ဖမ်းဆီး ရမိသော ခဲယမ်းများ
နိုဝင်ဘာ(၂)ရက်နေ့ ည(၉)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက် မှာ အာပီဂျီဗုံးသီးများနဲ့ ကျည် များ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရပါတယ်။
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသန့်ဇင်၊ တာချီလိတ်( မူးယစ် )မှ ရဲအုပ်မြင့်နိုင်ဦး ဦးစီးသော အဖွဲ့ဝင် များ၊ ဒ/န ခေါင်းဆောင် ရဲအုပ်ဝင်းဇော်ထွန်း ဦးစီးသောအဖွဲ့ဝင်များ၊ နယ်ထိန်းခေါင်ဆောင် ဒုရဲ အုပ် မြင့်ထွေး နှင့် အဖွဲ့ဝင်များ၊ ခမရ(၃၅၉)တပ်မှ ဒု-တပ်ရင်းမှူး မှူးညီညီနိုင် ဦးစီးသောအဖွဲ့ နှင့် စရဖ မှ ဒုတက လွင်ကိုကိုဦး စသည့် ပူးပေါင်းအဖွဲ့များသည် လက်နက်/ခဲယမ်း နဲ့ မူးယစ်ဆေးဝါး သတင်းအရ ဆန်ဆိုင်းရပ်ကွက်ထဲက နေအိမ်တစ် ခုကို ၀င်ရောက် စစ်ဆေးရှာဖွေတာဖြစ်ပါတယ်။
၎င်းတို့ ၀င်ရောက်စစ်ဆေးရှာဖွေရာမှာ အဖြူရောင် ဆာလာအိတ်အဟောင်း(၁)လုံးအတွင်း မှ အာပီဂျီ ဗုံး သီး (၃)လုံး၊ ပို့ကျည်(၃)တောင့်၊ အမ်(၁၆)ကျည်ကဒ်(၁)ခု နဲ့ ၅.၅၆ ကျည် (၁၀) တောင့်တို့ကို ရှာဖွေတွေ့ ရှိခဲ့ကြပြီးနောက် လက်နက်များနဲ့အတူ တရားခံလို့ ယူဆရသူအား ဖမ်းဆီးခဲ့ပြီး တာချီလိတ် (မူးယစ်)ရုံးမှာ စစ်ဆေးလျှက်ရှိကြောင်းနဲ့ အမှုဖွင့်အရေးယူနိုင်ရန်အတွက် ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါတယ်။
ရွှေမြန်မာမီဒီယာဂရု
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။