နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ကချင်ပြည်နယ်အတွင်းရှိပြည်သူများငြိမ်းချမ်းသာယာစွာနေ ထိုင် နိုင်ရေး အ တွက် ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပျက်ပြယ်ရခြင်းအကြောင်းနဲ့ နယ်မြေခံလူထုရဲ့ ဆန္ဒ အမှန်ကို သိရှိစေဖို့အတွက် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာနဲ့ အဖွဲ့ဝင် (၈)ဦး ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့အနေနဲ့ ဖားကန့်မြို့နယ်အတွင်း မနေ့ကသွားရောက်ခဲ့ပါတယ်။
ဦးလမိုင်ဂွန်နဲ့အဖွဲ့ဟာ အစိုးရစစ်တပ်မှ ဗျူဟာမှူးတစ်ဦးနှင့် လည်းကောင်း၊ ဒေသခံ ပြည်သူများနှင့် လည်း ကောင်း သီးခြားစီတွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ ရင်တွင်းခံစားချက်တွေကို နားထောင်ခဲ့ ပါ တယ်။ အဲဒီ ဒေသမှာရှိနေတဲ့ ငှက်ပျောတောရပ်ကွက်က နှစ်ခြင်းခရစ်ယာန် ကျောင်းကို သွားရောက်ခဲ့ပြီး ခ ရစ်ယာန် ဂိုဏ်းပေါင်းစုံဘာသာရေးအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ အလားတူ ကက်သ လစ်ဘုရားရှစ်ခိုးကျောင်းကိုလည်းသွားရောက်ခဲ့ကြပြီး ခရစ်ယာန်ကျောင်းတွေမှာ မှီခိုနေထိုင် ကြ တဲ့စစ်ပြေးဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။
စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံအားလုံးက ကိုယ့်ရပ်ကိုယ်ရပ်မှာ အေးအေး ချမ်းချမ်းနဲ့ပြန်လည် နေထိုင်လိုကြပြီး ကချင်ပြည်နယ်အတွင်း အစိုးရနဲ့kIA တပ်တွေ ငြိမ်းချမ်း ရေး တည်ေ ဆာက်အောင်မြင်တာကိုပဲ တွေ့မြင်လိုကြတဲ့ အကြောင်းထုတ်ဖော်ပြောဆိုကြပါတယ်။ ငြိမ်းချမ်းရေး အ ကျိုးေ ဆာင်တွေအနေနဲ့လည်း ကချင်ပြည်နယ်ကြီးအေးချမ်းဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ ကတိပြုပြော ကြား ခဲ့ ပါတယ်။
ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေအနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)မှာ တာဝန် ထမ်း ဆောင်နေကြတဲ့ ကချင် စစ်မှုထမ်းတွေရဲ့ စိတ်ရင်းသဘောထားအမှန်ကို သိမြင်လိုတဲ့ အတွက် ဖား ကန့် မြို့နယ်၊မှော်မောင်းကုန်းရွာမှာရှိနေတဲ့ ကချင် တပ်မတော်၊ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၆) လှုပ်ရှားအဖွဲ့ဝင်တွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ ကချင် တပ်ဖွဲ့ဝင် တွေအနေနဲ့ လည်းခုလို မျိုး တစ်ဖက်နဲ့တစ်ဖက်ပစ်ခတ်တိုက်ခိုက်နေကြရတာကို ညည်းငွေ့ နေပြီ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကို အမြန်ဆုံး လုပ်ဆောင်စေချင်ကြောင်း၊ မိမိတို့ကြောင့် ကချင်လူမျိုးတွေ အခက်အခဲကြုံ နေရတာ မျိုးကို မ လိုလားပါကြောင်း သူတို့ရဲ့ရင်တွင်း ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ကချင်တပ်ဖွဲ့ ၀င်အ များ စုမှာ ကချင်ဒေသခံများ တွေ့ကြုံ ရင်ဆိုင် ခံစားနေရသောဒုက္ခများကြောင့် ငြိမ်းချမ်းရေးကို အမြန် ဆုံး လုပ်ဆောင်ပေးရန် ဦးလမိုင်ဂွန်ဂျာနဲ့အဖွဲ့ကို ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ကချင်သတင်း
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။