Pages

Thursday, November 15, 2012

“““ မုဒိမ်းကျင့် လူသတ် မီးကွင်းပစ် မီးရှို့ နေတဲ့ လူတွေကို ရှင်တို့ လဲ မတတ်နိုင်ပါဘူးလို့  ဒေါ်စု ပြောလိုက်ပြီ ”””

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကို ရောက်တော့ ဒေါ်အောင်ဆန်းစုကြည် ကို နာမည်ကြီး သတင်းစာ တစော င်ဖြစ်  တဲ့  ( The Hindu ) နေ့ စဉ်ထုတ်သတင်း စာက တွေ့ ဆုံမေးမြန်းခန်း အင်တာဗျူးပြုလူပ်ခဲ့ တယ် ။

အဲဒီတွေ့ ဆုံမေးမြန်းခန်းမှာ သတင်းစာက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေနဲ့  ဗုဒ္ဒ ဘာသာဝင် ရခိုင်လူမျိုးတွေနဲ့  မွတ်ဆလင် ကုလား လူမျိုးတွေရဲ့  ပဋိပက္ခဖြစ်ပျက်နေတာကို မေးမြန်းခဲ့ ပါတယ်- သ တင်း စာက သုံးနုံးတဲ့  မြန်မာနိုင်ငံမှ မရှိတဲ့  လူမျိုးကို ဒေါ်အောင်ဆန်းစုကြည် က နာမည်ထုတ်ပြီး အင် တာဗျူး ဖြေကြားတာ မရှိတာကို တွေ့ ရပါတယ် ။

သတင်းစာက ဒီဖြစ်ရပ်တွေနဲ့  ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်ကို စိုး ရိမ်ကြောင့်ကြမှုတွေ မရှိဘူး လား ၊ ဒေါ်စုက ဘာကြောင့်များ မပြောမဆိုတာလဲ ဆိုပြီး မေးခွန်းတွေထုတ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည် က စိုးရိမ် ကြောင့်ကြတယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ် - ပြီးတော့ ဒေါ်စု အနေနဲ့ ၎င်း ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အနေနဲ့ ၊ ၄င်း ထာဝစဉ် တရား ဥပဒေစိုးမိုးရေး ဆိုတာကို ရှိစေရန် လိုတယ်ဆိုတဲ့ အကြောင်း လေးလေး နက်နက် ပြောနေတာဖြစ်တယ် ။

ဘာဖြစ်လို့ လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကနေပြီး ခိုးဝင်စိမ့်ဝင်လာတဲ့  လူတွေ ရှိနေတာကြောင့် တနေ့ နေ့ မှာ ဒီပြသနာဟာ ဒီအကြောင်းအရာပေါ် အခြေခံပြီး ဖြစ်လာလိမ့်မယ် ။ ဒါပေမဲ့  ဘယ်သူကမှ တကယ်တမ်းကျရင် လေးလေးနက်နက် အဲဒီလို မတွေးတော ခဲ့ ကြဘူး ။ ဘာဖြစ်လို့ လဲဆိုတော့ ပြ သ နာက မဖြစ်လာသေးဘူးလေ ။ ဒါ့ကြောင့်ကျမအနေနဲ့  တရားဥပဒေစိုးမိုးရေးနဲ့  ငြိမ်ဝပ်ပိပြားရေး လိုတယ် ဆိုတာကို လေးလေးနက်နက် ပြောနေခဲ့ တာဖြစ်တယ် ။

တကယ်လို့ တရားဥပဒေစိုးမိုးရေးသာရှိနေခဲ့ မယ်ဆိုရင် အနည်းဆုံးဥပဒေရဲ့  ထိမ်းချုပ်မှုအောက်မှာ ထိမ်း ထိမ်းသိမ်းသိမ်းတော့ ရှိနေမှာဖြစ်တယ် ။

ဒါပေမဲ့  ဥပဒေနဲ့  ထိမ်းချုပ်မှု ရှိနေသည့်တိုင်အောင် ကျမတို့ ဟာ ဒီလူမျိုးစုနှစ်ခုရဲ့  စိတ်သဘောထားချင်း တူညီမှုတွေကို ကြိုးစားလို့ ရမှာမဟုတ်ဘူးလေ။ ရှင်တို့ လဲ မတတ်နိုင်ပါဘူး ။ သူတို့ တွေဟာ မီးကွင်းတွေ ပစ်ပြီး မီးရို့ ကြတယ် ။ မိန်းခလေးတွေကို မုဒိမ်းကျင့်ကြတယ် ။ ပြီးတော့ လူတွေကို သတ်ဖြတ်နေကြတယ် ။

ရှင်တို့ အနေနဲ့  သူတို့ တွေကို အတူတကွထိုင်စေခိုင်းပြီး စကားပြောကြမယ်။ သဘောထားချင်း ကိုက် ညီအောင် လုပ်ပေးကြမယ် ဆိုတာက ဒီလို ပြသနာတွေ ကွဲပြားခြားနားနေတဲ့  လူမျိုးစုနှစ်စုကို ဘယ်လို လုပ်လို့ ရပါ့မလဲ ။

အဲဒါဟာ တကယ်တော့ လက်တွေ့ ကျတာမဟုတ်ပါဘူး ။ ကျမသေသေချာချာ ပြောနေတာက အဲဒီနေ ရာဒေ သတွေမှာ ပေါက်ကွဲမှုတွေ မရှိရအောင် လုပ်ကြရ မှာဖြစ်တယ် ။

ဒီတော့ ကျမလေးလေးနက်နက် ပြောနေတာက တရားဥပဒေစိုးမိုးရေး ရှိနေဖို့  လိုတာပါဘဲ ။ သူတို့ နှစ် ဖက်စလုံးဟာ ကျမကို တဖက်ဖက်က ၀င်ရောက် ပါဝင်စေချင်တယ် ။

လူမျိုးစုနှစ်စုစလုံးဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရလို့ ဘဲ ဖြစ်တယ် ။ ဒါ့အပြင် ရခိုင်လူမျိုး တွေ ကို ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်း များစွာ အစိုးရက ကမ်း ကုန်အောင် အလွန်အမင်း လူ့ အခွင့် အရေးချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့ တာတွေ ရှိနေတယ် ။

ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာက ဒီပြသနာကို ဘယ်လိုအဖြေရှာ ဖြေရှင်းပါ့နိုင်မလဲလို့  ထပ်မေးေ တာ့ ဒေါ်စုက ခုလို ဖြေခဲ့ ပါတယ် ။

ပထမဦးစွာအနေနဲ့  နေရာဒေသတွေမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိဖို့  လိုအပ်နေပါတယ် ။ ကျမအနေ နဲ့  နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုဆိုတဲ့  စကားကို မုန်းတီးသူဖြစ်တယ် ။

ဘာကြောင့်လဲဆိုတော့ -၁၉၈၈-ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ တဲ့ အခါက အဲဒီနာမည်နဲ့  အစိုးရ လုပ် ခဲ့ တာလေ။ သူတို့ က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးကောင်စီ နဲ့  အစိုးရလို့  ခေါ်ခဲ့ တယ် ။

ခုတော့လဲ ကျမတို့ အနေနဲ့  တရားဥပဒေစိုးမိုးရေးအတွက် ပိုမိုပြီး လိုလိုလားလား ပြောရမယ်ဆိုရင် ဒီဟာ ကိုဘဲ ပြောရမှာဖြစ်ပါတယ် လို့  ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားပါတယ် ။

ဒီတော့ခါ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  ခုလို ဖြေ ကြားပြောဆိုလိုက်တာဟာ ဗုဒ္ဒဘာသာဝင် လူမျိုးများ အနေနဲ့  အထူးလေးစား ထောက်ခံရမဲ့  အကြောင်း အရာလို့  ပြောရ တော့မှာ မဟုတ်ပါလား ။

ဘာဖြစ်လို့ လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ဘယ်သူကမုဒိမ်းကျင့်ပြီး ဒီပဋိပက္ခကို စတင် ဖန်တီးခဲ့ တာလဲ ၊ လည်လှီး သတ်ဖြတ်တာတွေကို ဘယ်သူက ပြုလုပ်ခဲ့ တာလဲ ။

ဒါကို ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံရဲ့  နာမည်ကြီးသတင်းစာတစောင် ကို ဖြေကြားလိုက် တာဖြစ် ပါတယ် ...

ရွှေမြန်မာ သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: