သူပါ။ သူများလို မြောင်းပေါ်ကနေ ဆွဲမတင်ဘဲ သူကိုယ် တိုင် မြောင်း ထဲဆင်းပြီး နိုင်ငံကို တွန်းတင်တဲ့ လူမျိုးပါ။
ဖခင်ကြီး အင်္ဂလိပ်စကားပြော ကောင်းတာ မကောင်းတာထက် ဆက်ဆံရေးဘယ်လို ကောင်းအောင် လုပ် လဲပဲ စိတ်ဝင်စားတယ်။ သူ့ထက်အင်္ဂလိပ်စကားပြောကောင်းတဲ့ မိုးသီးဇွန်နဲ့ နိုင်အောင်... သူ့လို ပြည်သူ အတွက် ဘာအနစ်နာခံတာ ရှိလဲ။ အစိုးရကို ဆန့်ကျင်တဲ့သူအချင်းချင်း ယိုင်းပင်းဖို့နေနေသာသာ ပက် ပက်စက်စက် နှိပ်ဆက်ပြီး သတ်တောင် သတ်လိုက်သေးတယ်။ ခုလဲ ဘာလို့ ပြန်ခေါ်လဲ မစဉ်းစားဘဲ ဖင်ခေါင်း ပဲ ကျယ်နေတယ်။ အာဏာပိုင်တွေကို ကလေးလို့ မှတ်နေပုံရတယ်နော်... ဟင်းဟင်း.... အမေ ရိကန်ပြည်ထောင်စုကြီးရှိနေတာကို ရွှေတောင်ကြီးလို့ ထင်နေတယ်။ တကယ့်တကယ် ဖမ်းဝရမ်းနဲ့ နိုင် ငံရေးပြစ် မှုကြီးတင်လိုက်ရင် ဘာဖြစ်မလဲ မသိဘူးလားကွယ်။ သနားလိုက်တာ.... သူတို့ကို ပြန်ခေါ်ရင်း ဒီနိုင်ငံမှာ PRပြန်ထုတ်ပေးတော့မယ်ဆိုတာ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဘ၀င်လေဟပ်နေ တဲ့ လေပေါ် ၀ဲတွေက မသိကြရှာပါလား။ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် နိုင်ငံပိုင်ငွေကြေး တက်လာဖို့ နိုင်ငံခြား ရင်းနှီးမှုတွေ လိုတယ်။ သူတို့လာနေရင် PRထုတ်ပေးရမယ်။ ပေးရမဲ့လူမရှိလို့ လှည့်ပြီး အဲ့ဒီ ရာဇ၀တ် သားတွေကို ပြန်ခေါ်တယ်ဆိုတာ မသိကြပါလား။ ကလေးတောင်သိတယ်။ အာဏာပိုင်တွေကို အချဉ် ထင်နေတဲ့သူတို့ကတော့ ဘ၀င်တွေ လေဟပ်နေကြတာပါကလား။ အဲ့ဒါသာကြည့်တော့လေ။ အင်္ဂလိပ်စာ တတ်တာ အရေးကြီးလား မကြီးလားဆိုတာ။
ဖခင်ကြီးဝတ်တ့အ၀တ်အစားထက် သူ့ရဲ့ သွင်ပြင်ကိုပဲ စိတ်ဝင်စားတယ်။ ဖခင်ကြီးကို သတိထားပြီး ကြည့် ပါ။ သမ္မတမဖြစ်ခင်ကထက်ကို အခုပိုပြီး အိုစာသွားတယ်။ဒီလောက်သက်တမ်းတိုတိုလေးမှာ ကျွန်မတို့ မြန် မာနိုင်ငံဟာ တဟုန်ထိုးတက်သွားတာ လူတိုင်းလက်ဖျားခါလောက်ပါတယ်။ ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်နဲ့ သူများကိုပဲ လိုက်ချီးကျူးနေကြတယ်။ အဲ့ဒီလူတွေကို အရင်ခေါင်းတောင်တွေက ချုပ်ထားတာ မေ့နေကြ လားတော့ မသိပါဘူး။ ဖခင်သမ္မတကြီးဟာ အဲ့ဒီချုပ်နှောင်ထားတဲ့လူတွေကို လွှတ်ပေးတယ်။ အရင် လို ပြန်လည်နေထိုင်ခွင့်ပေးတယ်။ ဒီလူတွေ သူ့လည်ပင်းကို ကြိုးကွင်းစွပ်လာမှာ သိသိကြီးနဲ့ကို လွှတ်ပေး ခဲ့တယ်။ အရင်က ဘယ်သူဘယ်လောက်တောင်းဆိုဆို အခုဒီမိုကရေစီဆိုတာကို ရဖူးလား။ အခုဒီမိုကရေ စီကို ဦးဆောင်ပြီး လှုပ်ရှားနေတဲ့သူတွေကိုရော အခုလို လွတ်လွတ်လပ်လပ်တွေ့ ရလို့လား။ ဘယ်လောက်တောင်း ဆို တောင်းဆို လွှတ်ရိုးထုံးစံရှိခဲ့လို့လား။ ဒါဆို လွတ်လာတဲ့သူ သဘောထားကြီး တာလား၊ လွှတ်ပေးတဲ့သူ သဘောထားကြီးတာလား။ ကလေးတောင်သိတာကို မျက်စေ့စုံမှိတ်ကြီး ငြင်းနေ ကြတယ်။ ဒီလောက်ပင်ပန်းအောင် စဉ်းစား၊ လိုက်လုပ်၊ အဲ့ဒီအတိုက်အခံတွေကို ဖြေရှင်းနဲ့ ကျွန်မတို့ ဖ ခင်ကြီး သိပ်ကို ပင်ပန်းနေရှာပါပြီ။
သူများတွေ ဟိုသွား ဒီသွား သွားလာတာထက် ဖခင်ကြီးရဲ့ စိတ်နေစိတ်ထားကိုပဲ စိတ်ဝင်စားတယ်။ ဟီဟာ ရီကလင်တန်လို ကိုယ့်ထက်လဲငယ်၊ ရာထူးလဲငယ်တဲ့ အမျိုးသမီးကိုတောင် ဖခင်ကြီးဟာ တလေးတစား ဆက် ဆံတာ။ ဖခင်ကြီးမှာ ဂါရဝေါစ(ကိုယ့်ထက်ကြီးသူကို ရိုသေခြင်း)၊ နိဝါတောစ(ကိုယ့်ထက်ငယ်သူကို ညှာတာထြင်း)ဆိုတဲ့တရား အပြည့်ရှိပါတယ်။
သူများကိုယ်ကျင့်တရားထက် ဖခင်ကြီးရဲ့ ကိုယ်ကျင့်တရားကိုပဲ စိတ်ဝင်စားတယ်။ သူများတွေလို နိုင်ငံခြား သား ၊ လူ မျိုးခြား၊ ဘာသာခြားကိုလဲ ဖခင်ကြီး လက်မထပ်ဘူး။ Hlaf-bloodedကလေးတွေလဲ ဖခင် ကြီးမမွေးဘူး။ မွေးထားတဲ့ သမီးတွေကိုလဲ ပစ်ပယ်ပြီး ဒီမိုကရေစီလို့ ပါးစပ်ကနေ အော်မနေဘူး။ ကိုယ့် ရင်ကမွေးထားတဲ့ ကိုယ့်ကလေးတွေကိုတောင် ဂရုမစိုက်နိုင်တဲ့ ဘယ်လိုလူက အများကို ဂရုစိုက်နိုင်မှာလဲ။ သာရာကူးနေတာလား၊ တကယ်အနစ်နာခံနေတာလား မသိတာလဲ မဟုတ်ဘူး။ ဒါနဲ့များ စွတ်ငြင်းနေ ကြတယ်။ ကျွန်မတို့ကတော့ ရှင်းတယ်။ ကိုယ့်အမျိုးအနွယ်ကိုတောင် မစောင့်ရှောက်နိုင်တဲ့ ဘယ် လို လူကိုမှ၊ ဘယ်သူ့သားသမီးကိုမှ ခေါင်းဆောင်လို့ မမှတ်ယူဘူး။
အရာရာကို ထောက်ဆခြင့်ချိန်လိုက်ရင်..... ဖခင်သမ္မတကြီး ဦးသိန်းစိန်ဟာ နိုင်ငံ အတွက် တကယ်ကြိုး စားရင်း သူ့ကိုယ်သူလောင်ကျွန်းခံနေတဲ့ဖယောင်တိုင်၊ ပြည်သူကို ရင်ဝယ်သားလို စောင့်ရှောက်ရင်း သား သမီးတွေ ဟင်းကောင်းစားဖို့ သူများဆီမှာ ပိုက်ဆံလိုက်ချေးပြီး လုပ်အားနဲ့ပြန်ဆပ်တဲ့ သူမျိုးပါ။ 2015မှာ ဖခင်ကြီး အနားယူတော့မယ်တဲ့။ ပြောလို့ရရင် ပြောလိုက်ချင်တယ်.....

"ဘယ်သူတွေဘယ်လိုပဲ လုပ်လုပ် ၊ အဖကို ဘယ်သူမှမမီဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့မှာ အဖမရှိလို့ မဖြစ်ဘူး" လို့ .....
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။