Pages

Tuesday, December 4, 2012

“““ လက်ပံတောင်းတောင် သပိတ်စခန်း တွင် ထိခိုက်ဒဏ်ရာ ရခဲ့သူများ အနက် လူနာ ( ၇၄ ) ဦး မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး သို့ ပြောင်းရွှေ့ ကုသပေး ”””

နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာရပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် ကုသခံနေရသူများအနက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူရသူမှာ သံဃာ ၇၀ ပါးနှင့် လူလေးဦး ရှိသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

''မနေ့က (ဒီဇင်ဘာ ၁ ရက်) အပြင်အဖွဲ့အစည်းတွေကနေ မုံရွာဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ လူ နာေ တွထဲက ထိခိုက်မှုများတဲ့ လူနာတွေကို မန္တလေးဆေးရုံကြီးကို ပို့ပေးဖို့ အကူအညီတောင်းလို့ ကျွန်တော်တို့ အသင်းက လူနာတင်ယာဉ်လေးစီး၊ ဗြဟ္မစိုရ်အသင်းက လေးစီး၊ အမရဌာနီအသင်းက နှစ်စီးနဲ့ မဏီစ လ အသင်းက တစ်စီး စုစုပေါင်းကား ၁၀ စီးနဲ့ သံဃာ ၁၈ ပါး၊ လူနှစ်ဦး မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ပေး ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း ရွှေ့ပြောင်းဖို့ကျန်တဲ့ လူနာတွေရှိသေးလို့ ကျွန်တော်တို့ အ သင်းရယ် မဏီစလ၊ ဧရာမေတ္တာ၊ အမရရွှေကူ၊ ကရုဏာမြင့်မိုရ်၊ ဘ၀အလင်း စတဲ့အသင်းတွေက လူနာ တင်ယာဉ် ၁၃ စီးနဲ့ သံဃာ ၄၉ ပါး၊ လူနှစ်ဦး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်'' ဟု ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

မန္တလေးဆေးရုံကြီး၌ ဒီဇင်ဘာ ၂ ရက် နံနက်အထိ လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုေ ကြာ င့် ထိခိုက်ဒဏ်ရာရရှိပြီး ကုသမှုခံယူနေရသော လူနာဦးရေမှာ သံဃာ ၂၁ ပါးနှင့် လူနှစ်ဦး စုစုပေါင်း ၂၃ ဦးရှိပြီး မုံရွာဆေးရုံမှ လူနာအားလုံးနီးပါးကို ပြောင်းရွှေ့ကုသသွားမည်ဖြစ်ကြောင်း သိရသည်။

''ထိခိုက်ဒဏ်ရာရမှုတွေကြောင့် မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ သံဃာတော်တွေထဲက ဒဏ်ရာ များတဲ့ သံဃာတွေကို အရင်ဆုံး ခေါ်ဆောင်လာတာပါ။ အရေပြားထိခိုက်ပျက်စီးမှု ဖြစ်တာဆိုေ တာ့ ကော င်း မွန်တဲ့ဆေးဝါးကုသမှု မခံယူရင် ဒဏ်ရာအခြေအနေက ပိုဆိုးနိုင်တာရယ် ကိုယ်တော်တွေကိုယ်တိုင်က မုံရွာဆေးရုံကြီးထက် မန္တလေးဆေးရုံကြီးကို ပိုပြီးအားကိုးတာရယ်ကြောင့် ပြောင်းရွှေ့ကုသရတာပါ။ မေ န့ ကရောက်လာတဲ့ ၁၈ ပါးထဲမှာဆိုရင် ရောက်ရောက်ခြင်း ခွဲစိတ်ခန်းဝင်ရတာ ခုနှစ်ပါးလောက်ရှိတယ်။ မုံ ရွာဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ လူနာအားလုံး ဒီကိုပြောင်းရွှေ့ကုသဖို့ မိန့်ထားပါတယ်'' ဟု ပြောင်းရွှေ့ လာသော သံဃာများအား တာဝန်ယူ ဆောင်ရွက်ပေးနေသော ရေတော်တိုက်ဆရာတော် ဥူးဝိသုဒမှ မိန့် ကြားသည်။

မုံရွာဆေးရုံကြီးတွင် ကုသမှုခံယူနေသော လူနာများကို မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့၍ ကုသမှုခံ ယူ သွားမည်ဖြစ်ကြောင်း၊ မန္တလေးဆေးရုံကြီးတွင် လက်ပံတောင်းတောင် အရေးကြောင့် ထိခိုက်ဒဏ် ရာရ ရှိသော လူနာတက်ရောက်ကုသမှုမှာ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သံဃာတစ်ပါး၊ နိုဝင်ဘာလ ၃၀ ရက်နေ့ တွင် သံဃာနှစ်ပါး၊ ဒီဇင်ဘာလ ၁ ရက်နေ့ညတွင် သံဃာ ၁၈ ပါး၊ ကျားတစ်ဦးနှင့် မတစ်ဦး၊ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် လူမှုကူညီရေးအသင်း လူနာတင်ယာဉ် ၁၅ စီးဖြင့် ထိခိုက်ဒဏ်ရာရ သံဃာ ၄၉ ပါး၊ လူနှစ်ဦး ပြောင်းရွှေ့ကုသလျက်ရှိပြီး စုစုပေါင်း သံဃာ ၇၀ ပါးနှင့် လူလေးဦး ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

EMG
အာဇာနည်မျိုးသေရိုးမရှိ

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

“““ လက်ပံတောင်းတောင် သပိတ်စခန်း တွင် ထိခိုက်ဒဏ်ရာ ရခဲ့သူများ အနက် လူနာ ( ၇၄ ) ဦး မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး သို့ ပြောင်းရွှေ့ ကုသပေး ”””

Labels:

နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာရပြီး မုံရွာပြည်သူ့ဆေးရုံကြီးတွင် ကုသခံနေရသူများအနက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူရသူမှာ သံဃာ ၇၀ ပါးနှင့် လူလေးဦး ရှိသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

''မနေ့က (ဒီဇင်ဘာ ၁ ရက်) အပြင်အဖွဲ့အစည်းတွေကနေ မုံရွာဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ လူ နာေ တွထဲက ထိခိုက်မှုများတဲ့ လူနာတွေကို မန္တလေးဆေးရုံကြီးကို ပို့ပေးဖို့ အကူအညီတောင်းလို့ ကျွန်တော်တို့ အသင်းက လူနာတင်ယာဉ်လေးစီး၊ ဗြဟ္မစိုရ်အသင်းက လေးစီး၊ အမရဌာနီအသင်းက နှစ်စီးနဲ့ မဏီစ လ အသင်းက တစ်စီး စုစုပေါင်းကား ၁၀ စီးနဲ့ သံဃာ ၁၈ ပါး၊ လူနှစ်ဦး မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ပေး ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း ရွှေ့ပြောင်းဖို့ကျန်တဲ့ လူနာတွေရှိသေးလို့ ကျွန်တော်တို့ အ သင်းရယ် မဏီစလ၊ ဧရာမေတ္တာ၊ အမရရွှေကူ၊ ကရုဏာမြင့်မိုရ်၊ ဘ၀အလင်း စတဲ့အသင်းတွေက လူနာ တင်ယာဉ် ၁၃ စီးနဲ့ သံဃာ ၄၉ ပါး၊ လူနှစ်ဦး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်'' ဟု ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

မန္တလေးဆေးရုံကြီး၌ ဒီဇင်ဘာ ၂ ရက် နံနက်အထိ လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုေ ကြာ င့် ထိခိုက်ဒဏ်ရာရရှိပြီး ကုသမှုခံယူနေရသော လူနာဦးရေမှာ သံဃာ ၂၁ ပါးနှင့် လူနှစ်ဦး စုစုပေါင်း ၂၃ ဦးရှိပြီး မုံရွာဆေးရုံမှ လူနာအားလုံးနီးပါးကို ပြောင်းရွှေ့ကုသသွားမည်ဖြစ်ကြောင်း သိရသည်။

''ထိခိုက်ဒဏ်ရာရမှုတွေကြောင့် မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ သံဃာတော်တွေထဲက ဒဏ်ရာ များတဲ့ သံဃာတွေကို အရင်ဆုံး ခေါ်ဆောင်လာတာပါ။ အရေပြားထိခိုက်ပျက်စီးမှု ဖြစ်တာဆိုေ တာ့ ကော င်း မွန်တဲ့ဆေးဝါးကုသမှု မခံယူရင် ဒဏ်ရာအခြေအနေက ပိုဆိုးနိုင်တာရယ် ကိုယ်တော်တွေကိုယ်တိုင်က မုံရွာဆေးရုံကြီးထက် မန္တလေးဆေးရုံကြီးကို ပိုပြီးအားကိုးတာရယ်ကြောင့် ပြောင်းရွှေ့ကုသရတာပါ။ မေ န့ ကရောက်လာတဲ့ ၁၈ ပါးထဲမှာဆိုရင် ရောက်ရောက်ခြင်း ခွဲစိတ်ခန်းဝင်ရတာ ခုနှစ်ပါးလောက်ရှိတယ်။ မုံ ရွာဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ လူနာအားလုံး ဒီကိုပြောင်းရွှေ့ကုသဖို့ မိန့်ထားပါတယ်'' ဟု ပြောင်းရွှေ့ လာသော သံဃာများအား တာဝန်ယူ ဆောင်ရွက်ပေးနေသော ရေတော်တိုက်ဆရာတော် ဥူးဝိသုဒမှ မိန့် ကြားသည်။

မုံရွာဆေးရုံကြီးတွင် ကုသမှုခံယူနေသော လူနာများကို မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့၍ ကုသမှုခံ ယူ သွားမည်ဖြစ်ကြောင်း၊ မန္တလေးဆေးရုံကြီးတွင် လက်ပံတောင်းတောင် အရေးကြောင့် ထိခိုက်ဒဏ် ရာရ ရှိသော လူနာတက်ရောက်ကုသမှုမှာ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သံဃာတစ်ပါး၊ နိုဝင်ဘာလ ၃၀ ရက်နေ့ တွင် သံဃာနှစ်ပါး၊ ဒီဇင်ဘာလ ၁ ရက်နေ့ညတွင် သံဃာ ၁၈ ပါး၊ ကျားတစ်ဦးနှင့် မတစ်ဦး၊ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် လူမှုကူညီရေးအသင်း လူနာတင်ယာဉ် ၁၅ စီးဖြင့် ထိခိုက်ဒဏ်ရာရ သံဃာ ၄၉ ပါး၊ လူနှစ်ဦး ပြောင်းရွှေ့ကုသလျက်ရှိပြီး စုစုပေါင်း သံဃာ ၇၀ ပါးနှင့် လူလေးဦး ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

EMG
အာဇာနည်မျိုးသေရိုးမရှိ

0 comments: