၃.၁၁.၂ဝ၁၂ရက်နေ့ ၂၁၂ဝအချိန် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာနစိတ်မှ ဒုရဲအုပ် စိုးစိုးနှင့် အဖွဲ့သည် သတင်း အရ မန္တလေး- ပြင်ဦးလွင် ကားလမ်းနှင့် ရေတံခွန်တောင် သွား ကား လမ်းဆုံတွင် တင်အောင်မိုးမောင်းနှင်၍ ဘိုလင်း(ခ)စိုးလင်း၊ နိုင်ထွန်း(ခ)ညီထွန်းတို့ လိုက်ပါ လာသော ၇ဃ/၇ဝ၆၈ လိုက်ထရပ် ခဲရောင်ယာဉ်နှင့် ယာဉ်အနီးသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိနေသော မရီရီဝင်းနှင့် မသန်းထွေး တို့ (၂) ဦးအား စစ်ဆေးရာယာဉ် ၏ နောက်ခန်းအတွင်း မှ ဆာလာအိတ်(၂)အိတ် ဖြင့် ထည့် ထားသော တရားမဝင် ဒီတိုနေတာ(ကပ်သီး)ချောင်း ၉၈ဝဝ(တန်ဘိုး ၁ခုလျင် ၁ဝဝိ/- ကျပ်နှုန်း ၉၈ဝဝဝဝိ/- ) အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိသောဒီတိုနေတာ(ကပ်သီး)များကိုပုသိမ်ကြီးမြို့နယ်၊ ထုံးဘို ကျေးရွာ ကိုဆန်း(ခ) ဆန်းမြင့်ဦး ၏ နေအိမ်အတွင်းမှသယ်ဆောင်လာကြောင်း တွေ့ရှိရ၍ သက်သေ များနှင့်အတူကိုဆန်း ၏နေအိမ် အား ဆက်လက် ရှာဖွေရာ ဒီတိုနေတာများ မတွေ့ရှိ သော်လည်းကိုဆန်း(ခ) ဆန်းမြင့်ဦးမှာထွက်ပြေးတိမ်းရှောင် သွားခဲ့ပါသည်။
တင်အောင်မိုး ပါ တရားခံ ၆ ဦးအား ပုသိမ်ကြီးရဲစခန်း ( ပ ) ၂၂၄/၂ဝ၁၂ ပေါက်ကွဲ စေတတ်သောဝတ္တု ပစ္စည်းများအက် ဥပဒေပုဒ်မ ၅ အရအမှု ဖွင့် အရေးယူ လျှက်ရှိပါကြောင်း သိရသည်။
Myanmar Police Force
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။