Pages

Saturday, October 27, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု၊ ဒုတိယ ဘဏ္ဍာရေး ဝန်ကြီး နှင့် တွေ့ဆုံစဉ် Sanction ဖယ်ရှားရေး ဆွေးနွေး

7.10.2012

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်  (၉) နာရီတွင် အမေရိကန် ပြည်ထောင်စု၊ ဒုတိယ ဘဏ္ဍာရေး ဝန်ကြီး H.E. Mr. Neal Steven Wolin ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား နေပြည်တော် ရှိ၊ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာ တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်အတူ ပြည်ထောင်စု ဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းရှိန် နှင့် ဒေါက်တာ ကံဇော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိမ်းနှင့် တာဝန်ရှိသူ များ တက်ရောက် ကြပြီး ဧည့်သည်တော် ဒုတိယ ဘဏ္ဍာရေး ဝန်ကြီးနှင့် အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek Mitchell နှင့် သံရုံးမှ တာဝန်ရှိသူများ၊ အဆင့်မြင့် အရာရှိ ကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံ ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ တွင် အထောက်အပံ့ ဖြစ်စေနိုင်မည့် ဗဟိုဘဏ် လုပ်ငန်း ဆိုင်ရာများ၊ ငွေကြေးလုပ်ငန်း ပညာရပ် များ၊ နည်း ပညာရပ် များ နှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများ ကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ နှင့် အညီ ဆောင်ရွက်နိုင်ရေး အတွက် အကူအညီပေးရေး၊ ကျန်ရှိနေသော စီးပွားရေး ပိတ်ဆို့ကန့်သတ်မှုများ အား အပြီးတိုင် ပယ်ဖျက် ပေးနိုင်ရေး တို့အား ရင်းနှီးစွာ ဆွေးနွေးကြသည် ။

Myanmar Express

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု၊ ဒုတိယ ဘဏ္ဍာရေး ဝန်ကြီး နှင့် တွေ့ဆုံစဉ် Sanction ဖယ်ရှားရေး ဆွေးနွေး

Labels:

7.10.2012

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်  (၉) နာရီတွင် အမေရိကန် ပြည်ထောင်စု၊ ဒုတိယ ဘဏ္ဍာရေး ဝန်ကြီး H.E. Mr. Neal Steven Wolin ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား နေပြည်တော် ရှိ၊ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာ တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်အတူ ပြည်ထောင်စု ဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းရှိန် နှင့် ဒေါက်တာ ကံဇော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိမ်းနှင့် တာဝန်ရှိသူ များ တက်ရောက် ကြပြီး ဧည့်သည်တော် ဒုတိယ ဘဏ္ဍာရေး ဝန်ကြီးနှင့် အတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek Mitchell နှင့် သံရုံးမှ တာဝန်ရှိသူများ၊ အဆင့်မြင့် အရာရှိ ကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံ ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ တွင် အထောက်အပံ့ ဖြစ်စေနိုင်မည့် ဗဟိုဘဏ် လုပ်ငန်း ဆိုင်ရာများ၊ ငွေကြေးလုပ်ငန်း ပညာရပ် များ၊ နည်း ပညာရပ် များ နှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများ ကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ နှင့် အညီ ဆောင်ရွက်နိုင်ရေး အတွက် အကူအညီပေးရေး၊ ကျန်ရှိနေသော စီးပွားရေး ပိတ်ဆို့ကန့်သတ်မှုများ အား အပြီးတိုင် ပယ်ဖျက် ပေးနိုင်ရေး တို့အား ရင်းနှီးစွာ ဆွေးနွေးကြသည် ။

Myanmar Express
0 comments: