ဖယ်ဒရယ် မူကို ပြန်ပြီး လှုပ်ရှားစေ လာ တာတွေ့ နေ ကြားနေ ရပါပြီ။ သမ္မတ က လည်း ၂၀၁၄ မှာ နေပြည်တော် မှာ လူမျိုးတိုင်းရင်းသား အဖွဲ့ပေါင်းစုံ ညီလာခံ လုပ်မယ်လို့ ကြွေးကြော်ထား ပြီး၊ သမ္မတ ရုံး ဝန် ဦးအောင်မင်း ကလည်း ဖယ်ဒရယ်ဆိုတဲ့ ရှမ်းမူဟာ ပြိုကွဲရေးမူ မဟုတ်တာကို နားလည် လက်ခံ တယ် ဆို ပါတယ်…။ ကျွန်တော်တို့ မကြာခင် အချိန်အတွင်းမှာ ဖယ်ဒရယ် စနစ်ဆိုတာကို တည်ထောင်ဖို့ တကျော့ပြန် အားထုတ် တော့မှာလို့ နားလည်လိုက်သလို … တဖက်က တွေးမိတာလေး တွေ ကိုလည်း စာစီကုံးပြီး တင်ဆက် လိုက်ပါတယ်။ ဒီစာကို တင်ပဲတင်ဆက်မှာပါ.. ကွန်မန့်တွေနဲ့ အပြန်အလှန် ငြင်း ခုန်ဆွေးနွေး မှာ မဟုတ်ပါဘူး။ ကျွန်တော်က တာဝန်ရှိသူ တစ်ယောက် မဟုတ်သလို၊ ကျွမ်းကျင် နိုင် ငံရေး သမား လည်း မဟုတ်တာကြောင့် ပါ..။ ငြင်းခုန်ဆွေးနွေးမှာ မဟုတ်ဘူး ဆိုပေမယ့် ကိုယ်ရေးတာ ကိုယ် တတ် သလောက် ပဲလို့ တာဝန်ယူတဲ့အနေနဲ့ ချော်ချွတ်တာတွေ၊ အယူအဆ ကွဲလွဲတာတွေ၊ ဝင်ထောက်ပြ တာတွေကို ဝမ်းပန်းတသာ ကြိုဆိုပါတယ်။
သမိုင်းကြောင်း တွေ၊ ဖြတ်သန်းမှု တွေကတော့ အားလုံးလည်း သိတန် သလောက် သိပြီးသားဆိုတော့ မ ကျယ် ချင် တော့ပါဘူး။ အဓိကကတော့ ကျွန်တော်တို့နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အားလုံးရဲ့ စိတ် နှလုံးဟာဒယကို ငြိမ်းချမ်းစေလောက်မယ့် ဖယ်ဒရယ်စနစ်ကိုတည်ထောင်ရာမှာ ဖြစ်သင့်တယ်ထင်ရဲ့ အနေအထားလေးတွေကို မြင်သလိုထင်သလိုချရေးတာပါပဲ။
၁။ အခွင့်အရေး၊ အာဏာ နှင့် တာဝန်ယူမှု
(က) အခွင့်အရေး
ကက။ ။အခြေခံအခွင့်အရေး
ကခ။ ။နယ်မြေပိုင်ဆိုင်မှုအခွင့်အရေး
ကဂ။ ။သယံဇာတပိုင်ဆိုင်မှုအခွင့်အရေး တွေဟာအခြေခံ ဖြေရှင်းရမယ့်အချက်တွေပါ။
ကက။ ။အခြေခံအခွင့်အရေးအနေနဲ့တော့ နိုင်ငံသားအခွင့်အရေးတွေတန်းတူညီမျှဖြစ်မယ်ဆိုရင် မဆိုနိုင် သလောက်နည်းသွားပါ့မယ်လို့ထင်ဖွယ်ရှိပေမယ့် လူမျိုးများမြောင်တွေရဲ့လိုလားချက်နဲ့ အားသာအားနည်း ချက်တွေ၊ ဆိုင်ရာစာပေနဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအတွက်တော့ လက်ဝင်ပါလိမ့်မယ်..။ ဥပမာ တက္က သိုလ်ဝင်ခွင့်တွေအတွက် ပြည်နယ်အလိုက်သတ်မှတ်ပေးမှာလား? ဆိုတာမျိုးပေါ့။ ပြည်နယ်တိုင်း မှာ မြန် မာ စာဆိုတဲ့ ရုံးသုံးအပြင် မိခင်ဘာသာစကားကိုပါ သင်ကြတော့မယ်မလား။ ဒီလိုဆင်ဆင်တူမယ့်ပြဿ နာတွေက များပေမယ့် အချိန်ပေးပြီး အဖြေရှာရဖို့ သိပ်မခက်လောက်ဘူးထင်ပါတယ်..။
ကခ။ ။နယ်မြေပိုင်ဆိုင်ခွင့်ကစပြီး အခြေအတင်ဖြစ်လာဖို့မြင်ပါတယ်..။ ကဲ ရှမ်းပြည်နယ်မှာရှိကြတဲ့ လူမျိုး စုတွေထဲက ရှမ်းကလွဲလို့ ကျန်လူမျိုးစုများက ငါတို့ရပိုင်ခွင့်အနေနဲ့ ပြည်နယ်ခွဲပေးလို့တောင်း လာတာ မျိုး မ ရှိနိုင်ဘူးလား။ ကချင်ပြည်နယ်ထဲက တောင်ပိုင်းမှာအများစုဖြစ်ကြတဲ့ ရှမ်းလူမျိုးတွေကလည်းဘဲ က ချင်ပြည်နယ်နဲ့မဖြစ်ဘူး၊ ကျုပ်တို့ဒီဒေသကြီးကို ရှမ်းပြည်နယ်အဖြစ်ပေါင်းမယ်ဆိုရင်ရော။ ကရင်တွေက လည်း ဧရာဝတီတိုင်းထဲက တစ်ချို့နေရာတွေနဲ့ ပဲခူးတိုင်းရှေ့ပိုင်းတွေကို ကော်သူလေးပြည် နယ်ထဲ ထည့် ပါဆိုရင်ရော။ ဗမာလူများစုကရော တိုင်း၇ခုအနေနဲ့ ပိုင်ဆိုင်ပြီးသားကို ပြန်ခွဲဝေပေးမလား။ တစ်ဖက်က လည်း ဗမာပြည်နယ်တစ်ခုထဲထားပြီး ကျန်ပြည်နယ်တွေနဲ့ တန်းတူအခွင့်အရေးပေးမယ်ဆိုရင် လူဦးရေ အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေကရော ကျေနပ်မယ်ထင်သလား။ ဗမာပြည်နယ်ကို ၇ခုမလုပ်ဘဲ ကျန်ပြည်နယ်တွေနဲ့ အလျော့အတင်းပါဝါကစားရအဆင်ပြေအောင် မျှတအောင်၊ အပြန်အလှန်ထိန်း သိမ်းနိုင်အောင် အရေအတွက်တစ်ခုခု (၄ခု၊ ၅ခု စသဖြင့်) နယ်နိမိတ်ပြင်ဆင်ဖွဲ့စည်းရင် ပိုအဆင်ပြေ မယ် လို့ မျှော်လင့်ပါတယ်။ တစ်ဖက်ကလည်း ဒီအချက်ကိုအခြေခံပြီး အာဏာပိုင်ဆိုင်ခွင့်(အာဏာခွဲဝေမှု)မှာ ထပ်ဆက်ရင်ပိုထင်ရှားမယ်လို့ယူဆပါတယ်။ ကျန်အရေအတွက်ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ် ချုပ်ခွင့် ပြဌာန်းခွင့်တွေကိုလည်း အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုနိုင်ကြဖို့ လည်း မျှော် လင့် ပါ တယ်။
ကဂ။ ။သယံဇာတပိုင်ဆိုင်ခွင့်ကလည်းဘဲ ပြဿနာတစ်ရပ်ပါ။ ဗမာပြည်နယ်တွေမှာ မက်မက်မောမော ရှိလောက် တဲ့ သယံဇာတရှားပြီး စိုက်ပျိုးမြေနဲ့ သီးနှံအထွက်များပြီး ပိုလျံတယ်။ တောင်တန်းပြည်နယ်တွေ မှာတော့ ဆန့်ကျင်ဖက်အနေအထားပါ။ ဒီအနေအထားမှာ အကိုင်အတွယ်မတတ် ရင် ပြိုကွဲ ဖို့ သွေး ခွဲပေး လိုက်သလို ဖြစ်တတ်ပါတယ် (ယူဂိုဆလားဗီးယား)။ သယံဇာတပိုင်ဆိုင်သူက ရမယ့်အချိုး၊ ဘုံရပိုင် ခွင့် ထဲထည့်ဝင်ပေးမယ့် အချိုးကို အများကြေနပ်စေလောက်တဲ့အထိ ငြိနှိုင်းတဲ့ အခြေအနေက အတိမ်း အစောင်း မှ ခံပါ့မလားပေါ့လေ။
(ခ) အာဏာခွဲဝေမှု။
ခက။ ။ဥပဒေပြုလွှတ်တော်
ခခ။ ။အုပ်ချုပ်ရေး
ခဂ။ ။တရားစီရင်ရေး
ခက။ ။ဥပဒေသမားမဟုတ်လေတော့ ဒီအကြောင်းပြောရ ရေးရမှာအင်မတန်ဝန်လေးပါတယ်။ အထက်က ဆို ခဲ့သလို ဗမာပြည်နယ်အရေအတွက်ကို သင့်တင့်အောင်ထားမယ်ဆိုတာကို ပြန်ကောက်ရအောင်။ အမေ ရိ ကန်ပုံစံ လွှတ်တော်၂ရပ်နဲ့ အာဏာခွဲဝေကျင့်သုံးတာ အဆင်ပြေမယ်မှန်းပါတယ်။ (ခုရှိနေတဲ့ ပြည် သူ့၊ အမျိုးသား၊ ပြည်ထောင်စု နဲ့အတူတူဆိုပေမယ့် အာဏာပါဝင်မှုအချိုးအစားနဲ့ ခွဲဝေပုံကတော့ ကွာသွား ပါ့မယ်) အောက်လွှတ်တော်က လူဦးရေ နဲ့ မြို့နယ်ဆိုတဲ့ နယ်မြေအကျယ်အဝန်းအလိုက် (လက်ရှိအတိုင်း) သွားပြီး၊ အထက်လွှတ်တော်ကတော့ ပြည်နယ်တိုင်းကရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးကိုတန်းတူထားတဲ့အနေနဲ့ တူညီတဲ့ လွှတ်တော်အမတ်ဦးရေတွေနဲ့ ဖွဲ့စည်းမှာပါ(ခုတော့ ၁၂ယောက်စီ)။ အထက်လွှတ်တော်မှာ အာ ဏာပိုပေးထားရပါမယ်။ ဒီလိုဆိုရင် အောက်လွှတ်တော်က လူများစုဗမာလူမျိုးတွေက ပြဌာန်းတဲ့ဥပဒေဟာ အထက်လွှတ်တော်မှာ လူမျိုးစုအသီးသီးက မမျှတဘူးထင်ရင် ဝိုင်းပြီးမဲအသာနဲ့ ပယ်ခွင့်ရှိပါပြီ။
ပြည်နယ်တွေတိုင်းက လွှတ်တော်တွေလည်း သူ့တို့ရဲ့ သီးခြားအကျိုးစီးပွား၊ ဓလေ့စရိုက်နဲ့ကိုက်ညီမယ့် ဥ ပဒေတွေကို ပြဌာန်းခွင့်ရှိမယ်ဆိုတာကတော့ ခုလည်းတောင်းဆိုနေ၊ လိုချင်နေကြတာဆိုတော့ သိပ် လည်းရေး စရာမရှိတော့ပါ။
ခခ။ ။အုပ်ချုပ်ရေးက ဗဟို အာဏာဘယ်လောက်၊ ပြည်နယ်တွေ အာဏာဘယ်လောက်ဆို တာ ဝေမျှရ မယ့် အခြေအနေပါ။ နိုင်ငံခြားရေး၊ စစ်ရေး၊ ဘဏ္ဍာရေးလောက်ဆိုတဲ့ ကြွင်းကျန်အာဏာလောက်နဲ့ ဗဟို အစိုးရထားမယ်ဆိုရင် ကမ္ဘာ့အင်အားကြီး၊ လူဦးရေးများတဲ့ တိုင်းပြည်၂ခုကြားက မဟာဗျူ ဟာမြောက်မြေနေ ရာလေးကို အုပ်ချူပ်ရမယ့် အစိုးရအတွက်တော့ အရာမရောက်ပါ ။ ပြည်နယ် တိုင်းကို လိုက်ပြီး ဗဟိုအစိုးရက ခယဝပ်တွားနေရတာမျိုးဆိုရင် အင်မတန်မှ နိုင်ငံရေးအင်အားမဲ့ ရာရောက်ပြီး နောက် ဆက်တွဲအကျိုးဆက်တွေမှာ ဆိုးကျိုးတွေက တသီကြီးဖြစ်လာမယ်လို့ စိုးရိမ်ရပါ တယ်။ အမျှော်အမြင်ကြီးစွာနဲ့ ဗဟိုအစိုးရကို အားကောင်းအောင်ပံ့ပိုး၊ ခွင့်ပေး၊ အာဏာခွင့်ပြုထားတာကမှ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအခြေအနေနဲ့နီးစပ်ပါ့မယ်။
ခဂ။ ။တရားစီရင်ရေးကတော့ သိပ်ထွေထွေထူးထူးမရှိလှပါဘူး။ (ကျွန်တော်မှ နားမလည်ဘဲ) အခြေခံ ဥပဒေ ခုံရုံးအဖြစ်လို ဥပဒေပြုရေးလွှတ်တော်က တရားစီရင်ရေးကို ကျော်လွှားတာမျိုးလောက် ရုပ်ဆိုး တာတွေ မဖြစ်ဖို့ဘဲ မျှော်လင့်ရတာပါပဲ။
၃။ တာဝန်
အခွင့်အရေးတွေကြီးပဲ ပြောနေပြီး တာဝန်ယူဖို့ကျတော့ ငါတို့မပါဘူးလုပ်လို့ ဘယ်ရမလဲ။ စစ်အစိုးရခေတ် ထဲ က ဒို့ တာ ဝန် အရေးသုံးပါးဖြစ်ပြီး ခုစာအုပ်စိမ်းကြီးအစမှာနေရာယူထားတဲ့
ဂက။ ပြည်ထောင်စုမပြိုကွဲရေး
ဂခ။ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး
ဂဂ။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
ဆိုတဲ့သုံးချက်လုံးက သူ့ဟာနဲ့သူ အနှစ်အရသာရှိကြပါတယ်။ ပြည်ထောင်စုမပြိုကွဲစေချင်လို့၊ တိုင်းရင်းသား အချင်းချင်းသာတူညီမျှစည်းလုံးချင်လို့၊ အတူတကွတည်ရှိနေထိုင်တဲ့ ပြည်ထောင်စုကြီးရဲ့ အချူပ်အခြာ အာ ဏာ(အာဏာရှင်စနစ်ကိုမမြင်ရပါ၊ ပြည်ထောင်စုနဲ့တိုင်းရင်းသားလူမျိုးတိုင်းရဲ့ ဂုဏ်သိက္ခာဖြစ်တဲ့ အချူပ် အခြာ အာဏာလို့ မြင်ကြည့်ပါ)ကို ပိုင်စိုးထားနိုင်ဖို့ ဖယ်ဒရယ်မူကို လိုက်နာစောင့်ထိန်းကြတယ်။ ဖယ်ဒ ရယ် မူနဲ့အခြေခံထားမယ့် အခြေခံဥပဒေကိုလိုက်နာစောင့်ထိန်းကြမယ်။ ဒီလိုအဓိပ္ပာယ်ဖွင့်လို့လည်း ရနေ မှာပဲ။ အမေရိကန်ပြည်ထောင်စုလည်း ဒီသုံးချက်ကို ထုတ်မပြောပေမယ့် ဒါကိုပဲလုပ်ခဲ့၊ လုပ်နေ၊ လုပ် သွား ဦးမှာဆိုတာ မြင်ကြည့်ပေါ့ခင်ဗျာ။ မပြိုကွဲချင်လို့ ပြည်တွင်းစစ်ကြီးဖြစ်၊ ချစ်ကြည်ရင်းနှီးချင်လို့ လူနီ ရိုင်း ဝန်ကြီးဌာနရှိတယ်၊နောက် လူမဲတွေလည်း မဲပေးခွင့်အပါအဝင် အခြားအခွင့်အရေးတွေ တန်းတူ ရ လာ တယ်(ဥပဒေကြောင်းအရ)။ အချူပ်အခြာအာဏာကိစ္စကတော့ ထူးပြောဖို့တောင် မလိုဘူးထင်ပါတယ်။
၎။ စစ်တပ်
စစ်တပ်ဟာ မြန်မာသမိုင်းနဲ့ နိုင်ငံရေးအရ မပါမဖြစ်မို့ သီးသန့်ခေါင်းစဉ်နဲ့ ရေးရမယ်လို့ယူဆပါတယ်။ ပထမ အချက်အနေနဲ့ လက်ရှိစစ်တပ်ဟာ ဖယ်ဒရယ်မူလမ်းကြောင်းမှာ အခုခံမဖြစ်စေဖို့ နိုင်ငံရေးသမားဆို သူတွေ က ဖယ်ဒရယ်မူဆိုတာ ပြိုကွဲစေဖို့မဟုတ်ဘူးဆိုတာ နားလည်အောင် စည်းရုံးနိုင်ဖို့လိုပါတယ်။ မ ဟုတ် ရင် ကယ်တင်ရှင်ကြီးတွေရဲ့ နောက်နှစ်ဆယ်ချီ ခေတ်တစ်ခေတ်ပြန်ထူထောင်ခိုင်းသလိုဖြစ်သွားရင် အားလုံးသင်္ဘောပျက်တဲ့ကိန်း ဆိုက်မှာပါ.။ နောက်တစ်ချက်က စစ်တပ်ကို ဗမာစစ်တပ်အဖြစ် ကျန်တိုင်း ရင်း သားတွေရှူမြင်နေတာဖျောက်ဖို့ သူကိုယ်တိုင်က လိုက်ပါပြောင်းလဲရပါမယ် (ဖယ်ဒရယ်မူကို စစ်တပ် ကလက်ခံရင်ပေါ့)။ ပြည်နယ်တွေကလည်း ခုကျန်တိုင်းရင်းသားတွေပြောနေသလို ကိုယ့်ပြည်နယ်မှာ ကိုယ် အခြေစိုက်၊ စစ်ဖြစ်ရင်လှမ်းခေါ် လာခဲ့မယ် ဆိုတဲ့ကလေးကလားအပြောမျိုးလျော့ပြီး တစ်ကယ့် မာကျောတောင့်တင်းတဲ့စစ်တပ်တစ်ခုဖြစ်ဖို့ ပူးပေါင်းရမှာပေါ့။ နို့မို့ဆို စစ်မြေပြင်ရောက်မှာ တစ်ခါမှ မမြင်ဖူး တဲ့ လူမျိုးစုံက တစ်ယောက်နဲ့ တစ်ယောက်၊ တစ်တပ်နဋ္ဌဲ့တစ်တပ် နားမလည်ဘဲ ဘယ့်နဲ့ ရန်သူကို ရင် ဆိုင် မတုန်း၊ ခုမှမြင်ဖူးတဲ့သူကို ယူနီဖောင်းတူဝတ်ထားပေမယ့် ရန်သူဖြစ်နေမလားဆိုပြီး ကပ်သီးကပ်သပ်နဲ့ သံ သယတွေဝင်ရင် ဘယ့်နဲ့စစ်တိုက်မလဲ။ ဒီလိုစစ်တပ်မျိုးနဲ့သာတိုင်းပြည်ကို ကာကွယ်မယ်ဆိုရင် မရှိတာကမှ စားရိတ်သက်သာမယ်၊ တစ်မျိုးအေးမယ် ထင်တာပါပဲ။ နိုင်ငံသားတိုင်း လူမျိုးဘာသာမရွေး ကိုယ်အစွမ်း ရှိသလောက် နေရာ၊အောင်မြင်မှုရှိရှိ အခွင့်ရေးတန်းတူ တာဝန်ထမ်းဆောင်ခွင့်ရှိမယ့် အမြဲတမ်းစစ်တပ်ကိုပဲ သဘောကျလက်ခံပါတယ်။
အကျဉ်းချုပ်ဆိုရင်ဖြင့် ဖယ်ဒရယ်မူဟာ လက်ရှိမှာ နယ်မြေနဲ့ လူများစုအင်အားရှိတဲ့ ဗမာတိုင်းရင်းသားတွေ ကို ကျန်တိုင်းရင်းသားတွေက တန်ပြန်ခြိမ်းခြောက်တဲ့ မူမဟုတ်ဘူးဆိုတာပြဖို့ အပြန်အလှန်လေးစားမှုနဲ့ နား လည်ပြီး မျှတမှုရှိတဲ့ နယ်မြေခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အာဏာခွဲဝေမှုရှိရအောင် ညှိနှိုင်းကြဖို့ရယ် တိုင်းပြည်ရဲ့ မဟာဗျူဟာကျတဲ့ ပထဝီအနေအထားနိုင်ငံရေးအရ ဗဟိုအစိုးရကို အားပံ့ထောက်ကူဖို့၊ အာ ဏာအနည်းအကျဉ်းပေးပြီးအခက်အခဲနဲ့ မကြုံစေရဖို့ အဓိကထား ညှိနှိုင်းကြဖို့ပါ။ လက်ရှိဖွဲ့စည်းပုံကို ပယ်ပြီး လာလေရော့အသစ်တစ်ခုဆိုပြီး အပ်ချလောင်းလုပ်ဖို့လည်း မလိုပါဘူး(လက်ရှိဖွဲ့စည်းပုံကို ခိုင် မာအောင်စောင့်ရှောက်မယ်လို့ တာဝန်ခံထားသူတွေရှိတယ်ဆိုတာ သတိရပါလေ)။ ရှိပြီးသားထဲ ကို ပြင် ဆင်ဖြည့်စွပ်ပယ်ဖျက်တွေလုပ်မယ်ဆိုရင်လည်း အဆင်ပြေမှာပါ။ စစ်တပ်ကလည်း လက်ခံအောင်၊ သဘောပေါက်ပြီးလိုက်ပါပြောင်းလဲအောင် နိုင်ငံရေးသမားဆိုတဲ့လူတွေကလည်း မလို တာတွေလျှောက်ပြောပြီး ဟောင်ဖွာဖွာလုပ်တာထက်၊ စည်းရုံးနားချတွဲခေါ်နိုင်စွမ်းရှိအောင် ဥာဏ်နဲ့လွှာပြီး လုပ်နိုင်ရင် အောင်မြင်မှာပါ(ရင်တော့ခပ်လေးလေးရယ်၊ ဒေါက်တာမောင်မောင်ရဲ့ ရက်တစ်ရာရွေးကောက် ပွဲနဲ့ ဖွဲ့စည်းပုံပြင်ရေးကို ကြားဖြတ်အစိုးရဖွဲ့ရေးနဲ့ ပယ်ချခဲ့တာလေးရှိဖူးတော့လေ။ ဒါပေမယ့် အချိန်အခါနဲ့ အရှိန်ပါတာခြင်းတော့ ကွာလွန်းတာပေါ့)။ ရှမ်းမူဖြစ်တဲ့ ဖယ်ဒရယ်ခေါပုပ်နဲ့ ဗမာတွေရဲ့ရပ်တည်မှု ဘိန်းမုန့် ကို ဆွေးနွေးညှိနှိုင်းအဖြေရှာရာမှာ Compromise ဆိုတဲ့ အင်္ဂလိပ်စာလုံးလေးကို ထောပတ်အဖြစ်သုတ်ပြီး စားရင်အားလုံး အရသာရှိရှိနဲ့ ဗိုက်ဝ အဆင်ပြေလောက်မလား တွေးမိတာပါပဲ။
စစ်အစိုးရခေတ်က ထောင်းဟေ့ဆိုတော့လည်း အတူတူခံခဲ့ရတာပဲ။ ထောင်ထဲရောက်၊ တောထဲသေရတဲ့ ဗမာတိုင်းရင်းသားတွေနဲ့ ကျန်တိုင်းရင်းသားတွေက လူချင်းတူတူပါပဲ၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အခွင့် အရေးတွေကို ကိုယ်စီခံစားချင်တဲ့စိတ်ဓါတ်မှာလည်း တူတူပါပဲ။ တိုင်းရင်းသားတွေအားလုံးက မတရားမှုကို တွန်းလှန်ခဲ့ကြတာမှာလည်း တူတူပါပဲ။ တစ်ကိုယ်ထဲသဘောထားပြောရရင်တော့ ဖယ်ဒရယ်မူဆိုတဲ့ အပြေးထက်၊ ခုကပုံမှန်ဖွံ့ဖြိုးရေးဆိုတဲ့ လမ်းလျှောက်ကို အရင်တတ်အောင်သင်ကြတာ၊ ကြိုးစားအား ထုတ်ကြတာကပိုအဆင်ပြေမလားလို့ပါ။ တော်နေကျမှ ဖယ်ဒရယ်က ပြိုကွဲရေးအစား အခြားရှုထောင့် ကနေပြီး နိုင်ငံရေးအကျပ်အတည်းတွေ ယူဆောင်လာမှာကို ကြောက်မိတာပါပဲ။ အများပြည်သူ သာမာန် လူတန်းစားတွေကတော့ ဘာမှသိရှာတာမဟုတ်ဘူးမလား။ တစ်နေ့တစ်နေ့ ဝမ်းရေးဖြေရှင်းရတာကိုက သူ တို့တွေရဲ့ အဓိကနိုင်ငံရေးပြဿနာဖြစ်နေတာ ကြာလွန်းလှပြီမဟုတ်လားဗျာ..။ ခုကတော့ ထိပ် ဆုံး မှာပြော သလို မကြာခင်ကြုံရတော့မှာဆိုတော့လည်း သုံးသပ်ကြည့်တာပေါ့..။
ဒါပါပဲ... ကျေးဇူးတင်ပါတယ်..။
ကို ဒင်္ဂါး
No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။