Pages

Tuesday, October 30, 2012

သန္ဓေ မကောင်းခဲ့သော KIA

30.12.2012

ကချင်ပြည်နယ် ၏အလှမှာ စာဖွဲ့၍ မကုန်ပေ ။ ကချင် တိုင်းရင်းသား တို့၏ မနောကပွဲများ ၊ ထောင်ကာ ကပွဲများမှာ ပျော်စရာ ကောင်းလှသည်။ ရိုးရာ ဓလေ့ ထုံးစံများမှာ ချစ်စရာ ကောင်းပြီး စိတ်ဝင်စား စရာ လည်း ကောင်းလှသည်။ ထိုမျှ သာယာ လှပသော ကချင် ပြည်နယ်ကြီးတွင် မှီတင်းနေထိုင် ကြသော တိုင်း ရင်းသား များသည် ငြိမ်းချမ်းမှု ၏ အရသာကို မခံစားနိုင်ဘဲ KIA အမည်ခံ လက်နက် ကိုင် သောင်းကျန်းသူ များ၏ နှောင့်ယှက် ဖျက်ဆီးမှု များကြောင့် ကချင်ပြည်နယ် တစ်ခုလုံး အကျည်းတန် အရုပ်ဆိုး ခဲ့ရသည်။

အပြစ်မဲ့ ပြည်သူများ သေကျေ ပျက်စီးခဲ့ရ သကဲ့သို့ အိုးအိမ်များ မီးလောင်ပျက်စီးခြင်း ၊ တံတားများ ၊ မီးရ ထား လမ်းများ မိုင်းထောင် ဖောက်ခွဲခံ ရခြင်း ၊ သောင်းနှင့်ချီသော ပြည်သူများ ဒုက္ခသည် စခန်းများတွင် သွားရောက် နေထိုင် နေရခြင်းဖြင့် လူနေမှု စနစ် များစွာ နိမ့်ကျ ခဲ့ရပေသည်။ ကချင်လူထု ကောင်း စားရေး ဟု ဟစ်ကြွေးခဲ့ ကြသူများသည် ကချင်လူထုကို နစ်မွန်းသည်ထက် နစ်မွန်းစေပြီး ဆင်းရဲတွင်းနက် သည် ထက် နက်ခဲ့ကြ စေသည်။ KIA ဟူသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ် ကတည်း ကပင် KNU အဖွဲ့၏ သွေးထိုး လှုံ့ဆောင်မှုဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

အမှတ်(၁) ကချင် သေနတ်ကိုင် တပ်ရင်း မှ ဗိုလ်ကြီး နော်ဆိုင်းသည် လက်အောက် ငယ်သားများကို စည်း ရုံး၍ တပ်မတော် အပေါ် သစ္စာဖောက်ကာ KNDO များနှင့် ပူးပေါင်းလိုက်သည်။ နော်ဆိုင်းသည် KNDO နှင့် အတူ ရှမ်းပြည်နယ် မြောက်ပိုင်း တွင် လှုပ်ရှားနေစဉ် လားရှိုး အစိုးရ အထက်တန်းကျောင်း မှ ၈ တန်း ကျောင်း သား ဇော်ဆိုင်းကို စည်းရုံး သိမ်းသွင်း လိုက်သည်။ ဇော်ဆိုင်းသည် နော်ဆိုင်းကို အထင် ကြီးကာ တပည့်ခံခဲ့သည်။ ၁၉၅၁ တွင် နော်ဆိုင်းသည် တစ်ဘက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံသည့်အ ခါ ဇော် ဆိုင်းသည် KNDO တွင် ကျန်ရစ်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် KNDO များက ဇော်ဆိုင်းကို မြေအောက် လှုပ် ရှား မှုများ ပြုလုပ်ရန် ရှမ်းပြည်နယ် မြောက်ပိုင်း သို့ စေလွှတ်လိုက်သည်။

ဂျီလစ်လင်း ဆိုသူသည်လည်း ကချင်အမည် ဇော်ဘောက် အမည်ခံကာ ဇော်ဆိုင်း၏ အကြံပေး အရာရှိ အဖြစ် လိုက်ပါခဲ့သည်။ ဇော်ဆိုင်း နှင့် ဇော်ဘောက် တို့သည် ဇော်ဆိုင်း၏ မိခင်ဖြစ်သူ ကျောင်းဆရာမ အဖြစ် တာဝန် ထမ်းဆောင် နေသော ဟိုကုန် တိုက်နယ် ၊ နမ့်အန်ရွာတွင် အခြေချ၍ မြေအောက် စည်းရုံး သိမ်းသွင်းရေး လုပ်ငန်းများ ပြုလုပ်ကြသည်။ ဇော်ဆိုင်း၏ ညီဖြစ်သူ တက္ကသိုလ် ကျောင်းသား ဇော်တူး သည်လည်း တောခိုလာပြီး အစ်ကိုဖြစ်သူ ဇော်ဆိုင်း နှင့် လာရောက် ပူးပေါင်းသည်။ ဇော်ဆိုင်း တို့လူစု သည် လမုံတူးချိုင် ဆိုသူကိုလည်း စည်းရုံး သိမ်းသွင်း နိုင်ခဲ့သည်။ အဆိုပါ လမုံတူးချိုင် သည် အမှတ်(၄) ကချင် သေနတ်ကိုင် တပ်ရင်းတွင် ဒုတပ်ကြပ်ဖြင့် တာဝန် ထမ်းဆောင် နေစဉ် သူတစ်ပါး မယားကို ကြာခို မှုဖြင့် တပ်မတော်မှ အထုတ်ခံ ထားရသူ တစ်ဦးဖြစ်သည်။ ၄င်းအပြင် တက္ကသိုလ်မှ ထွက်၍ ကွတ်ခိုင် သို့ ပြန်ရောက်လာသော လမာလရိန်း ဆိုသူကိုလည်း ဇော်ဆိုင်းတို့ လူစုနှင့် ပူးပေါင်းမိခဲ့ ကြသည်။

၁၉၆၀ ခုနှစ်တွင် ဇော်ဆိုင်း ၊ တက္ကသိုလ်မှ ထွက်ပြေးလာကြသူ ဇော်တူး နှင့် လမာလရိန်း ၊ တပ်မတော်မှ မုဒိမ်းမှုဖြင့် ထုတ်ပယ်ခြင်း ခံရသူ လမုံတူးချိုင် တို့ လူစုသည် ဇော်ဘောက်၏ အကူအညီဖြင့် KIO ကို ဖွဲ့စည်း ခဲ့ကြသည်။ အဆိုပါ KIO တွင် ဥက္ကဋ္ဌ အဖြစ် ဇော်ဆိုင်း ၊ ဒုဥက္ကဋ္ဌ အဖြစ် ဇော်တူး ၊ အတွင်းရေးမှူး အဖြစ် လမာလရိန်း တို့က တာဝန်ယူ ကြသည်။ ၅-၂-၁၉၆၀ ရက်တွင် KIO အဖွဲ့သည် လားရှိုးငွေတိုက် ကို စီးနင်းတိုက်ခိုက်ပြီး ငွေများ ယူဆောင်ကာ " ကချင် တော်လှန်ရေး စပြီ " ဟု ကြွေးကြော် လိုက်ကြသည်။

၅-၂-၁၉၆၁ တွင် ကြိုတင် စည်းရုံးထားသော လားရှိုး နှင့် ကွတ်ခိုင် ဒေသမှ လူငယ် လူရွယ် များကို စု စည်း ပြီး KIA ( Kachin Independence Army) နှင့် KIC ( Kachin Independence Council ) ကို ဖွဲ့စည်း ခဲ့ ကြသည်။ KIA ဆူပူထကြွမှုမှာ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ မှတစ်ဆင့် ကချင်ပြည်နယ် ဗန်းမော် မြို့နယ် အထိ ဆက်လက် ကူးစက် လောင်ကျွမ်း သော်လည်း အရှိန်ကောင်း လှသည်တော့ မဟုတ်ပေ ။ ဇော် ဆိုင်းတို့ လူစုသည် ဗမာတွေကို အနိုင်ကျင့်သည် ၊ နှိပ်စက်သည် စသဖြင့် လူမျိုးရေး သွေးခွဲပြီး စည်း ရုံးကြခြင်း ဖြစ်သည်။ သို့သော်လည်း ကချင် တိုင်းရင်းသား အများစုမှာ KIA လှုပ်ရှားမှုကို စိတ်ဝင်စားမှု မရှိကြပေ။

သို့သော်လည်း KIA တို့အတွက် ထောက်ခံမှု ရနိုင်စရာ အခွင့်အလမ်း ပေါ်ပေါက် လာခဲ့သည်။ ၂၆-၈-၁၉၆၁ ရက်တွင် အာဏာရပါတီ ဖြစ်သည့် ပထစ အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ထုတ်ပြန် ကြေ ညာ လိုက်သည်။ KIA များသည် ခရစ်ယာန် ဘာသာဝင် အများစု ဖြစ်ပြီး ကချင်လူထုကို ဘာသာရေး လွတ်လပ်ခွင့် မရှိဟု ဆိုကာ ဘာသာရေး အကြောင်းပြပြီး စည်းရုံးတော့သည်။ ဖီမော် ၊ ဂေါ် လန် ၊ ကန်ဖန် နယ်များအား မြန်မာ အစိုးရက တရုတ်နိုင်ငံသို့ လွှဲပြောင်း ပေးခြင်း နှင့် ပတ်သက်၍ KIA များက ဗမာအစိုးရသည် ကချင်ပြည်နယ် မှ နယ်မြေများကို တရုတ်သို့ ဖွဲ့ထုတ် ရောင်းစား နေသည်ဟု စည်းရုံးကြ ပြန်သည်။ KIA ၏ ကျဉ်းမြောင်းသော လူမျိုးရေး ဗန်းပြ စည်းရုံးမှု အောက်တွင် ကချင် လူငယ် လူရွယ် အများအပြား တောခို ခဲ့ကြရာ KIA မှာ တဖြည်းဖြည်း အင်အား ကြီးထွား လာခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ဇော်ဒန် ခေါင်းဆောင်သော KIA  ကိုယ်စားလှယ် အဖွဲ့ တက်ရောက် နေစဉ် ကာလအတွင်း KIA များသည် လူသစ် စုဆောင်းခြင်း ၊ ဆက်ကြေး ကောက်ခြင်း ၊ နယ်မြေ ချဲ့ထွင်ခြင်း တို့ကို အခွင့်ကောင်း ယူကာ တဘက်လှည့် ဆောင်ရွက်ခဲ့သည်။ အထူး သဖြင့် ဇော် တူးသည် ကျောက်စိမ်း ထွက်ရှိရာ ဒေသ ဖြစ်သော ကာမိုင်းနယ် အတွင်း ၀င်ရောက်ပြီး ကျေးရွာများကို စိုးမိုး နိုင်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၆၄ ခုနှစ် အတွင်း KIA လှုပ်ရှားမှု များသည် သိသိသာသာ ကျယ်ပြန့် လာခဲ့သည်။

KIA များသည် လူမျိုးရေး ၊ ဘာသာရေး နှင့် ပတ်သက်၍ အယူအဆ ပြင်းထန် နေသူများ ဖြစ်ရာ လူမျိုးမတူ ၊ ဘာသာမတူ သူများမှာ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ ဗမာစကား မပြောရ ၊ ဗမာနှင့် မဆက်ဆံရ စသည့် ကျဉ်းမြောင်းသည့် လူမျိုးရေး ဆန်သော အမိန့်များကို ထုတ်ပြန်ခဲ့သည်။ အစိုးရ၏ အုပ် ချုပ်ရေး ယန္တယား များကိုလည်း ဖျက်ဆီးခဲ့ကြပြီး လမ်းပန်း ဆက်သွယ်ရေး များကိုလည်း ဖြတ်တောက် ခဲ့ ကြ သည်။ ကာမိုင်း နှင့် ဖားကန့်/လုံးခင်း ဒေသမှ ကျောက်စိမ်းတွင်း များကို လက်ဝါးကြီး အုပ်၍ တစ် ဘက်နိုင်ငံ သို့ ခိုးထုတ်ခြင်း ၊ ရရှိသော ငွေကြေးများကို လက်နက် ၊ ခဲယမ်း များဝယ်ယူခြင်း ၊ ဆက်ကြေး ကောက် ခံခြင်း ၊ မိန်းမကိစ္စ ရှုပ်ထွေးခြင်းများ ပြုလုပ် ခဲ့ကြသည်။ ၁၉၇၅ ခုနှစ် ၊ သြဂုတ်လ ၁၀ ရက်နေ့တွင် KIA ဗိုလ် စိုင်းတူ သည် ဇော်ဆိုင်း ၊ ဇော်တူး နှင့် ပုံရွှေဇော်ဆိုင်း တို့အား ထိုင်းနိုင်ငံ ၊ ထန်ဝိုး စခန်း တွင် လုပ်ကြံ သတ်ဖြတ် လိုက်သည်။

ယခုလက်ရှိ KIA  ခေါင်းဆောင် များသည်လည်း KIA ကို စတင် တည်ထောင်ခဲ့သည့် ခေါင်းဆောင်များ နည်း တူ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒကို အခြေခံလျက် ကချင်ပြည်နယ် အတွင်း နေထိုင်ကြသည့် တိုင်းရင်းသား များအား ဒုက္ခ ကြီး - ငယ် ရောက်စေရန် ဆက်လက် လုပ်ဆောင် နေကြပြန်သည်။ KIA များသည် စတင် ထကြွ သောင်းကျန်း ကတည်းက " လူမျိုးရေး ၊ ဘာသာရေး ၊ လုံးဝ ခွဲထွက်ရေး " မှ အပ နိုင်ငံရေးလမ်းစဉ် ဟူ၍ တိတိကျကျ မရှိခဲ့ပေ။ လက်နက် ၊ ခဲယမ်း ရရှိမည် ဆိုလျှင် မည်သူ့ထံမှ ရရ ၊ မည်သည့်နည်း နှင့်ရရ ရယူရန်သာ ကြိုးစားခဲ့ပြီး ပြည်ပအားကိုး အမျိုးသား သစ္စာဖောက်မှု များကိုလည်း အကြိမ်ကြိမ် ကျူးလွန်ခဲ့သည်။ လူအင်အား ရရှိရေး အတွက် အသက် ငယ်ရွယ်သူများ အပါ အ၀င် ယော က်ျားလေး ၊ မိန်းကလေး အားလုံးကို အတင်း အဓမ္မ စုဆောင်းသည် စနစ်ကို ကျင့်သုံးကြသည်။ စတင် ဖွဲ့စည်း ကတည်းက " သန္ဓေ မကောင်းခဲ့သော KIA " အနေဖြင့် ယနေ့အချိန် အထိတိုင် ကချင်ပြည်နယ် ၏ အလှတရား များနှင့် ပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ အေးချမ်း သာယာ စွာ နေထိုင် လုပ်ကိုင် စားသောက်နေမှု များကို ဖျက်ဆီး နေကြသူများသာ ဖြစ်ကြောင်း တင်ပြလိုက်ရ ပါသည်။

ပြည်ချစ်သား

ကချင်သတင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: