Pages

Saturday, November 17, 2012

“““ မြစ်ကြီးနား - ပူတာအို လမ်းကြောင်း ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်လျက် ရှိသည့် စစ်ကြောင်း များအား ကေအိုင်အေ အဖွဲ့က အကြမ်းဖက် တိုက်ခိုက် ”””

ကချင်ပြည်နယ် ပူတာအိုမြို့သည် မြစ် ကြီးနားမြို့မှ ၂၁၈ မိုင်အကွာတွင်ရှိပြီး သာမန်အချိန် မော်တော် ယာဉ်ဖြင့် တစ်ညအိပ်ခရီးသာ သွားရောက် ရသဖြင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူပြီး ကုန်စည်စီးဆင်းမှု အဆင်ပြေ ချောမွေ့ကာ ဒေသခံတိုင်းရင်းသားများ၊ ဝန်ထမ်းများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူ မှုစီးပွားအခြေ အနေများ တိုးတက် ကောင်းမွန်သည့် ဒေသဖြစ်ပါသည်။

သို့သော် ၂ဝ၁၁ ခုနှစ် ဇွန် ၉ ရက်မှ စ၍ ကေအိုင်အေအဖွဲ့၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် မြစ်ကြီးနား-ပူတာအို လမ်းကြောင်းပေါ်ရှိ တံတား ၁၅ စင်း ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူများ၏ စားဝတ်နေရေး ခက်ခဲ ခဲ့ရသည်။ ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော် အစိုးရ၏ မြန် မာ့ေ လကြောင်း လေယာဉ်များနှင့် တပ်မတော် လေယာဉ် များဖြင့် ဆန်၊ ဆီ၊ ဆားအပါအဝင် ကုန်စည် များအား အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။ အဆိုပါ လမ်းတံတားများ ပြုပြင်ရေးအတွက် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ ယာဉ်/ယန္တရားများဖြင့် နိုဝင်ဘာလဆန်းမှ စတင်ဆောင်ရွက် နိုင်ရန် တပ်မတော် စစ်ကြောင်းများ က လုံခြုံရေး ဆောင်ရွက်ပေး လျက်ရှိစဉ် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ နိုဝင် ဘာ ၁၅ ရက်အ တွင်း ကေ အိုင်အေ အဖွဲ့၏ အကြမ်းဖက် မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထိတွေ့မှု (၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တပ် မတော်မှ စစ်သည် လေးဦး နိုင်ငံအတွက် အသက်ပေး လှူခဲ့ရကာ စစ်သည် ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပူတာအိုနယ်မြေရှိ ဒေသခံ ပြည်သူများ ကျန်းမာရေးနှင့် စားဝတ် နေရေး အခက်အခဲများ ပြေ လည်စေ ရန် အတွက် နိုင်ငံတော်အစိုးရ၊ ကချင်ပြည် နယ်အစိုးရနှင့် တပ်မတော်တို့ပူးပေါင်း၍ မြစ်ကြီးနား-ပူတာအို လမ်းကြောင်း ပြုပြင်ရေး ဆောင်ရွက်လျက် ရှိသည်ကို ကေအိုင်အေအဖွဲ့က ရန်လိုစွာဖြင့် တစ် ဖက် သတ် တိုက်ခိုက် နေမှုများအပေါ် ဒေသခံ ပြည်သူ များက နာကြည်းဒေါသ ဖြစ်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ မြစ်ကြီးနား - ပူတာအို လမ်းကြောင်း ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်လျက် ရှိသည့် စစ်ကြောင်း များအား ကေအိုင်အေ အဖွဲ့က အကြမ်းဖက် တိုက်ခိုက် ”””

Labels:

ကချင်ပြည်နယ် ပူတာအိုမြို့သည် မြစ် ကြီးနားမြို့မှ ၂၁၈ မိုင်အကွာတွင်ရှိပြီး သာမန်အချိန် မော်တော် ယာဉ်ဖြင့် တစ်ညအိပ်ခရီးသာ သွားရောက် ရသဖြင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူပြီး ကုန်စည်စီးဆင်းမှု အဆင်ပြေ ချောမွေ့ကာ ဒေသခံတိုင်းရင်းသားများ၊ ဝန်ထမ်းများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူ မှုစီးပွားအခြေ အနေများ တိုးတက် ကောင်းမွန်သည့် ဒေသဖြစ်ပါသည်။

သို့သော် ၂ဝ၁၁ ခုနှစ် ဇွန် ၉ ရက်မှ စ၍ ကေအိုင်အေအဖွဲ့၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် မြစ်ကြီးနား-ပူတာအို လမ်းကြောင်းပေါ်ရှိ တံတား ၁၅ စင်း ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူများ၏ စားဝတ်နေရေး ခက်ခဲ ခဲ့ရသည်။ ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော် အစိုးရ၏ မြန် မာ့ေ လကြောင်း လေယာဉ်များနှင့် တပ်မတော် လေယာဉ် များဖြင့် ဆန်၊ ဆီ၊ ဆားအပါအဝင် ကုန်စည် များအား အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။ အဆိုပါ လမ်းတံတားများ ပြုပြင်ရေးအတွက် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ ယာဉ်/ယန္တရားများဖြင့် နိုဝင်ဘာလဆန်းမှ စတင်ဆောင်ရွက် နိုင်ရန် တပ်မတော် စစ်ကြောင်းများ က လုံခြုံရေး ဆောင်ရွက်ပေး လျက်ရှိစဉ် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ နိုဝင် ဘာ ၁၅ ရက်အ တွင်း ကေ အိုင်အေ အဖွဲ့၏ အကြမ်းဖက် မိုင်းခွဲတိုက်ခိုက်မှုကြောင့် ထိတွေ့မှု (၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တပ် မတော်မှ စစ်သည် လေးဦး နိုင်ငံအတွက် အသက်ပေး လှူခဲ့ရကာ စစ်သည် ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပူတာအိုနယ်မြေရှိ ဒေသခံ ပြည်သူများ ကျန်းမာရေးနှင့် စားဝတ် နေရေး အခက်အခဲများ ပြေ လည်စေ ရန် အတွက် နိုင်ငံတော်အစိုးရ၊ ကချင်ပြည် နယ်အစိုးရနှင့် တပ်မတော်တို့ပူးပေါင်း၍ မြစ်ကြီးနား-ပူတာအို လမ်းကြောင်း ပြုပြင်ရေး ဆောင်ရွက်လျက် ရှိသည်ကို ကေအိုင်အေအဖွဲ့က ရန်လိုစွာဖြင့် တစ် ဖက် သတ် တိုက်ခိုက် နေမှုများအပေါ် ဒေသခံ ပြည်သူ များက နာကြည်းဒေါသ ဖြစ်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
0 comments: