Pages

Wednesday, October 24, 2012

NLD ပုသိမ်ရဲ့ ဆင်သေကောင် ပုပ်ကို ဦးတင်ဦးရဲ့ ဆိတ်သားရေ သေးသေးလေး နဲ့ ဖုံးကွယ် လိုက်ခြင်း

ပုသိမ်မြို့က ပါတီဝင်အချို့ နှုတ်ထွက်မှု ဒီချုပ်နာယကရှင်း ရန်ကုန်၊အောက်တိုဘာ-၂၃ ပုသိမ်မြို့တွင် NLD ၅၀၀ ခန့် နှုတ်ထွက်မည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုနာယကအဖွဲ့ဝင် ဦးတင်ဦးကပြောသည်။ "ပုသိမ်မှာက တစ်ယောက်တည်းကနေ လူငယ်တွေကို စည်းရုံးပြီး သက်သက် လုပ်နေ တာ။ အဲဒီလို လုပ်တာတော့ ဘယ်ကောင်းမလဲ။ ကျွန်တော့်ဆီ လှမ်းပြောတာ အခြေအနေတွေ ကောင်းသွားပြီလို့ ပြောတယ်။ သူတို့ပြောသလို မဖြစ်နိုင်တော့ပါဘူး"ဟု ဦးတင်ဦးကပြောသော်လည်း ယခုဖြစ်ရပ်သည် ပုဂ္ဂိုလ်ရေးသက်သက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ပုသိမ်မြို့နယ်ရုံးအား ကိုယ်ပိုင်ရုံးကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေသဖြင့် ပိတ်သိမ်းရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။

ယခုဖြစ်ပွား နေသော ပြဿနာရပ် များသည် လူသစ် လူဟောင်း ကြောင့် ဖြစ်ပွားခြင်း မဟုတ်ဘဲ ပါတီတွင်းသို့ နောက်ပိုင်းမှ ၀င်လာသူအချို့က စေတနာမှန်နှင့် ပါတီလုပ်ငန်းများ လုပ်ဆောင် နေသူများကို တိုက်ထုတ်ခြင်း ပင်ဖြစ်ပြီး ယခုအခါ ဗဟိုညွှန်ကြား မှုနှင့် ရုံးကိုဖျက်သိမ်းရန် ညွှန်ကြားလာပြီ ဖြစ်ကြောင်း ကြားဖြတ် ရွေးကောက်ပွဲတွင် မြို့နယ် အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပါတီဝင်အဖြစ်မှ ရပ်စဲ ခံထားရသူ ဒေါက်တာသန်းထိုက် ကပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ လာရောက်စဉ်က မြို့နယ်ရုံး အား ဖျက်သိမ်းရန်မလိုဟု ပြောကြား ခဲ့သော်လည်း ယခုအခါ ဗဟိုမှ မြို့နယ်ရုံးကို ဖျက်သိမ်းရန် ညွှန်ကြား လာခြင်းသည် တစ်ဖက်နားဖြင့် ဆုံးဖြတ်သကဲ့သို့ ဖြစ်နေခြင်းကြောင့် ယခုလ ၂၇ ရက်တွင် ပါတီဆိုင်းဘုတ် ကို ၄င်းတို့ ဆန္ဒဖြင့် လာရောက်ဖြုတ်ယူရန် အကြောင်းကြား မည်ဖြစ်ပြီး လူငယ်များ အပါအ၀င် ပါတီဝင် ၅၀၀ ခန့် နုတ်ထွက်ပွဲပြုလုပ်၍ နှုတ်ထွက်ကြမည် ဖြစ်ကြောင်း ၄င်းကပြောသည်။

"အခုချိန်ထိ ကျွန်တော်တို့ရဲ့ အစီအစဉ် မပြောင်းသေးပါဘူး"ဟု ဒေါက်တာသန်းထိုက် ကပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဗဟိုဦးစီး စနစ်ကို အလွန်အကျွံ အသုံးပြုသည်ဟုဆိုကာ စက်တင်ဘာလ အတွင်းက တောင်ငူမြို့နယ် ပါတီဝင်အချို့ နုတ်ထွက်မှုများရှိခဲ့သည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

NLD ပုသိမ်ရဲ့ ဆင်သေကောင် ပုပ်ကို ဦးတင်ဦးရဲ့ ဆိတ်သားရေ သေးသေးလေး နဲ့ ဖုံးကွယ် လိုက်ခြင်း

Labels:

ပုသိမ်မြို့က ပါတီဝင်အချို့ နှုတ်ထွက်မှု ဒီချုပ်နာယကရှင်း ရန်ကုန်၊အောက်တိုဘာ-၂၃ ပုသိမ်မြို့တွင် NLD ၅၀၀ ခန့် နှုတ်ထွက်မည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုနာယကအဖွဲ့ဝင် ဦးတင်ဦးကပြောသည်။ "ပုသိမ်မှာက တစ်ယောက်တည်းကနေ လူငယ်တွေကို စည်းရုံးပြီး သက်သက် လုပ်နေ တာ။ အဲဒီလို လုပ်တာတော့ ဘယ်ကောင်းမလဲ။ ကျွန်တော့်ဆီ လှမ်းပြောတာ အခြေအနေတွေ ကောင်းသွားပြီလို့ ပြောတယ်။ သူတို့ပြောသလို မဖြစ်နိုင်တော့ပါဘူး"ဟု ဦးတင်ဦးကပြောသော်လည်း ယခုဖြစ်ရပ်သည် ပုဂ္ဂိုလ်ရေးသက်သက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ပုသိမ်မြို့နယ်ရုံးအား ကိုယ်ပိုင်ရုံးကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေသဖြင့် ပိတ်သိမ်းရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။

ယခုဖြစ်ပွား နေသော ပြဿနာရပ် များသည် လူသစ် လူဟောင်း ကြောင့် ဖြစ်ပွားခြင်း မဟုတ်ဘဲ ပါတီတွင်းသို့ နောက်ပိုင်းမှ ၀င်လာသူအချို့က စေတနာမှန်နှင့် ပါတီလုပ်ငန်းများ လုပ်ဆောင် နေသူများကို တိုက်ထုတ်ခြင်း ပင်ဖြစ်ပြီး ယခုအခါ ဗဟိုညွှန်ကြား မှုနှင့် ရုံးကိုဖျက်သိမ်းရန် ညွှန်ကြားလာပြီ ဖြစ်ကြောင်း ကြားဖြတ် ရွေးကောက်ပွဲတွင် မြို့နယ် အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပါတီဝင်အဖြစ်မှ ရပ်စဲ ခံထားရသူ ဒေါက်တာသန်းထိုက် ကပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ လာရောက်စဉ်က မြို့နယ်ရုံး အား ဖျက်သိမ်းရန်မလိုဟု ပြောကြား ခဲ့သော်လည်း ယခုအခါ ဗဟိုမှ မြို့နယ်ရုံးကို ဖျက်သိမ်းရန် ညွှန်ကြား လာခြင်းသည် တစ်ဖက်နားဖြင့် ဆုံးဖြတ်သကဲ့သို့ ဖြစ်နေခြင်းကြောင့် ယခုလ ၂၇ ရက်တွင် ပါတီဆိုင်းဘုတ် ကို ၄င်းတို့ ဆန္ဒဖြင့် လာရောက်ဖြုတ်ယူရန် အကြောင်းကြား မည်ဖြစ်ပြီး လူငယ်များ အပါအ၀င် ပါတီဝင် ၅၀၀ ခန့် နုတ်ထွက်ပွဲပြုလုပ်၍ နှုတ်ထွက်ကြမည် ဖြစ်ကြောင်း ၄င်းကပြောသည်။

"အခုချိန်ထိ ကျွန်တော်တို့ရဲ့ အစီအစဉ် မပြောင်းသေးပါဘူး"ဟု ဒေါက်တာသန်းထိုက် ကပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဗဟိုဦးစီး စနစ်ကို အလွန်အကျွံ အသုံးပြုသည်ဟုဆိုကာ စက်တင်ဘာလ အတွင်းက တောင်ငူမြို့နယ် ပါတီဝင်အချို့ နုတ်ထွက်မှုများရှိခဲ့သည်။
0 comments: