Pages

Saturday, October 27, 2012

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း နှင့် မြန်မာနိုင်ငံ ရှေ့နေ များ ကွန်ယက် အဖွဲ့ဝင်များ ယနေ့ ၁၁ နာရီ တွင် တွေ့ဆုံမည်

ရန်ကုန်တိုင်း ဒေသကြီးရှိ တရား လွှတ်တော်ရုံးများ ကိစ္စ အပါအဝင် ကိစ္စ ၄ ရပ်အား ဆွေးနွေးရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ ရှေ့နေ များကွန်ယက် အဖွဲ့ဝင်များ ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ တွေ့ဆုံရန် ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက် နှင့်အတူ နေပြည်တော် ဥပဒေ ရေးရာ အထောက်အကူပြု အဖွဲ့တို့ ပါဝင်မည်ဖြစ်ပြီး ဆွေးနွေးမည့် ကိစ္စရပ် များမှာ အခွန်တံဆိပ်ခေါင်း ကိစ္စ၊ တရား လွှတ်တော်ရုံးများ ကိစ္စ၊ရှေ့နေများ၏ လိုင်စင် အမြတ်ခွန် ကိစ္စများနှင့် နေပြည်တော် မြေယာ ကိစ္စများ ပါဝင်မည် ဖြစ်ကြောင်း ရှေ့နေများ ကွန်ယက် အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

The Voice Weekly

ဆက်စပ်သတင်း

စင်ကာပူ နည်းပညာ ကုမ္ပဏီစက်ရုံ မြန်မာနိုင်ငံ တွင် တည်ဆောက်မည်

စင်ကာပူနိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်သော Synergs Group Pte LTD သည် မြန်မာနိုင်ငံ တွင် စက်ရုံ တစ်ခုကို ၂ဝ၁၃ ခုနှစ် တွင် တည်ထောင် ဖွင့်လှစ် နိုင်ရန် စီစဉ်လျက် ရှိကြောင်း အောက်တိုဘာ ၂၆ ရက် နေ့တွင် ထုတ်ပြန်သော အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာ နိုင်ငံသား တစ်ဦးနှင့် စင်ကာပူ နိုင်ငံသား တစ်ဦး တို့ ပူးတွဲ တည်ထောင် ထားသော အဆိုပါ ကုမ္ပဏီ သည် စမတ်ဖုန်း နှင့် သင်ပုန်း ကွန်ပျူတာ များကို အဓိက ထုတ်လုပ် သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၎င်းတို့ ကုမ္ပဏီ မှ ထုတ်လုပ် သော Webberfly FOUR စမတ်ဖုန်း ကို ပထမဆုံး အကြိမ် အဖြစ် အောက်တိုဘာ လ ၂၆ ရက်နေ့ က မြန်မာနိုင်ငံ တွင် လာရောက် မိတ်ဆက် ပြသခဲ့သည်။

Synergs မှ ထုတ်ကုန် များကို မြန်မာနိုင်ငံ ဈေးကွက်တွင် စတင် ဖြန့်ဖြူး သွားမည် ဖြစ်ပြီး စမတ်ဖုန်း၊ သင်ပုန်း ကွန်ပျူတာ များကို မြန်မာ အိုင်တီ ဈေးကွက်တွင် ရရှိ နိုင်တော့မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ ထံမှ သိရသည်။

၎င်းတို့ ကုမ္ပဏီ အနေနှင့် လက်ရှိ အချိန်တွင် မြန်မာ ရုံးခွဲကို ဖွင့်လှစ် ထားပြီး ဈေးကွက် ဖော်ဆောင်ရေး နှင့် နည်းပညာ အကူညီ ပေးရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကာ အခြား အရှေ့တောင် အာရှ နိုင်ငံ များတွင် လည်း ၎င်းတို့ ကုမ္ပဏီထုတ် သင်ပုန်း ကွန်ပျူတာများ ဖြန့်ဖြူး ရောင်းချလျက် ရှိသည်။

မြန်မာ့သားကောင်း

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း နှင့် မြန်မာနိုင်ငံ ရှေ့နေ များ ကွန်ယက် အဖွဲ့ဝင်များ ယနေ့ ၁၁ နာရီ တွင် တွေ့ဆုံမည်

Labels:

ရန်ကုန်တိုင်း ဒေသကြီးရှိ တရား လွှတ်တော်ရုံးများ ကိစ္စ အပါအဝင် ကိစ္စ ၄ ရပ်အား ဆွေးနွေးရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ ရှေ့နေ များကွန်ယက် အဖွဲ့ဝင်များ ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ တွေ့ဆုံရန် ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက် နှင့်အတူ နေပြည်တော် ဥပဒေ ရေးရာ အထောက်အကူပြု အဖွဲ့တို့ ပါဝင်မည်ဖြစ်ပြီး ဆွေးနွေးမည့် ကိစ္စရပ် များမှာ အခွန်တံဆိပ်ခေါင်း ကိစ္စ၊ တရား လွှတ်တော်ရုံးများ ကိစ္စ၊ရှေ့နေများ၏ လိုင်စင် အမြတ်ခွန် ကိစ္စများနှင့် နေပြည်တော် မြေယာ ကိစ္စများ ပါဝင်မည် ဖြစ်ကြောင်း ရှေ့နေများ ကွန်ယက် အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

The Voice Weekly

ဆက်စပ်သတင်း

စင်ကာပူ နည်းပညာ ကုမ္ပဏီစက်ရုံ မြန်မာနိုင်ငံ တွင် တည်ဆောက်မည်

စင်ကာပူနိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်သော Synergs Group Pte LTD သည် မြန်မာနိုင်ငံ တွင် စက်ရုံ တစ်ခုကို ၂ဝ၁၃ ခုနှစ် တွင် တည်ထောင် ဖွင့်လှစ် နိုင်ရန် စီစဉ်လျက် ရှိကြောင်း အောက်တိုဘာ ၂၆ ရက် နေ့တွင် ထုတ်ပြန်သော အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာ နိုင်ငံသား တစ်ဦးနှင့် စင်ကာပူ နိုင်ငံသား တစ်ဦး တို့ ပူးတွဲ တည်ထောင် ထားသော အဆိုပါ ကုမ္ပဏီ သည် စမတ်ဖုန်း နှင့် သင်ပုန်း ကွန်ပျူတာ များကို အဓိက ထုတ်လုပ် သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၎င်းတို့ ကုမ္ပဏီ မှ ထုတ်လုပ် သော Webberfly FOUR စမတ်ဖုန်း ကို ပထမဆုံး အကြိမ် အဖြစ် အောက်တိုဘာ လ ၂၆ ရက်နေ့ က မြန်မာနိုင်ငံ တွင် လာရောက် မိတ်ဆက် ပြသခဲ့သည်။

Synergs မှ ထုတ်ကုန် များကို မြန်မာနိုင်ငံ ဈေးကွက်တွင် စတင် ဖြန့်ဖြူး သွားမည် ဖြစ်ပြီး စမတ်ဖုန်း၊ သင်ပုန်း ကွန်ပျူတာ များကို မြန်မာ အိုင်တီ ဈေးကွက်တွင် ရရှိ နိုင်တော့မည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ ထံမှ သိရသည်။

၎င်းတို့ ကုမ္ပဏီ အနေနှင့် လက်ရှိ အချိန်တွင် မြန်မာ ရုံးခွဲကို ဖွင့်လှစ် ထားပြီး ဈေးကွက် ဖော်ဆောင်ရေး နှင့် နည်းပညာ အကူညီ ပေးရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကာ အခြား အရှေ့တောင် အာရှ နိုင်ငံ များတွင် လည်း ၎င်းတို့ ကုမ္ပဏီထုတ် သင်ပုန်း ကွန်ပျူတာများ ဖြန့်ဖြူး ရောင်းချလျက် ရှိသည်။

မြန်မာ့သားကောင်း

0 comments: