Pages

Saturday, November 17, 2012

“““ မြန်မာ့ရိုးရာ အစဉ်အလာအုပ်ထိန်းခြင်း နှင့် ယနေ့ ခေတ် လူငယ်များ ”””

ကျွန်တော်တို့  မြန်မာပြည်ရဲ့ ယဉ်ကျေးမှုမှာဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဆန့် ကျင်ဘက်ဆန်စွာ အလွန်ကွာခြားနေတာကို တွေ့ ရပါတယ်။ကျွန်တော်ပြောချင်တာ က မိဘ အုပ်ထိန်းမှု ပုံစံကိုပါ။ ဗုဒ္ဓဘာ သာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အရ မိဘ ဆိုတာ အနန္တော အနန္တ ငါးပါး ထဲမှာ တစ်ပါး အပါအ၀င် ဖြစ်သည့် အတွက်ကြောင့် သားသမီးက မိဘကို ရိုသေသမှုပြုကြရပါသည်။

မိဘကလည်း သားသမီးကို ငယ်ရွယ်စဉ်မှကြီးသည်ထိတိုင်အောင်မငြိုမငြင် ကျွေးမွေးပြုစု စောင့်ရှောက်  ကြပါသည်။ အနောက်နိုင်ငံများနှင့် အခြားနိုင်ငံ များတွင်လည်း ထိုကဲ့သို့  မိဘက သားသမီး ကို ကျွေးမွေးပြု စု စောင့်ရှောက်ပေသော်ငြားလည်း လူလားမြောက်သည့်အရွယ် အသက် ၁၈ နှစ်ပြည့်ပြီး ချိန်မှ စ၍ ကိုယ့်ဘ၀ ကိုယ်ကျောင်း ကိုယ်ဝမ်းစာကိုယ်ရှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကြရ ပါ သည်။ အဲ့ဒီအချက်မှာတင် ကျွန်တော်တို့  မြန်မာမိဘတွေရဲ့ အုပ်ထိန်းမှုနဲ့ အသိအသာကြီး ကွာခြား သွားေ ပပြီ။

ရုတ်တရက်တွေးကြည့်လျှင်တော့ သူတို့  မိဘတွေရဲ့  အပြုအမူက ရက်စပ်သည်ဟု ထင်ရသော်ငြားလည်း
အမှန်တကယ်တမ်းဆိုလျှင် မြန်မာလူငယ်အများစု မိဘ အရိပ်ကို မှီခိုလွန်းနေရပါသည်။အချို့ များ မမှီ ခို လွန်းချင် မိမိဘ၀ မိမိ ရပ်တည်လိုသော်ငြားလည်း မိဘ အုပ်ထိန်းသူများဧ။် အစိုးရိမ်လွန်စိတ်ကြောင့် လုပ် ငန်း ခွင်ဝင်ချိန် ပင်ဖြစ်သော်ငြားလည်း ကလေးတစ်ယောက်ကဲ့သို့  စောင့်ရှောက်ခြင်းကို ခံနေရပေသည်။
ထိုသို့  အုပ်ထိန်းခံရသူတွေအတွက် မိမိဘ၀ ကို မိမိ ခြေထောက်ပေါ်မှာ ရပ်တည်ဖို့ အတွက် အသက် (၂၅)
(၃၀) ၀န်းကျင်လောက်မှ အုပ်ထိန်းသူများ လက်အောက်မှ ကင်းလွတ်ကြသည်။

ထိုမှာတင် ထိုလူငယ်များရဲ့ အတွေးအခေါ် အမြှော်အမြင် လုပ်ရည်ကိုင်ရည် များ အခြား လူငယ်များထက်
များစွာ နောက်ကျကျန်ရစ်ခဲ့ပါပြီ။ ကျွန်တော့်အမြင်ပြောရလျှင် လူငယ် တစ်ယောက် သည် ကိုယ်ပိုင် စဉ်း စား ဥာဏ်ရှိသင့်သည် ကိုယ်ပိုင် အတွေးအခေါ်ရှိသင့်သည် ကိုယ်ပိုင် ဖန်တီးနိုင်စွမ်းရှိသင့်သည်။အချို့  လူ ငယ်များ မိဘအုပ်ထိန်းမှု တင်းကျပ်မှုကြောင့် ကိုယ်ပိုင်စဉ်းစာဥာဏ် မရင့်သန်တော့သည်များကိုလည်း
ဝမ်းနည်းဖွယ်တွေ့ ရသည်…သူများတွေ ခေတ်ပြောင်းနေသည့်အချိန်မှာ သူတို့ က ခေတ်ဟောင်း မှာပဲကျန် ခဲ့ပြီး ခေတ်ဟောင်း နိုင်ငံရေး အတွေးအခေါ် ခေတ်ဟောင်း စီးပွားရေး အတွေးအခေါ် စသည်ဖြင့် အရှိန် အဟုန်ဖြင့် ပြောင်းလဲနေသော မျက်မှောက်ကာလကို Up To Date မဖြစ်သော အတွေးများဖြင့် အိပဲ့အိပဲ့ လိုက်နေကြရသည်။အချို့ အနာဂါတ်ကြယ်ပွင့်လူငယ်တွေ မိဘ အုပ်ထိန်းမှုအောက်တွင်သာ အနေများ ရသောကြောင့် လူတောမတိုးရဲခြင်း Social နယ်ပယ် ကျယ်ပြန့် မှုမရှိခြင်းတို့  ဖြစ်လာပါသည်။အုပ်ထိန်း သူများအနေဖြင့်လည်း မိမိတို့ ခေတ် အတွေးအခေါ်များ မိမိတို့ ခေတ် အမြင်များကို လူငယ်တွေ ခေါင်းထဲ အရိုးစွဲအောင် မရိုင်းသွင်းသင့်ပါ။မိမိတို့  ရဲ့  သားသမီးတွေကို ပွင့်လင်းလာတဲ့ ခေတ်မှာ အရာရာကို
လွတ်လွတ်လပ်လပ် လေ့လာခွင့်ပေးလိုက်ပါ…(လေ့လာသူတွေကလည်း မကောင်းသည့် အရာကို မကောင်းတာတွေကို မိမိ အသိဥာဏ်ဖြင့် ရှောင်ဖို့ တော့လိုပါမည်)မြန်မာ လူငယ်များ အားလုံး ကိုယ်ပိုင် ဥာဏ် ကိုယ်ပိုင်အတွေးအခေါ် ဖြင့် အနာဂါတ် မြန်မာပြည်ကိုအကောင်းဆုံး မွန်းမံနိုင်ကြပါစေ။
 
Mg WIn Ko

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: