မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည်လျင်မြန်စွာရှေ့ဆက်ဆောင်ရွက်နေပြီး တိုးတက်မှုများ အ တွက် အားတက်မိကြောင်း၊ သို့သော်လည်း နို်င်ငံရေးအကျဉ်းသားများကို ဆက်လက်ထိန်းသိမ်းထားခြင်း နှင့် ရခိုင်ပြည်နယ်တွင် မငြိမ်သက်မှုများအပါအ၀င် ကြီးမားသောစိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း မြန် မာနိုင် ငံ ဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် ကွင်တားနား က အောက်တို ဘာ ၂၅ ရက် တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ အစီရင်ခံတင်ပြရာ၌ ပြောကြားခဲ့ပါသည်။
`မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ အလျင်အမြန်ရှေ့ဆက်သွားနေပြီး လူ့အခွင့်အရေး အခြေအနေ အ ပါအ၀င် အတော်အသင့်တိုးတက်မှုများ ရရှိထားကြောင်း၊ သို့ရာတွင် အချိန်ကြာမြင့်စွာတည်ရှိခဲ့သော လူ့ အ ခွင့်အရေးပြဿနာများကို ဖြေရှင်းရေးသည် ယခုပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့် တစ်သားတည်းဖြစ် ရန် လိုအပ်သည်မှာ ထင်ရှားကြောင်း´ ကွင်တားနားက ပြောကြားခဲ့ပါသည်။
၎င်းသည် ယခင်က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို အကြီးအကျယ်ဝေဖန်ခဲ့သော်လည်း ယခု အစီရင်ခံစာတွင်မူ အပြုသဘောသုံးသပ်ချက်ဖြင့်အစပြုထားပါသည်။
http://www.necn.com/10/25/12/UN-expert-says-Myanmar-making-progress/landing_nation.html?&apID=f1196d3fe5614c3c809b4a181a350104
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။