Pages

Monday, October 29, 2012

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် လူမြင်ကွင်း ခပ်စိပ်စိပ် ပြန်ထွက်လာ

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် ဟာ တဖြည်းဖြည်းနဲ့ လူမြင်ကွင်း ကို ခပ်စိပ်စိတ်လေး ပြန်လည် ထွက်ပေါ် လာနေပါတယ်။ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရာက ယခုနှစ်ဆန်းပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်ပြီးနောက် သူက နိုင်ငံရေးလုပ်မှာ မဟုတ်တော့ကြောင်း၊ လူမှုရေး လုပ်ငန်းတွေသာ လုပ်မှာ ဖြစ်တဲ့ အကြောင်း၊ အကျဉ်းထောင်တွေထဲ ကျန်ရှိနေသေးတဲ့ တပည့်စစ်ထောက်လှမ်းရေး များ ပြန်လည် လွတ်မြောက် ရေးအတွက်လည်း ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။

မြန်မာပြည် အနောက်ဖက် တံခါးမှာဝမ်းနည်းဖွယ်ဖြစ်ရပ်တွေ  ဆက်တိုက် ဖြစ်ပေါ်နေချိန်မှာ အခုလို တိုက်တိုက် ဆိုင်ဆိုင် လူမြင်ကွင်းကို ဆက်တိုက် ထွက်ပေါ်လာနေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ-အရှင်ဝီရသူ ဖေ့စ်ဘုတ်

မကြာသေးခင်ကလည်း မန္တလေးမစိုးရိမ်တိုက်သစ်က နိုင်ငံရေးအကျဉ်းသား ဟောင်း အရှင်ဝိရသူနဲ့ အတူ ဘာသာရေးပွဲ တခုမှာအတူတွဲလျှက် တွေ့ခဲ့ရတဲ့ ဓာတ်ပုံလည်း အရှင်ဝိရသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ  ဖော်ပြ ခဲ့ ပါ သေး တယ်။
အခုတခေါက်တာကတော့ ဦးခင်ညွန့်ဟာ မိသားစုတွေနဲ့ အတူ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော် ကို အောက် တိုဘာ လ ၂၇ ရက်နေ့က တက်ရောက် ဖူးမြှော်တဲ့ မြင်ကွင်းပါ။

ဒီဓာတ်ပုံဟာ အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာမှာ လူအများစိတ်ဝင်တစား ရှိနေကြပါတယ်။

ပုံမှာမြင်ရတာကတော့ ဦးခင်ညွန့်ဟာ တချိန်တုန်းကလို လန်းလန်းဆန်းဆန်းနဲ့ မြေး ၂ ဦးကို တဖက်စီ ခြံရံ ရင်း လေခါးထစ်က ဆင်းလာတာကို တွေ့ရပါတယ်။ ဦးခင်ညွန့်နဲ့ မိသားစုဟာ ယနေ့ အောက်တိုဘာလ ၂၈ ရက် နေ့မှာလည်း ကျိုက်ထီးဆောင်း ဆရာတော်ထံ သွားရောက် ဖူးမြှော်ဖို့ ရှိပါတယ်တဲ့။

အခုလို လူမြင်ကွင်းကို ပြန်လည် ထွက်ပေါ်လာနေတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုကတော့ အမျိုးမျိုးပါ။ အကောင်းမြင်ဝေ ဖန်မှုတွေရှိသလို အဆိုးမြင်ဝေဖန်မှုတွေလည်း ရှိကြပါတယ်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် လူမြင်ကွင်း ခပ်စိပ်စိပ် ပြန်ထွက်လာ

Labels:

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် ဟာ တဖြည်းဖြည်းနဲ့ လူမြင်ကွင်း ကို ခပ်စိပ်စိတ်လေး ပြန်လည် ထွက်ပေါ် လာနေပါတယ်။ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရာက ယခုနှစ်ဆန်းပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်ပြီးနောက် သူက နိုင်ငံရေးလုပ်မှာ မဟုတ်တော့ကြောင်း၊ လူမှုရေး လုပ်ငန်းတွေသာ လုပ်မှာ ဖြစ်တဲ့ အကြောင်း၊ အကျဉ်းထောင်တွေထဲ ကျန်ရှိနေသေးတဲ့ တပည့်စစ်ထောက်လှမ်းရေး များ ပြန်လည် လွတ်မြောက် ရေးအတွက်လည်း ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။

မြန်မာပြည် အနောက်ဖက် တံခါးမှာဝမ်းနည်းဖွယ်ဖြစ်ရပ်တွေ  ဆက်တိုက် ဖြစ်ပေါ်နေချိန်မှာ အခုလို တိုက်တိုက် ဆိုင်ဆိုင် လူမြင်ကွင်းကို ဆက်တိုက် ထွက်ပေါ်လာနေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ-အရှင်ဝီရသူ ဖေ့စ်ဘုတ်

မကြာသေးခင်ကလည်း မန္တလေးမစိုးရိမ်တိုက်သစ်က နိုင်ငံရေးအကျဉ်းသား ဟောင်း အရှင်ဝိရသူနဲ့ အတူ ဘာသာရေးပွဲ တခုမှာအတူတွဲလျှက် တွေ့ခဲ့ရတဲ့ ဓာတ်ပုံလည်း အရှင်ဝိရသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ  ဖော်ပြ ခဲ့ ပါ သေး တယ်။
အခုတခေါက်တာကတော့ ဦးခင်ညွန့်ဟာ မိသားစုတွေနဲ့ အတူ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော် ကို အောက် တိုဘာ လ ၂၇ ရက်နေ့က တက်ရောက် ဖူးမြှော်တဲ့ မြင်ကွင်းပါ။

ဒီဓာတ်ပုံဟာ အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာမှာ လူအများစိတ်ဝင်တစား ရှိနေကြပါတယ်။

ပုံမှာမြင်ရတာကတော့ ဦးခင်ညွန့်ဟာ တချိန်တုန်းကလို လန်းလန်းဆန်းဆန်းနဲ့ မြေး ၂ ဦးကို တဖက်စီ ခြံရံ ရင်း လေခါးထစ်က ဆင်းလာတာကို တွေ့ရပါတယ်။ ဦးခင်ညွန့်နဲ့ မိသားစုဟာ ယနေ့ အောက်တိုဘာလ ၂၈ ရက် နေ့မှာလည်း ကျိုက်ထီးဆောင်း ဆရာတော်ထံ သွားရောက် ဖူးမြှော်ဖို့ ရှိပါတယ်တဲ့။

အခုလို လူမြင်ကွင်းကို ပြန်လည် ထွက်ပေါ်လာနေတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုကတော့ အမျိုးမျိုးပါ။ အကောင်းမြင်ဝေ ဖန်မှုတွေရှိသလို အဆိုးမြင်ဝေဖန်မှုတွေလည်း ရှိကြပါတယ်။

0 comments: