Pages

Monday, October 29, 2012

ရခိုင် အရေး ဝေဖန်အကြံပြုသူ၊ အပြစ်ရှာသူ အများအပြား ရှိနေသော်လည်း လက်တွေ့ ထောက်ပံ့ ကူညီသူ နည်းပါး

29.10.2012

ကာကွယ်ရေး ဦးစီး ချုပ်ရုံး ( ကြည်း ) မှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ နယ်စပ် ရေးရာ ဝန်ကြီးဌာ န ပြည်ထောင် စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှ မောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်နှင့် တာဝန် ရှိသူ များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ အဖွဲ့အစည်း များ၏ ဌာနေ ကိုယ်စားလှယ် Mr.Ashok Nigam ဦးဆောင်သော ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းများ ဖြစ်သည့် WFP၊ UNOCHA၊ UNHCR တို့မှ တာဝန်ရှိ သူများသည် အောက်တိုဘာ ၂၆ ရက် နေ့လယ် ပိုင်းက ရခိုင် ပြည်နယ် အတွင်း ဖြစ်ပွားလျက် ရှိသော အခြေအနေ များနှင့် ပတ်သက်၍ ပကတိ ဖြစ်ရပ် မှန်များအား ဖော်ထုတ် သိရှိနိုင်ရန် မြေပုံမြို့သို့ သွားရောက် စစ်ဆေးကြရာ မြေပုံမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ စစ်တွေခရိုင် အုပ်ချုပ်ရေး မှူးက မြေပုံမြို့ နယ်တွင် အောက်တိုဘာ ၂၃ ရက် ည ၈ နာရီမှ စတင် ဖြစ်ပွားခဲ့သော အခြေအနေ အရပ် ရပ်နှင့် စပ်လျဉ်း၍ ပကတိ ဖြစ်ရပ်မှန် အခြေအနေ များအား ရှင်းလင်း တင်ပြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက တိုင်းပြည် တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကို လေးစား လိုက်နာ နေထိုင် သွားကြရန်၊ ဥပဒေနှင့် ညီညွတ်မှု မရှိသော လုပ်ရပ် များအား ရှောင်ကြဉ်ကြ ရန်နှင့် မတည်မငြိမ် ဖြစ်အောင် လှုံ့ဆော် ဖန်တီးသူ များအား တရား ဥပဒေ အရ ဖော်ထုတ် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက် ၍ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက နိုင်ငံတော် အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲ မှု ပြု လုပ်ပြီး ပြည်ပ ရင်းနှီး မြှုပ်နှံ မှုများ ဖိတ်ခေါ်ခြင်း၊ ပြည်သူ လူထု အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးခြင်း များကို ဆောင် ရွက်နေ သည့် ကာ လတွင် ယခုကဲ့သို့ မတည်ငြိမ် မှုများသည် နိုင်ငံ တော်၏ လုပ်ငန်းစဉ် များအပေါ် ထိခိုက် သက်ရောက်မှု များ ရှိစေကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ပထမ အဆင့်  လတ်တလော ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးမည်ဖြစ်ပြီး ဒုတိယ အဆင့်  အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားလျက် ရှိသည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အခြေအနေ မှန်ပေါ်ပေါက်အောင် ဖြေရှင်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူ လူထုမှလည်း ဝိုင်းဝန်း ကူညီ ပါဝင်ရန် လိုကြောင်း ဖြင့် ရှင်းလင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ အဖွဲ့အစည်း များ၏ ဌာနေ ကိုယ်စားလှယ်  Mr. Ashok Nigamက မိမိသည် ကုလ သမဂ္ဂ အတွင်းရေး မှူးချုပ် ကိုယ်စား လာရောက် ဆွေးနွေး ပြောကြားခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် လူသားချင်း စာနာမှု အကူ အညီ များ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကူညီပေး သွားမည် ဖြစ် ကြောင်း၊ ဒေသနေ ပြည်သူ များကလည်း တည်ငြိမ် အေးချမ်းစွာ နေထိုင် မှသာ ဒေသ စည်ပင် ဝပြောမည် ဖြစ်ကြောင်း၊ ဒီမို ကရေစီ နည်းလမ်းအရ ငြိမ်းချမ်းစွာ အတူတကွ ပူး ပေါင်း နေထိုင်၍ ကောင်းမွန်သော အနာဂတ်ကို ပြည်သူများက ဖော်ဆောင် သွားရန် လို အပ် ကြောင်းဖြင့် ရှင်း လင်းပြော ကြားသည်။

ထို့နောက် မြေပုံမြို့ ပြည်သူလူထု ကိုယ်စား ရပ်မိရပ်ဖ တစ်ဦးက ဖြစ်စဉ် ဖြစ်ပွား ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

၎င်းနောက် ဒေသခံ ပြည်သူများ အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့က အလှူငွေ များကို လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်က အဝတ် အထည်၊ အစား အသောက်နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို လည်းကောင်း အသီး သီး ပေးအပ် လှူဒါန်းသည်။ ထို့နောက် မြေပုံ မြို့ အတွင်း မီးလောင် ပျက်စီးမှု အခြေအနေ များအား လှည့်လည် ကြည့်ရှုကြ ပြီး တောင်ပေါ် ရပ်ကွက်ရှိ ရွှေ့ပြောင်း မိသားစု ဝင်များနှင့်  ကံသာ ထွက်ဝ ရပ်ကွက်ရှိ ရွှေ့ပြောင်း မိသားစု ဝင်များ အား တွေ့ဆုံ အားပေး စ ကား ပြောကြား၍ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့အပြင် ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များမှ တာဝန်ရှိ သူများကလည်း ဖြစ်ရပ် မှန် အခြေ အနေ များအပေါ် သိရှိ လိုသည် များ မေးမြန်း ဆွေးနွေးခဲ့ ကြသည်။

ယင်းနောက် မင်းပြားမြို့ စမ္ဘလေ ကျေးရွာနှင့် ယိုင်သည် ကျေးရွာများမှ ရွှေ့ပြောင်း မိသားစု ဝင်များနှင့် တွေ့ဆုံ အားပေး စကား များ ပြောကြားပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ရခိုင် အရေး ဝေဖန်အကြံပြုသူ၊ အပြစ်ရှာသူ အများအပြား ရှိနေသော်လည်း လက်တွေ့ ထောက်ပံ့ ကူညီသူ နည်းပါး

Labels:

0 comments: