Pages

Friday, November 2, 2012

မိမိ ရပ်တည်ချက် မည်သို့ ဖြစ်သည်ကို မိမိဘာသာ သိလျှင် ပြီးပါသည်

(၁) ဧရာဝတီ အယ်ဒီတာမင်းကြီးများ ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်၍ မိသားစု အစုံ အ လင်ဖြင့် (၂)ပါတ် နေကြည့်စေလိုပါသည်။ (အစွန်အဖျား ကျေးရွာများ မဟုတ်သေးပါ။)

(၂) ပြီးလျှင် ရခိုင်တိုင်းရင်းသားပြည်သူများနှင့် လက်ပွန်းတတီးနေကြည့်စေလိုပါသည်။ (မြန်မာစကား တတ် ကျွမ်းရန် လိုပါမည်)

(၃) ဘင်္ဂလီများနှင့်လည်း လက်ပွန်းတတီးနေကြည့်စေလိုပါသည်။ (ဘင်္ဂလီစကားတော့ တတ်ကျွမ်းရန် လို ပါလိမ့်မည်)

(၄) သံဃာတော်များနှင့် အသေးစိတ် ဆွေးနွေးကြည့်စေလိုပါသည်။

(၅) အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် အသေးစိတ်ဆွေးနွေးကြည့်စေလိုပါသည်။

(၆) အင်တာနက်တွင် ပြည်ပ ပညာရှင်များ ရေးသားထားသော သမိုင်းသုတေသနများကိုသာမက တူရွန်း တစ်ချောင်းနှင့် တူးဆွ၍ သမိုင်းမှတ်တမ်း အစစ်အမှန်ကို ရှာဖွေကြည့်စေလိုပါသည်။

(၇) ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်း ဟု အမည်ပေး ကင်ပွန်းတပ်ခြင်းကို သတိဖြင့် ဆင်ခြင် သင့် ပါ သ ည်။

(၈) ဇစ်မြစ်ကို ရှာပါ။ အပေါ်ယံဒဏ်ရာကိုပဲ မကြည့်စေလိုပါ။

(၉) အချုပ်အားဖြင့် ဤပဋိပက္ခသည် နှုတ်ဖျားက ပြောသည်ထက် များစွာ ကျယ်ဝန်းနက်ရှိုင်းပါသည်။ (ဧရာဝတီ တိုင်းတွင် နာဂစ် ဝင်သလို မဟုတ်သလို ရခိုင်ပြည်နယ်တွင် ဂီရိ ဝင်သလိုလည်း မဟုတ်ပါ။)

(၁၀) Blame Game လုပ်နေရုံမျှဖြင့် ပြေလည်သွားမည် ဆိုလျှင် ယခုအခြေအနေအထိ ဆိုက်ရောက်မည် မဟုတ်ပါ။ လူတစ်ကိုယ် လက်ညိုး(၂)ချောင်းစီ ရှိပါသည်။ ကြိုက်သလို ထိုး၍ ရပါသည်။

(၁၁) အပြုသဘောဖြင့် ထောက်ပြခြင်းကို အစဉ်အမြဲ ကြိုဆိုပါသည်။ အားလုံး ပါဝင်သော ငြိမ်းချမ်းရေး လုပ် ငန်းစဉ်ကို ဖော်ဆောင်လိုပါသည်။ (ဧရာဝတီ အပါအဝင် ဖြစ်ပါသည်)

Hmuu Zaw

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: