Pages

Saturday, November 17, 2012

“““ ကျိုက်မရော မြို့နယ် ကျေးရွာများ အတွင်း ဖြစ်ပေါ်ခဲ့သော ကောလာဟလ သတင်းများ နှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများ က ပညာပေး ဟောပြောခြင်း များ ဆောင်ရွက် လျက်ရှိ ”””

နိုင်ငံတော် အစိုးရနှင့် တပ်မတော်သည် တိုင်းပြည် အတွင်း နေထိုင်ကြသော တိုင်း ရင်းသား များ အား လူမျိုး၊ ဘာသာခွဲခြား မှုမရှိဘဲ တစ်စိတ် တစ်ဝမ်းတည်း သွေးစည်း ညီညွတ်မှု ပိုမို ခိုင်မြဲေ အာင် ဆောင်ရွက် နေချိန်တွင် နားလည် ခံယူမှု လွဲမှားသော အချို့သော ဘာသာဝင် များက စည်း လုံး ညီညွတ်မှု   ပျက်ပြားစေမည့် လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိရာ နိုဝင်ဘာ ၉ ရက်မှစ၍  မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ရေတွင်းကုန်း ကျေးရွာ ရှိ အစိုးရ စာသင်ကျောင်း များ၌ အစ္စ လာ မ် ဘာသာဝင် ကျောင်းသား၊ကျောင်းသူများ အား ဆေးများ တိုက်ကျွေးလျက် ရှိကြောင်း ၊ ဆေးသောက်သုံး ပြီးပါက သေဆုံးမှုများ ရှိနေကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်နေ ၍ မိဘများ အနေဖြင့် စိုးရိမ် ပူပန်လျက် ရှိပြီး  ကလေးများ၏ ပညာရေး အတွက် အနှောင့်အ ယှက် ဖြစ်လျက် ရှိကြောင်း သိရှိရသည်။

အဆိုပါ ကောလာဟလ သတင်းများကြောင့် အေးချမ်းစွာ ပညာသင်ကြား နေသော ကျောင်း သား ၊ ကျောင်းသူများ၏ ပညာရေးနှင့် ဒေသ တည်ငြိမ် အေးချမ်းမှု တို့ကို မထိခိုက်  စေရေး အတွက် ဌာ နဆိုင်ရာ တာဝန် ရှိသူများသည် ကောလာ ဟလ သတင်း ပျံ့နှံ့ခဲ့သော ကျေး ရွာများမှ ဒေသ ခံ ပြည် သူများ၊ ကျောင်းသား မိဘများ၊ ရပ်မိ ရပ်ဖများ၊ ဘာသာရေး အဖွဲ့ ဝင်များနှင့် တွေ့ဆုံ၍ အ သိ ပညာပေး ရှင်းလင်း ပြောကြားလျက် ရှိသည်။
ကျိုက်မရော မြို့နယ်ရှိ ရေတွင်းကုန်း ကျေးရွာ၊ ပိန္နဲကုန်း ကျေးရွာ၊ ဘိန်းဗျော ကျေးရွာနှင့် ကလိုင်း ကနိုင် ကျေးရွာများ တွင် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဆင် ခြေထောက် ရောဂါ ကာကွယ်ဆေး တိုက်ကျွေးရန် အတွက် ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ လူဦးရေ စာရင်းများ ကောက်ခံလျက် ရှိကြောင်းနှင့် အစိုးရ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်း သူများအား ကာကွယ်ဆေး အပါအဝင်  မည်သည့် ဆေးကိုမျှ တိုက်ကျွေးခြင်း မရှိ ကြောင်း သတင်း ရရှိသည်။  

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ ကျိုက်မရော မြို့နယ် ကျေးရွာများ အတွင်း ဖြစ်ပေါ်ခဲ့သော ကောလာဟလ သတင်းများ နှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများ က ပညာပေး ဟောပြောခြင်း များ ဆောင်ရွက် လျက်ရှိ ”””

Labels:

နိုင်ငံတော် အစိုးရနှင့် တပ်မတော်သည် တိုင်းပြည် အတွင်း နေထိုင်ကြသော တိုင်း ရင်းသား များ အား လူမျိုး၊ ဘာသာခွဲခြား မှုမရှိဘဲ တစ်စိတ် တစ်ဝမ်းတည်း သွေးစည်း ညီညွတ်မှု ပိုမို ခိုင်မြဲေ အာင် ဆောင်ရွက် နေချိန်တွင် နားလည် ခံယူမှု လွဲမှားသော အချို့သော ဘာသာဝင် များက စည်း လုံး ညီညွတ်မှု   ပျက်ပြားစေမည့် လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိရာ နိုဝင်ဘာ ၉ ရက်မှစ၍  မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ရေတွင်းကုန်း ကျေးရွာ ရှိ အစိုးရ စာသင်ကျောင်း များ၌ အစ္စ လာ မ် ဘာသာဝင် ကျောင်းသား၊ကျောင်းသူများ အား ဆေးများ တိုက်ကျွေးလျက် ရှိကြောင်း ၊ ဆေးသောက်သုံး ပြီးပါက သေဆုံးမှုများ ရှိနေကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်နေ ၍ မိဘများ အနေဖြင့် စိုးရိမ် ပူပန်လျက် ရှိပြီး  ကလေးများ၏ ပညာရေး အတွက် အနှောင့်အ ယှက် ဖြစ်လျက် ရှိကြောင်း သိရှိရသည်။

အဆိုပါ ကောလာဟလ သတင်းများကြောင့် အေးချမ်းစွာ ပညာသင်ကြား နေသော ကျောင်း သား ၊ ကျောင်းသူများ၏ ပညာရေးနှင့် ဒေသ တည်ငြိမ် အေးချမ်းမှု တို့ကို မထိခိုက်  စေရေး အတွက် ဌာ နဆိုင်ရာ တာဝန် ရှိသူများသည် ကောလာ ဟလ သတင်း ပျံ့နှံ့ခဲ့သော ကျေး ရွာများမှ ဒေသ ခံ ပြည် သူများ၊ ကျောင်းသား မိဘများ၊ ရပ်မိ ရပ်ဖများ၊ ဘာသာရေး အဖွဲ့ ဝင်များနှင့် တွေ့ဆုံ၍ အ သိ ပညာပေး ရှင်းလင်း ပြောကြားလျက် ရှိသည်။
ကျိုက်မရော မြို့နယ်ရှိ ရေတွင်းကုန်း ကျေးရွာ၊ ပိန္နဲကုန်း ကျေးရွာ၊ ဘိန်းဗျော ကျေးရွာနှင့် ကလိုင်း ကနိုင် ကျေးရွာများ တွင် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဆင် ခြေထောက် ရောဂါ ကာကွယ်ဆေး တိုက်ကျွေးရန် အတွက် ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ လူဦးရေ စာရင်းများ ကောက်ခံလျက် ရှိကြောင်းနှင့် အစိုးရ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်း သူများအား ကာကွယ်ဆေး အပါအဝင်  မည်သည့် ဆေးကိုမျှ တိုက်ကျွေးခြင်း မရှိ ကြောင်း သတင်း ရရှိသည်။  
0 comments: