ဒေါ်အောင်ဆန်းစုကြည်ကို
နိုင်ငံတကာမှ ချီးမြှင့်သော ဆုများမှ ရန်ပုံငွေဖြင့် မတည်ထားသော
Prospect Burma ကျောင်း တွင် မြန်မာဒုက္ခသည် ကျောင်းသားများနှင့်
တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လွတ်လပ်မှု၊ တရားမ
ျှတမှုရှိရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရန် လိုအပ်ကြောင်း
အိန္ဒိယရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် က
ပြောလိုက်သည်။
“မြန်မာနိုင်ငံဟာ
ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လား၊ မရောက်လား အဖြေသိချင်ရင် ဖွဲ့စည်း
အုပ် ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဖို့ ဆန္ဒရှိလား မရှိလား ဆိုတာအပေါ်မှာ
မူတည်ပါတယ်။ အခြေခံ ဥ ပဒေကို မပြင်ပဲ လုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တယ်၊
တရားမျှတတယ်လို့ ပြောလို့မရဘူး၊ လွတ်လပ်ချင် လွတ်လပ်မယ် ဒါပေမယ့်
တရားမျှတမှာ မဟုတ်ဘူး” ဟု အိန္ဒိယရောက် မြန်မာ မိသားစုများနှင့် တွေ့ ဆုံ ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အိန္ဒိယရောက် မြန်မာမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲတွင် တွေ့ရစဉ်၊ ဓာတ်ပုံ၊ ဇာနည်မာန်/ဧရာဝတီ
ထို့အတူ ပြည်ထောင်စုစနစ်
ဖြစ်ထွန်းရေး၊ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးအတွက်
ပင်လုံညီလာခံကဲ့သို့ ညီလာခံမျိုး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်
ကျင်းပရန်လိုအပ်ကြောင်းလည်း ပြောဆိုသည်။
ဇာနည်မာန် / ဧရာဝတီ
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။