Pages

Saturday, November 3, 2012

“ အမျိုးသာမက အရိုးကိုပါ ချစ်တဲ့ လူမျိုး ”

မျိုးချစ်စိတ်ဓါတ်ဆိုတာ စနစ်တွေ ဘယ်လောက်ပြောင်းပြောင်း အမျိုးသားရေးဆိုတဲ့ မျိုးချစ် စိတ်ဓါတ် က ပြောင်း မသွားတဲ့ စနစ်တစ်ခုပါ။ မျိုးချစ်စိတ်ဓါတ်ဆိုတာ မိမိအမျိုးနွယ်ကို ချစ်ခင် မြတ်နိုးခြင်း ကာ ကွယ်စောင့်ရှောက်ခြင်း မပျက်စီးအောင် ထိန်းသိမ်းခြင်းပါပဲ။

ဒီနေရာမှာ တစ်ခါတစ်လေ အစွန်းရောက်ချစ်ခြင်း ဖြစ်တတ်ပါတယ်။ ဘယ်လို အစွန်းရောက်သလည်း?

ကိုယ့်အမျိုး ကောင်းစားဖို့ သူများ ဥစ္စာ ပစ္စည်း စည်းစိမ်ကို မတရားလုယူခြင်း၊ မိမိအမျိုးနွယ်မှ တစ်ပါး အခြား မျိုးနွယ်ဝင်များကို နှိမ်ချ ဆက်ဆံတတ်ခြင်း၊ မိမိအမျိုးနွယ်သာလျှင် အမြင့်မြတ်ဆုံး လူသားများ အဖြစ် စိတ်ကြီးဝင်ခြင်း၊ မိမိအမျိုးအနွယ်မှ အခြားမျိုးနွယ်ဝင်များကို မတရားစော်ကားမှန်း သိပေမယ့် အမှန်ကို မသုံးသပ်နိုင်ပဲ ကိုယ့်အမျိုးဖက်က ဘက်လိုက် ဆုံးဖြတ်ခြင်း စတဲ့ အချက်တွေကတော့ အ စွန်းရောက် မျိုးချစ်စိတ်မှာ ရှိတဲ့ အချက်အလက် အချို့ပါ။ လူမျိုး တစ်မျိုးမှာ မိမိအမျိုးကို ချစ်သည့်စိတ် ဆိုတာကတော့ ရှိကို ရှိရမဲ့ စိတ်ထားပါ။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလို့ ပြောနေကြပေမယ့် ရွာမှာလည်း စည်းရိုး ရှိရမယ်။ နိုင်ငံတစ်နိုင်ငံမှာလည်း စည်း နယ်နမိတ် ရှိရမယ်။ စည်းမကျော်ဖို့ အရမ်း အရေးကြီး ပါတယ်။ မိမိတို့ အမျိုးကို မချစ်ရင် နိုင်ငံကို မချစ်ပါဘူး။ နိုင်ငံကို မချစ်ရင် စည်းဆိုတာ ကျော် ချင်တဲ့ သူကျော် ကိုယ့်မထိသေး သရွေ့ နေသာသလို နေမယ်ဆိုတဲ့ စိတ် ဖြစ်လာမှာပါပဲ။

မျိုးချစ်စိတ်ရှိမှ စည်းလုံးမယ်။ စည်းလုံးမှ တိုင်းပြည် အင်အားရှိမယ်။ တိုင်းပြည် အင်အားရှိမှ ချမ်းသာမှာပါ။ ကမ္ဘာမှာ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဟာ မျိုးချစ်စိတ် ပြင်းထန်တဲ့ နိုင်ငံပါ။ မိမိ အမျိုးကို ဘယ်လောက်ချစ်သလည်း ဆိုရင် ဒုတိယ ကမ္ဘာစစ် အတွင်းက ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ စစ်မှုထမ်း ရင်း သေ ဆုံးသွားတဲ့ ဂျပန်လူမျိုး စစ်သားတွေရဲ့ အရိုးကိုတောင် လိုက်ရှာပြီး ဂျပန်နိုင်ငံကို အရိုးပြာ အိုးလေး တွေ ပြန်သယ်လာပါတယ်။ သူတို့ လူမျိုးရဲ့ အရိုးကိုတောင် လူမျိုးခြား တိုင်းပြည်မှာ မကျန်ရစ်စေ တဲ့ မျိုးချစ်လူမျိုးပါ။

အမျိုးသာမက အရိုးကိုပါ ချစ်တဲ့ လူမျိုး၊ ကိုယ့်လူမျိုးရဲ့ အရိုးကိုတောင် သူများတိုင်းပြည်မှာ လူမသိ သူမ သိ မြေကြီးထဲ တိမ်မြုပ်မနေစေချင်တဲ့ တန်ဖိုးထား စိတ် ဒီလို မျိုးချစ်စိတ်ကို လေးစား အတုယူရပါမယ်။

May Myanmar

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: