Pages

Thursday, November 15, 2012

“““ AZG စစ်တွေ ကို ဖျက်ဖို့ ကြံနေပြီလား ”””

စစ်တွေမြို့သို့ ရောက်ရှိနေသော AZG အဖွဲ့မှ နိုင်ငံခြားသာ ငါးဦးခန့်သည် စစ်တွေမြို့ ဦးအောင်ထွန်းဦး လမ်း (ကျောင်းတက်လမ်းရပ်ကွက်) ယခင်ရုံးခန်း တွင် လာရောက်တည်းခိုနေပြီး နေ့စဉ် ညနေပိုင်းတွင် ဘ င်္ဂ လီများနေရာဖြစ် သည့် အင်ပါလာ(အောင်မင်္ဂလာ)ရပ်ကွက်နှင့် ဗလီများသို့ ၀င်ရောက်ကာ ဘင်္ဂလီများ ကို စည်းရုံးခြင်း၊ မီးလောင်ပြင်များသို့ သွားရောက်အား မီးလောင် ပြင်နောက်ခံဖြင့် အသံလွင့်ဌာနများ လုပ် သကဲ့သို့ သတင်းမှတ်တမ်းအဖြစ် ဗီဒီယို မှတ်တမ်းများ ရိုက်ကူးခြင်းများ ကို ပြုလုပ်လျက်ရှိကြောင်း သိရ ပါ သည်။

ထိုသို့ ပြုလုပ်ခြင်းသည် NGO အဖွဲ့ဖြစ်သော AZG၏ လုပ်ရပ်နှင့်လုံးဝသက် ဆိုင်ခြင်းမရှိသည့်အပြင် ရ ခိုင်ပြည် နယ်အတွင်းလုပ်ချင်သလို လုပ်နိုင်သည်ကို ပြနေခြင်းဖြစ်ကြောင်းလည်းသိရသည်။

ယင်းအတွက် ထိုလုပ်ရပ်များအတွက် AZGမှ အဆိုပါ နိုင်ငံခြားသားများကို ထိ ရောက်စွာအရေးယူပေးရန် တိုက်တွန်းအပ်ပါသည်။ အရေးမယူပါက ပြဿနာ များကြီးထွားလာနိုင်ကြောင်း လည်း ဒေသခံများ က ပြော ပါသည်။

လျှို့ဝှက်ပုန်းခိုနေသော နိုင်ငံခြားသားများသည် ဘင်္ဂလီများနှင့် နေစဉ်တွေ့ဆုံ ကာ မည်သို့မည်ပုံဆောင် ရွက် ရန် နှင့် ရခိုင်နှင့်ဘင်္ဂလီများအကြား သွေးထိုး လှုံ့ဆော်ပေးနေကြောင်းနှင့် ဘင်္ဂလီးပြုလုပ်ရမည့်နည်း လမ်း များအား သင်ပြ ပေးနေကြောင်းလည်း အင်ပါလာအတွင်းမှ ဘင်္ဂလီတစ်ဦးက ဘင်္ဂလီဘာသာ ဖြင့်ပင် RSV သို့ပြောကြားခဲ့ပါသည်။

အမှန်က AZG ရုံးခန်းသည် ပိတ်ပင်ထားသော်လည်း ထိုသို့ AZGရုံးတွင် တိတ် တဆိတ်လာရောက်နေ ထိုင်ခြင်း များပြုလုပ်နေခြင်းသည် ရိုးသားမှုမရှိခြင်းနှင့် ရခိုင်ပြည်သူ တစ်ရပ်လုံးက AZG အဖွဲ့အပေါ် ကျေ နပ် မှု မရှိသည့်အတွက် AZG ရုံးခန်းဖွင့်လှစ်ရန် မှာလည်း လုံးဝမဖြစ်နိုင်တော့ကြောင်း သုံးသပ်ပြောဆို ကြ ပါသည်။

ယခုကဲ့သို့ AZGမှ နိုင်ငံခြားသားများ စစ်တွေတွင် လာရောက်ပြီး မရိုးမသားပြု လုပ်နေမှုအပေါ် သက်ဆိုင် ရာ ဌာများမှ အရေးယူပေးရန်လိုအပ်နေပြီဖြစ် ကြောင်း ၊ အရေးယူပေးမှု မရှိပါက ပြဿနာ တစ်စုံတစ် ရာဖြစ် သွားနိုင်ကြောင်း လည်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။

AZGနှင့်ပတ်သက်ပြီး ဒေသခံသခံများကလည်း ဆန္ဒထုတ်ဖော်မှုများရှိခဲ့သဖြင့် ရုံးခန်းများကိုပိတ်ထား ရကြောင်း၊ ဒေသခံများဆန္ဒမပါဘဲ မည်သည့် NGO အဖွဲ့ မှ ထိုဒေသတွင် လာရောက်ရုံးခန်းဖွင့်ခွင့် မ ရှိကြောင်း မြန်မာအစိုးရနှင့် သဘောတူထားရှိကြောင်းလည်းသိရသည်။

Rakhine Straight Views

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ AZG စစ်တွေ ကို ဖျက်ဖို့ ကြံနေပြီလား ”””

Labels:

0 comments: