Pages

Thursday, November 15, 2012

“““ အိုအိုင်စီ အစည်းအဝေး မှာ ရိုဟင်ဂျာ အရေး ထိပ်ဆုံးက ဆွေးနွေးမည် ”””

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ထိပ်သီးအစည်းအဝေးကို မနက်ဖြန်မှာ အာ ဖရိကတိုက်က (Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေး ဟာ ဆွေးနွေးမဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့သိရပါတယ်။

တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြဆွေး နွေး သွားဖို့ အတွက် အိုအိုင်စီအဖွဲ့က ပြင်ဆင်နေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကို စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုဟာ လူမျိုးတုန်း သတ်ဖြတ် မှု အဖြစ် အိုအိုင်စီအနေနဲ့ ကြောင်း အိုအိုင်စီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ အာရပ်သတင်းဌာ န က ရေးသားပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အရှေ့တောင်အာရှ နိုင်ငံတွေ အနေ နဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးကြဖို့ မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့မှာ တိုက် တွန်းပြောဆိုလိုက်ပါတယ်။

ဒီလအစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာလှေ စီး ဒုက္ခသည်တွေရဲ့ လှေ ၂ စီး နစ်မြုပ်ခဲ့ပြီး သေဆုံးသူတွေရှိတယ်လို့ ပြောဆိုကြတဲ့အတွက် ကုလသမဂ္ဂ UNHCR က မြန်မာ့ အိမ်နီးခြင်းနိုင်ငံတွေကို အခုလို တိုက်တွန်းတာဖြစ်ပါတယ် ။

Zarni

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ အိုအိုင်စီ အစည်းအဝေး မှာ ရိုဟင်ဂျာ အရေး ထိပ်ဆုံးက ဆွေးနွေးမည် ”””

Labels:

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ထိပ်သီးအစည်းအဝေးကို မနက်ဖြန်မှာ အာ ဖရိကတိုက်က (Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေး ဟာ ဆွေးနွေးမဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့သိရပါတယ်။

တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြဆွေး နွေး သွားဖို့ အတွက် အိုအိုင်စီအဖွဲ့က ပြင်ဆင်နေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကို စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုဟာ လူမျိုးတုန်း သတ်ဖြတ် မှု အဖြစ် အိုအိုင်စီအနေနဲ့ ကြောင်း အိုအိုင်စီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ အာရပ်သတင်းဌာ န က ရေးသားပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အရှေ့တောင်အာရှ နိုင်ငံတွေ အနေ နဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးကြဖို့ မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့မှာ တိုက် တွန်းပြောဆိုလိုက်ပါတယ်။

ဒီလအစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာလှေ စီး ဒုက္ခသည်တွေရဲ့ လှေ ၂ စီး နစ်မြုပ်ခဲ့ပြီး သေဆုံးသူတွေရှိတယ်လို့ ပြောဆိုကြတဲ့အတွက် ကုလသမဂ္ဂ UNHCR က မြန်မာ့ အိမ်နီးခြင်းနိုင်ငံတွေကို အခုလို တိုက်တွန်းတာဖြစ်ပါတယ် ။

Zarni
0 comments: