Pages

Saturday, November 17, 2012

“““ ဆက်သွယ်ရေး ဥပဒေ မူကြမ်းအား ရှေ့နေများ ကန့်ကွက်မည် ”””

ပြည်ထောင်စု လွှတ်တော်က မကြာသေးခင်က ကြေညာထားခဲ့ သည့် ဆက်သွယ်ရေး ဥပဒေမူကြမ်းနှင့် ပတ် သက်ပြီး ရှေ့နေများကွန်ရက်က ကန့်ကွက်စာ ပို့သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

“ကျနော်တို့ ရှေ့နေ ကွန်ရက်အနေနဲ့ ဒီကိစ္စအပေါ် ကန့်ကွက်စာပို့မှာပါ၊ ဒီ ဥပဒေကြမ်းကို သဘောမတူတဲ့ အကြောင်းကို ပို့မှာပါ” ဟု ရှေ့နေများကွန်ရက်မှ ရန်ကုန်မြို့အခြေစိုက် ရှေ့နေကြီး ဦးကြီးမြင့်က ဧရာဝ တီ သို့ ပြောသည်။

ရှေ့နေများကွန်ရက်အနေဖြင့် အနီးကပ်ဆုံး အစည်းအဝေးတွင် အဆိုပါ ဆက်သွယ်ရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်မည့်ဖြစ်ကြောင်းသိရသည်။

“ပြောရရင်တော့ အဲဒီ ဥပဒေဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့ မကိုက် ညီ ဘူး။ ဒီဟာက ဘာလဲဆိုတော့ ခေတ်ကို နောက်ကို ပြန်သွားနေတဲ့သဘောလို့ ကျနော်က ယူဆတယ်။ တိုးတက်တဲ့ ခေတ်ကြီးမှာ နောက်ဆုတ်တဲ့ သဘောမို့လို့ ကျနော် ကတော့ ဒါကို သဘောမတူဘူးဗျာ။ စ တု တ္ထမဏ္ဍိုင် မီဒီယာကို ထိခိုက် တယ်ဗျာ” ဟု ဦးကြီးမြင့်က ဆိုသည်။

စာနယ်ဇင်းဆရာ မောင်ဝံသ (ဦးစိုးသိန်း) ကလည်း ယခုဥပဒေမူကြမ်း ထွက်လာသည့်အခါ ပြည်သူလူထု၊ သက်ဆိုင်ရာ ပတ်သက် ဆက်စပ်နေ သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက မကျေနပ်သည့် တုံ့ပြန်ချက် ချက် ချင်း ထွက်ပေါ်လာကြောင်း၊ အဆိုပါ သဘောထား များကို လေးစားရန် လိုအပ်ကြောင်း၊ စတုတ္တု မ ဏ္ဍိုင်ကိုသာမက အားလုံးကို ထိခိုက်စေသည့် ဥပဒေကြမ်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

“ဒီဟာက စတုတ္ထမဏ္ဍိုင်တခုတည်းနဲ့ မပတ်သက်ဘူး။ ဆက်သွယ်ရေး ယန္တရားပေါ့ဗျာ။ ဆက်သွယ်ရေး နည်း လမ်းတွေကို အသုံးချတဲ့ ပြည်သူအားလုံးနဲ့ သက်ဆိုင်တယ်။ ထိခိုက်တယ်။ ဒါမျိုးဆိုတော့ ကျနော်တို့ စတုတ္ထမဏ္ဍိုင် တခုတည်းသာမကပဲ ပြည်သူလူထုအတွက်ပါ ထည့်စဉ်းစားရတော့မှာကိုး။ အခု ဥပဒေ မူ ကြမ်းက ဒီဟာနဲ့ မမိရင် ဟိုဟာနဲ့ မိအောင် လုပ်ထားတဲ့ ထောင်ချောက်ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိတယ်” ဟု ဆရာ မောင်ဝံသက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက အီလက်ထရောနစ် ဥပဒေဆိုသည် မှာ နိုင်ငံ တ ကာတွင် ဆိုက်ဘာ ရာဇ၀တ်မှုများကို ကာကွယ်ရန်အတွက်ဟု နားလည်ထားကြောင်း၊ မြန်မာနိုင်ငံ၏ ဆက် သွယ်ရေး ဥပဒေမူကြမ်းက နိုင်ငံတကာမှ သတ်မှတ် ပြဌာန်း ထား ချက်များနှင့် ကွဲပြားနေကြောင်း ပြော သည်။

“တကယ့်တကယ် ပြောကြစတမ်းဆိုရင် ၀က်ဘ်ဆိုက်တွေ ဘာတွေလုပ်ပြီးတော့ ပုဂ္ဂိုလ်ရေး အသရေ ဖျက် တာ၊ ပုပ်ခတ်တာ၊ တဖက်စောင်းနင်း လုပ်နေတဲ့ဟာတွေ၊ အဲဒါတွေက လွတ်လွတ်လပ်လပ် လုပ်ခွင့် ရနေပြီးတော့ အုပ်ချုပ်ရေး အခွင့်အာဏာကို ကျင့်သုံးပြီးတော့ ဒါတွေနဲ့ ငြိစွန်းပါ တယ်ဆိုတဲ့ လိုသလို ဆုံးဖြတ်နိုင်တဲ့ Condition တွေပါနေတာ တွေ့ရတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်” ဟု သူက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးမြင့်တက်မှုအား ကန့်ကွက်သည့် အနေဖြင့် လမ်းလျှောက် ဆန္ဒထုတ် ဖော်ခဲ့ပြီးနောက် ဆန္ဒပြရာတွင် ပါဝင်သည့် ဦးကိုကိုကြီး သည်လည်း အီ လက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ နှင့် တို့တာဝန် အရေး ၃ ပါးကို ထိခိုက်သည်ဟု ထိုစဉ်က စစ်အစိုးရ က စွပ်စွဲကာ အီးမေးလ် တစောင်လျှင် အမြင့်ဆုံးပြစ်ဒဏ် ၁၅ နှစ်နှုန်းနှင့် အီးမေးလ် ၄ စောင် အတွက် သီးခြားစီ နှစ်ပေါင်း ၆၀၊ အသင်းအဖွဲ့ ပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ၆၅ နှစ် ၆ လ ထောင်ဒဏ်ချ မှတ်ခံခဲ့ရသူ တဦးဖြစ် သည်။

ပြည်ထောင်စုလွှတ်တော်မှ ဆက်သွယ်ရေး ဥပဒေမူကြမ်းကို နိုဝင်ဘာလ ၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာ များ တွင် အပြည့်အစုံ ဖော်ပြထား သည်။

အဆိုပါ ဥပဒေမူကြမ်းသည် အခန်း ၂၀ ပါဝင်ပြီး အခန်း ၁၉ တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များဆိုသည့် အခန်း တွင် ဖော်ပြထားချက်များကို လူအများ စိုးရိမ်နေကြခြင်းဖြစ်သည်။

အခန်း ၁၉၊ အပိုဒ် ၆၀ တွင် “မည်သူမဆို ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ရာတွင်ဖြစ်စေ၊ ဆက်သွယ်ရေး ပစ္စည်းကို သုံးသည်ဖြစ်စေ၊ အောက်ပါ ပြုလုပ်မှု တရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ် မှုထင် ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ခုနစ်နှစ်မှ အများဆုံး တစ်ဆယ့်ငါးနှစ်အထိ ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ဖော်ပြထားသည်။

တဆက်တည်းအားဖြင့် “(က) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာ ယာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသား ယဉ်ကျေးမှု ကို ထိခိုက်စေမည့် ပြုလုပ်မှု တရပ်ရပ်ကို ပြုလုပ်ခြင်း နှင့် အပိုဒ် (ခ) တွင် အဆိုပါကိစ္စနှင့် စပ်လျဉ်း သည့် နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက် တရပ်ရပ်ကို ရယူခြင်း သို့မ ဟုတ် ပေးပို့ဖြန့်ချိခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း” ဟု ဖော်ပြထားသည်။

အဆိုပါ အခန်း ၁၉ နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ေ ရး အ သင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဖော်ပြထားချက်များသည် လိုအပ်လျှင် လိုအပ်သလို အဓိ ပ္ပာယ် ဖွင့်ဆို၍ရသည့် ပုံစံမျိုးဖြစ်နေပြီး မလိုလားပါက အီလက်ထရောနစ် ဥပဒေဖြင့် ဖမ်းဆီးထောင်ချနိုင်ေ ကြာင်း ဧရာဝတီကို ပြောသည်။

“ဒီဥပဒေဟာ ယခင်အစိုးရ အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ပုံစံကို ပြန်လည် အသက်သွင်းနေသလို ဖြစ်နေပါတယ်။ ဥပဒေက ပြည်သူကို ကာကွယ်ပေးဖို့ ဖြစ်သင့်တယ်။ အစိုးရကို ကာကွယ်ပေးဖို့ ဖြစ်နေတယ်ဆိုရင်တော့ မကောင်းဘူး။ ယခင် အစိုးရအဆက်ဆက်ကလည်း လိုချင်သလို ဆွဲတွေး ဆွဲယူပြီး အီလက်ထရောနစ်နဲ့ ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိပါတယ်” ဟု သူက ဆိုသည်။

သတင်းစုဆောင်းချက်များအရ တပ်မတော် (လေ) မှ အရာရှိ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မကြာသေးမီက ကုလ သမဂ္ဂမှ ၀န်ထမ်းများကိုလည်း အဆိုပါ အီလက်ထရောနစ် ဥပဒေများဖြင့် ဖမ်းဆီးအရေးယူထားမှုများ ရှိေ ကြာင်း ဦးဘိုကြည်က ဆက်ပြောသည်။

ဆက်သွယ်ရေး ဥပဒေမူကြမ်း ထုတ်ပြန်ကြေညာလိုက်ပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့နှင့် မြို့ကြီးများရှိ အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူများ အနေဖြင့်လည်း အင်တာနက်သုံးစွဲသူများ၏ စိုးရိမ်ကြောင့်ကြမှုများကြောင့် စီးပွားရေးလုပ်ငန်း ထိခိုက်ကြောင်း ရန်ကုန်တိုင်းရှိ အင်တာနက် ကဖေးဆိုင်ပိုင်ရှင် တဦးဖြစ်သူ ကိုအောင်မိုးက ပြောသည်။

“ဒါကြောင့် ကျနော်တို့ စီးပွားရေးလည်း ထိခိုက်နိုင်တယ်” ဟု သူက ဆိုသည်။

အင်တာနက်ဆိုင် ပိုင်ရှင်များအနေဖြင့် ရတနာပုံ၊ ဆယ်သွယ်ရေး ၀န်ကြီးဌာနများသို့ မရှင်းလင်းသည်များ ကို မေးမြန်းထားခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ယခု ဆက်သွယ်ရေး ဥပဒေ မူကြမ်း အဆင့်သာ ဖြစ်သေးသည့်အတွက် အသေးစိတ်ဖြေကြား မှတ်ချက်ပေးရန် စောလွန်းသည်ဟု အကြောင်းပြန်ကြောင်း သူက ဆက်ပြောသည်။

လင်းသန့်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ဆက်သွယ်ရေး ဥပဒေ မူကြမ်းအား ရှေ့နေများ ကန့်ကွက်မည် ”””

Labels:

0 comments: