Pages

Tuesday, October 30, 2012

ရခိုင်ပြည်နယ် အရေး ခေါင်းအေးအေး ထားပြီး အဖြေရှာနိုင် ရင် အောင်မြင်မှာ ဖြစ်ပါတယ် ..

30 .10.2012

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်နေရတာဟာ လူမျိုးရေးကြောင့်လည်း မဟုတ်သလို ဘာသာရေးကြောင့် လည်း မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက် တာလည်း မဟုတ်သလို လူမျိုးတုန်း သုတ်သင်နေတာ လည်း မဟုတ်ပါဘူး။

မူလအကြောင်းရင်းကို ပြန်ကြည့်ရင် ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ နယ်မြေတွေမှာ တဖက်နိုင်ငံက ဘင်္ဂ လီတွေ ဟာ တရားမဝင် ခိုးဝင် နေထိုင် မွေးဖွားရင်းနဲ့ ပြဿနာတွေ ရှိလာကြပါတယ်။

နည်းမှန်လမ်းမှန် မဖြေရှင်းနိုင်ခဲ့တာကြောင့် ပြဿနာတွေဟာ ပိုမို ကြီးမား ရှုပ်ထွေးလာပါတယ်။ ဒီကြား ထဲမှာ ပိုမိုဆိုးဝါးလာစေတဲ့ အကြောင်းတခုကတော့ ခိုးဝင် နေထိုင် မွေးဖွားလာကြတဲ့ ဘင်္ဂလီတွေဟာ ရိုဟင်ဂျာလို့ နာမည်အတပ်ခံရပြီး နိုင်ငံသစ် တည်ထောင်ချင်သူတွေရဲ့ အကြံအစည်အောက်မှာ အသုံးချ ခံလိုက်ရတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ နာမည်တပ်ထားတာကို အကြောင်းပြုပြီး ဘင်္ဂလာဒက်ရှ် အစိုးရဟာ ရခိုင်နယ်မြေထဲ ရောက်နေ တဲ့ ဘင်္ဂလီတွေကို ရိုဟင်ဂျာ ဆိုပြီးတော့ သူ့နိုင်ငံသားအဖြစ် အသိအမှတ် မပြုသလို သူတို့ကို မကူညီနိုင် ဘူး လို့လည်း ဆိုလာပါတယ်။

ဒါ့အပြင် ဘင်္ဂလာဒက်ရှ် နိုင်ငံထဲမှာ အခြေစိုက်ပြီး မြန်မာတပ်မတော်ကို တိုက်ခိုက်နေတဲ့ Rohingya Solidarity Organisation (RSO) အဖွဲ့နဲ့ အခြား ဘင်္ဂလီအဖွဲ့တွေကို ဒီနှစ် နိုဝင်ဘာလအတွင်း ထွက်ခွာဖို့ ဘင်္ဂလာဒက်ရှ် အစိုးရက ပြည်နှင်ဒဏ် ပေးထားပါတယ်။

ဒါဟာ မြန်မာနိုင်ငံထဲကို RSO နဲ့ အခြား ဘင်္ဂလီအဖွဲ့တွေ နောက်ထပ် စိမ့်ဝင်လာဖို့ အကြောင်း တ ရပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ရုတ်တရက် ထဖြစ်လာတဲ့ အနာစိမ်း ဆိုရင်တော့ ကုသရတာ လွယ်ကောင်း လွယ်နိုင်ပါလိမ်မယ်။ ဒါပေ မယ့် အမြစ် တွယ်နေတဲ့ အနာမျိုးဆိုရင်တော့ အချိန်ယူရတော့မှာ ဖြစ်ပါတယ်။ ပဋိပက္ခမှာလည်း ဒီသဘော မျိုး ရှိပါတယ်။

မြစ်တွယ်နာကို အချိန်ယူ ကုသတယ် ဆိုပေမယ့် လတ်တလော နာကျင်မှု ပြေပျောက်အောင်တော့ လုပ်ပေး ရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ လက်ရှိ ပဋိပက္ခကို မကြီးထွားလာစေဘဲ ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ် ဆိုင်းစေဖို့ အားသွန်ခွန်စိုက် ကြိုးပမ်း ရပါမယ်။

တချိန်တည်းမှာ လိုအပ်လာတာကတော့ လုံခြုံရေး၊ စားစရာ နေစရာနဲ့ ကျန်းမာရေး ထောက်ပံ့ ဖို့ ဖြစ် ပါ တယ်။

နောက်တဆင့်ကတော့ အဲဒီ ပဋိပက္ခကို ထာဝရ ချုပ်ငြိမ်းအောင် လုပ်ယူရတာ ဖြစ်ပါတယ်။ ပဋိပက္ခမှာ ပါ ဝင်နေတဲ့ နှစ် ဘက် ကာယကံရှင်တွေရဲ့ ဆန္ဒအတိုင်း ငြိမ်းချမ်းစွာ ပြေလည်စေဖို့ ကြိုးပမ်းယူရ မှာ ဖြစ် ပါ တယ် ။ ဒီအတွက် အချိန်ယူ ရမှာတော့ ရှိပါတယ်။

တကယ်လို့ တဘက်ဘက်က ငြိမ်းချမ်းရေးကို မလိုချင်ဘဲ တဖက်သပ် ဖြစ်နေဦးမယ် ဆိုရင်တော့ အချိန် ပို မို ကြန့်ကြာနေဦးမှာလည်း ဖြစ်ပါတယ်။ ပဋိပက္ခ ဖြေရှင်းရေးကို ဘာသာရပ်တခုအနေနဲ့ အထူးလေ့လာ ကြ ရပါတယ်။

လူမျိုးသဘာဝနဲ့ ရေမြေနောက်ခံ အနေအထားအရ ကွဲပြားစွာရှိနေကြတာကြောင့် တကမ္ဘာလုံး ဖြစ် ပျက်နေ တဲ့ ပဋိပက္ခချင်း အမျိုးအစား မတူကြပါဘူး။ ဒါတွေကို ပညာရှင်တွေက စနစ်တကျ ပိုပြီး သိကြ မှာပါ။

ပညာရှင် မဟုတ်ပေမယ့် ဗဟုသုတနဲ့ အတွေ့အကြုံရှိပြီး ဆင်ခြင် မြော်မြင်နိုင်စွမ်းအား မြင့်မားသူတွေ ဆို ရင် လည်း သိနိုင်ကြမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အင်အားနဲ့အတူ တတ်သိပညာရှင်တွေက အချိန် ယူ ပြီး ကောင်းမွန်တဲ့ အနာဂတ်ဖြစ်အောင် အခြေခံအုတ်မြစ်ကို စနစ်တကျ ချပေးနိုင်ကြရဖို့ ရှိပါလိမ့်မယ်။

အချိန်ယူ လုပ်ဆောင်ကြတဲ့အခါမှာ နည်းလမ်းတွေ ရှာဖွေ ပြင်ဆင်တာနဲ့ အကောင်အထည် ဖော်တာတွေ ရှိလာမှာ ဖြစ်ပါတယ်။ ဆွေးနွေး ညှိနှိုင်းရမှာတွေ အတော်များနေမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ အသိ၊ ပညာပေးရေး ကိစ္စတွေ၊ ပြန်လည် ထူထောင်ရေးကိစ္စတွေကို တဖက်တလမ်း က ဖြည့် ဆည်းနေ ရ မှာ ဖြစ် ပါ တယ်။

ဒါကြောင့် နောင်အလျဉ်းသင့်ချိန်မှာ ဆက်လက် လုပ်ဆောင်ကြစေလိုပါတယ်။ အောင်မြင်သွားမယ်လို့ လည်း ယုံကြည်ထားပါတယ်။ လတ်တလောမှာ အရေးကြီးဆုံး လိုအပ်ချက်ကတော့ အကြမ်းဖက် ပဋိပ က္ခ ဖြစ်နေ တာတွေကို ရပ်ဆိုင်းစေပြီး လုံခြုံမှုနဲ့ ထောက်ပံ့မှုတွေ အလျင်စလို ဖြည့်ဆည်းနိုင် ဖို့ သာ ဖြစ်ပါတယ်။

လတ်တလောမှာ ဒါကိုပဲ ကျနော်တို့ ပိုမို အာရုံစိုက်ထားသင့်ပါတယ်။ အခုလို ပဋိပက္ခကို အမြန်ဆုံး ရပ် ဆိုင်း သွားအောင် ကြိုးပမ်းနေချိန်မှာ အထိရောက်ဆုံး ဖြစ်စေဖို့ တာဝန်ရှိကြသူတွေဟာ အင်အား  အကောင်း ဆုံး ဖြစ်ဖို့ လိုသလို အင်အားကို သန့်စင်စေဖို့လည်း လိုအပ်မယ်လို့ ဆိုရပါမယ်။

အင်အားကောင်းလာစေဖို့ ဆိုရာမှာ မြန်မာနိုင်ငံအပေါ် သစ္စာရှိရှိနဲ့ တာဝန်ယူနိုင်ကြသူတွေ၊ မြန်မာနိုင်ငံရဲ့ အကျိုးကို လိုလားသူတွေ ပါဝင်လာတဲ့ အနေအထားကို ဆိုလိုပါတယ်။ အဓိကအားဖြင့် မြန်မာအစိုးရနဲ့ အ ဖွဲ့အစည်းတွေ၊ ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ဖြစ်ပါတယ်။

အင်အားကို သန့်စင်ဖို့ ဆိုရာမှာတော့ မြန်မာနိုင်ငံမှာ ထိန်းမနိုင် သိမ်းမရ ဗရုတ်ဗရက်တွေ ဖြစ်နေတုန်း အ ခွင့် အရေးယူ ကိုယ်ကျိုးရှာသူ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ထိန်းချုပ် ဖယ်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ သူ တို့ကြောင့် မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်နဲ့ ကျိုးစီးပွားတွေ ပျက်စီးသွားနိုင်ပါတယ်။

အထက်ဖော်ပြပါ အမျိုးအစားနှစ်ခုနဲ့ မတူတဲ့ အခြားတမျိုးကတော့ မြန်မာနိုင်ငံအပေါ် သစ္စာရှိပေမယ့် တာ ဝန်မယူသူ (သို့) တာဝန်ယူဖို့ မရဲသူ (သို့) စောင့်ကြည့်နေသူ ဖြစ်ပါတယ်။ သူတို့ဟာ ကြားနေတဲ့သူတွေ မ ဟုတ်ကြပါဘူး။ အေးအေးဆေးဆေး နေချင်ကြသူတွေ ဖြစ်ပါတယ်။

ဒါပေမယ့် တိုင်းပြည်တခုခု ဆိုးဆိုးဝါးဝါး ဖြစ်သွားမှာကို သူတို့လည်း စိုးရိမ်ပူပန်စိတ် ရှိကြပါတယ်။ အင် အားကောင်း ဖို့နဲ့ အင်အားသန့်စင်စေဖို့အတွက် အမျိုးသားရေးအမြင်ဟာ အဓိကအကျဆုံး လိုအပ် ချက် ဖြစ်ပါတယ်။

အမျိုးသားရေးလို့ ပြောရင် ညီညွတ်မှုကလည်း အလိုလို တွဲပါလာမှာဖြစ်ပါတယ်။ တဦးနဲ့တဦး အပြန်အလှန် နားလည်မှု ရှိနေပြီး ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် လုပ်နိုင်ကြရင် အင်အားကောင်းတရပ်ကို စု စည်းနိုင် မှာ ဖြစ်ပါတယ်။

ဒါဟာ တရားဥပဒေ စိုးမိုးမှုကို အမြန်ဆုံး တည်ဆောက်နိုင်မယ့် အင်အားဖြစ်တယ်လို့ ဆိုရပါမယ်။ အမှန် တ ကယ် နေရာတိုင်း အချိန်တိုင်းမှာ တိတိကျကျ တရားဥပဒေ စိုးမိုးနိုင်မှလည်း လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိ ပက္ခကို ထိန်းချုပ် ရပ်ဆိုင်းစေနိုင်မှာ ဖြစ်ပါတယ်။

အင်အား ကို ပိုမိုကောင်း မွန်စေဖို့ ညီညွတ် မှုကို အလေး  ထားရာမှာ တဦးနဲ့တဦး အပြစ်တင် ဝေဖန်တာ
တွေ လျှော့နိုင်သမျှ လျှော့ကြဖို့၊ သည်းခံနိုင်သမျှ သည်းခံနိုင်ကြဖို့၊ ချော့မော့ထိန်းပေးကြဖို့ လိုအပ်နေပါ တယ်။

စေတနာထားကြတာ၊ အားမလို အားမရ ဖြစ်ကြတာ၊ ခံပြင်းနေကြတာ၊ စိုးရိမ်ပူပန်စိတ် ပြင်းပျနေကြတာ၊ မကျေ မနပ် ဒေါသတွေ ပေါက်ကွဲနေကြတာကို နားလည်ပေးနိုင်ပါတယ်။ ဒါတွေဟာ တဖက်စွန်းရောက် သွားရင် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားတတ်ပါတယ်။

နည်းလမ်းကောင်းတွေကို မစဉ်း စားနိုင်တော့ ဘဲ မွှန်ထူသွား တတ်ပါတယ်။ သမာ ဓိကောင်းကောင်း ခေါင်း
အေးအေး ထားပြီး နည်းလမ်းကောင်းတွေကို တရားဥပဒေဘောင်ထဲကပဲ ကြံဆ စေလိုပါ တယ်။ ပြည်သူတွေဟာ အစိုးရကို ဒီနည်းအတိုင်း အမှန်တကယ် ထိန်းကျောင်းပေးနိုင်ရင် ရကိုရမယ်လို့ ယုံကြည် ထား အပ်ပါတယ်။ ကိစ္စအတော်များများထဲက ထင်ရှားတဲ့ ဥပမာနှစ်ခုကို ပေးရရင် မြစ်ဆုံကိစ္စနဲ့ အိုအိုင်စီ အလိုမရှိ ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီကိစ္စတွေဟာ အမျိုးသားရေး အသွင်သဏ္ဍာန် ဖြစ်လာပြီး တကယ်ပဲ အစိုးရနဲ့ ပြည်သူတို့က တည်ငြိမ်စွာနဲ့ အောင်ပွဲဆင်ခဲ့ကြပြီးပါပြီ။

လွင်အောင်စိုး

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: