Pages

Tuesday, November 20, 2012

“““ နိုင်ငံပိုင် သတင်းစာများ အား ရပ်ဆိုင်းသင့်ကြောင်း ဦးသိန်းညွန့် တင်ပြ ”””

(၂၀၁၃) ခုမတ်လကုန် နောက်ပိုင်း ပြည်ထောင်စုလွှတ်တော်အား ပြန်ကြား ရေးဝန်ကြီး ဌာနမှ နိုင်ငံပိုင် သ တင်း စာများ အခန်းကဏ္ဍနှင့် ပက်သက်၍အစီရင်ခံချိန်တွင် နိုင်ငံပိုင် သတင်း စာများ အား ရပ်ဆိုင်း သင့် ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြည်ထောင်စု လွှတ်တော် သို့တင် ပြခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ(၂၀)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ပဉ္စမပုံမှန် အစည်းအဝေး မနက်ပိုင်း အ စီအစဉ်တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စား လှယ်များ နှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး ၏ အရေး ကြီးသော စစ်ဆေးတွေ့ရှိချက်များ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးခြင်း အခန်း က ဏ္ဍတွင် ဦးသိန်းညွန့်က တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးသိန်းညွန့်က တင်ပြရာတွင်'' ကျွန် တော်တို့နိုင်ငံမှာ ယခုဒီမိုကရေစီအသွင် ကူး ပြောင်းဖို့ကြိုး စား နေ ချိန် မှာ နိုင်ငံပိုင်သတင်း စာတွေရဲ့ အခန်းကဏ္ဍ ကိုမြှင့်တင်နေတာ တွေ့ ရပါတယ်။ ဒီနေ့ ဒီမိုကရေစီ နိုင်ငံသွား မယ် ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အတိတ်သမိုင်း ကိုပြန့်ကြည့်ရင် ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ သတင်း စာ ထုတ်ဝေမှုမရှိခဲ့ပါဘူး။ ပါတီ အသီးသီးကပဲ သတင်းစာ ထုတ် ဝေခဲ့ တာပဲရှိခဲ့ ပါတယ်။ ဒါကြောင့် နိုင်ငံ ပိုင် သတင်းစာ တွေရဲ့အခန်း ကဏ္ဍကို ဒီလွှတ် တော်သက်တမ်း မှာပဲ ရပ်ဆိုင်းသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခုလို အလွဲသုံးစား မှုတွေကိုဖော်ပြရုံဖြင့် သာမက ဒီနေ့ကျွန် တော်တို့အရေးကြီးတဲ့ လွှတ်တော်ရဲ့ သတင်းတွေ ကိုတောင် နိုင်ငံပိုင် သတင်းစာ တွေထဲမှာ အနည်းအကျဉ်းလောက်ပဲဖော် ပြတာတွေ့ရပါ တယ် ။ ကျွန်တော်တို့ဟာ ဒီနေ့ ပုဂ္ဂလိက ကဏ္ဍကိုပြန်လည်မြှင့်တင်ပေး မယ်ဆိုရင် အခုပြန်ကြားရေး ဝန် ကြီး ဌာနမှ အများ ပြည်သူ ဝန်ဆောင်မှု မီဒီယာဆိုပြီး တော့ဆောင်ရွက်မဲ့ အစီအစဉ်ကိုလည်း ပြန်လည် သုံး သပ် သင့်ပါတယ်။

ကျွန်တော် အကြံပြုချင် တာကတော့ ကျွန်တော်တို့ ဒီနေ့ အပြည်ပြည်ဆိုင်ရာ သတင်းဖြန့် ဝေခွင့်ကို ထုတ်ပြန် ဖို့ လိုပါတယ်။ အခြေခံဥပဒေ ပုဒ်မ(၃၈၄)(က)အရပဲ သတင်း လွတ်လပ် မှုတွေ၊ မီဒီယာလွတ် လပ်မှုတွေ အားကောင်း ဖို့လိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မြန်မာ့အ လင်း ၊ ကြေး မုံဆိုတာ မူလထဲက ပုဂ္ဂလိကပိုင် သတင်းစာတွေပါ။ ဒါကြောင့် ပြန်ကြား ရေးဝန်ကြီးဌာန ရဲ့အလွဲ သုံးစားမှုတွေ ကိုတွေ့ ရတဲ့အခါမှာ သတင်းတွေနဲ့ ပက်သက်ပြီး နိုင်ငံပိုင်သတင်းစာဆိုတဲ့ အခန်းကဏ္ဍ ကို ရုပ်သိမ်းသင့်ပါပြီ။ သမ္မတကြီးမိန့်ခွန်းပါ အတိုင်း ပုဂ္ဂလိကအခန်းကဏ္ဍ ကိုပြန်လည် လွှဲအပ်ခြင်းအားဖြင့် သ တင်းမီဒီယာလွတ် လပ်မှု အတွက် ပိုပြီးမြှင့်တင်ဆောင်ရွက်နိုင် ပါမယ်။ ဒါကြောင့်(၂၀၁၃) ခုမတ်လ ကုန် နောက်ပိုင်း ပြည်ထောင်စုလွှတ်တော်ကို ပြန်ကြားရေးဝန်ကြီး ဌာနမှ ပြန်ပြီးအစီရင်ခံ တဲ့အခါမှာ အလွဲ သုံးစားမှုတွေ လွှမ်းခြုံနေ တဲ့ နိုင်ငံပိုင်သတင်းစာ အခန်းကဏ္ဍ ကို ရပ် တန့်သင့်ပါကြောင်း'' ပြောကြား ခဲ့ သည်။

Ko Thantun

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ နိုင်ငံပိုင် သတင်းစာများ အား ရပ်ဆိုင်းသင့်ကြောင်း ဦးသိန်းညွန့် တင်ပြ ”””

Labels:

0 comments: