Pages

Tuesday, November 20, 2012

“““ မပုပ်မသိုး စွန်းလွန်း ဆရာတော် ဘုရားကြီး ရုပ်ကလာပ် နိုင်ငံခြား ဧည့်သည်များ အထူး စိတ်ဝင်စား ”””

ဘ၀နတ်ထံ ပျံလွန်သွားသည် မှာ နှစ်ပေါင်း (၆၀)ကျော်ခဲ့ ပြီဖြစ် သော်လည်းယနေ့ တိုင်မည် သည့် ဆေး ၀ါး အကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိအတိုင်းရှိနေသည့် စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ ရုပ် ကလာပ်တော်နှင့်ပတ် သက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အထူး ကြည်ညို စိတ်ဝင် စား ကြသကဲ့သို့ ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာ တော်ကြီး ၏ မပုပ် မသိုးရုပ်ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူ ကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

““ဆရာတော်ကြီးက သက် တော်(၇၅) ၀ါတော်(၂၈)မှာ ပျံ လွန်တော်မူခဲ့တာပါ။လက်ရှိဒီမှာ ထားရှိ ပူဇော် တာကတော့ နှစ် (၆၀)ကျော်ပါပြီ။အနယ်နယ်အရပ် ရပ်က လူတွေ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်ဖူးမျှော် ကြည်ညိုကြသလို ပြည်တွင်းက ခရီးသွား ကုမ္ပဏီတွေရဲ့အစီအစဉ် နဲ့မြင်းခြံ ကိုရောက် လာ တဲ့ နိုင်ငံခြား ဧည့်သည် တွေ ကလည်း ဆရာ တော်ကြီး ရဲ့မပုပ်မသိုးတဲ့ ရုပ်က လာပ်တော် ကို အံဖွယ် တစ်ခုလို အရမ်း စိတ်ဝင်စား ကြပါတယ်””ဟု စွန်းလွန်းကျောင်း တာဝန်ရှိသူ ဂေါပက အဖွဲ့ဝင် တစ်ဦး က ပြော ကြား သွားသည်။

ဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာ ဘင်းဒရစ် အားHot News သတင်းထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““ထူးခြား တဲ့အံ့သြ ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။အဲဒီထဲကမှ မြန်မာပြည် မှာက သဘာဝနဲ့ဆန့်ကျင်တဲ့ သူ တော်စင်၊သူတော်မြတ်တွေရဲ့ဆေး အကူအညီမပါတဲ့၊မြွပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ်ရာ တွေ့ရ ပါ တယ်။ဒီလိုမျိုးတွေကိုကျွန်တော် တို့အနေနဲ့မှတ်တမ်းယူပြီး ကမ္ဘာ မှာပြန် Share မှာပါ””ဟု ပြော ကြား သွားသည်။

စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ် တုတ်တို့မှ မြန်မာသက်္ကရာဇ် ၁၂၃၉ ခုနှစ် တေ ပါင်း လဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ၀င်ပြီးနောက် ၁၂၈၂ ခုနှစ် ၀ါဆို လပြည့်ကျော် (၁၃)ရက်၌ ပထမ တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိ ယ တရားထူး၊၁၂၈၂ခုနှစ် တော်သလင်း လပြည့်ကျော် (၁၃)ရက်၌ တတိ ယ တရားထူးနှင့် ၁၂၈၂ခုနှစ် သီ တင်း ကျွတ်လပြည့် (၁၃)ရက်၌ စတုတ်္ထတရားထူးများကို ရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန် လပြည့် ကျော်  (၉)ရက် စနေနေ့ ညနေ (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: