3.11.2012
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တို့သည်
မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီး H.E. Mr. Derek Mitchell၊ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Heyn၊ သြစတြေးလျ နိုင်ငံ သံအမတ် ကြီး H.E. Ms. Bronte Nadine
Moules နှင့် အဖွဲ့ဝင်များ
လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့မှ
တစ်ဆင့် မြေပုံ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ် များသို့ သွား ရောက် ကွင်းဆင်း လေ့လာခဲ့သည်။
ရှေးဦးစွာ မြေပုံမြို့ အထွေထွေ အုပ်ချုပ်
ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြည်ထောင်စု ဝန်ကြီး ဒု တိ ယ ဗိုလ်ချုပ်ကြီး သိန်းဌေးက နိုင်ငံတော် သမ္မတရုံး၏
သတင်း ထုတ်ပြန်ချက် (၂/၂ဝ၁၂) ကို ထုတ်ပြန် ကြေညာ ပြီးဖြစ်ကြောင်း၊ ဆူပူမှုပဋိ ပက္ခများကို
ဆက်လက် ခွင့်ပြုမည် မဟုတ်ကြောင်း၊ ရခိုင် ပြည်နယ် အတွင်း ပဋိပက္ခဖြစ် ပွားမှုအခြေ အနေနှင့်
စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုး ကိုင်လှုပ်ရှား နေသော လူပုဂ္ဂိုလ် များနှင့် အဖွဲ့ အစည်းများ
ရှိနေကြောင်း သိရှိရသဖြင့် ၄င်း တို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ
သွားမည်ဖြစ်ကြောင်း၊ လူ့အဖွဲ့ အစည်းနှစ်ခု အကြားရှိ ပဋိပက္ခ များအား တရား ဥပဒေဘောင်
အတွင်း ငြိမ်းချမ်း စွာဖြင့် ဖြေရှင်း ရမည့် ကိစ္စတွင် မြေပုံမြို့မိမြို့ဖများ ကလည်း ပူးပေါင်း ပါဝင်ကြစေ လိုကြောင်း ပြောကြားသည်။
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။