ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ရခိုင်လူ မျိုး များနှင့် ဘင်္ဂလီများအကြား ဖြစ်ပွားနေသော အဓိကရုန်း အတွင်း သေဆုံးသူ(ရခိုင်လူမျိုး)နှင့် ဒဏ်ရာရသူ(ရခိုင်လူမျိုး)များ စာရင်းများကို နိရဉ္စရာမှ စုံစမ်းရရှိထားသလောက် ဖော်ပြပေး လိုက်ပါသည်။
(၂၂-၁၀-၁၀၁၂) သေဆုံးသူစာရင်း
(၁) ကိုအောင်မိုး (အသက် ၃၈) ဘီလူးကန်ကျေးရွာ
(၂) မောင်ဌေးဝင်း – (ဓါးခုတ်ဒဏ်ရာဖြင့်သေဆုံး) ပန်းမြောင်းကျေးရွာ၊ မင်းပြားမြို့နယ်
(၃) ကိုသိန်းထွန်းလှ – သေဆုံး (အလောင်းရှာမတွေ့သေး)
(၄) ကိုအတိုး – (ပျောက်ဆုံးနေ) ၀ါဈီးရပ်ကွက်၊ မြောက်ဦးမြို့နယ်
(၅) ကိုမောင်ဘုချေ – မြင်းခုံကျေးရွာ၊ မြောက်ဦးမြို့နယ်
ယမန်နေ့ (၂၂-၁၀-၁၀၁၂) နေ့တွင် မြောက်ဦးဆေးရုံးမှတဆင့် စစ်တွေဆေးရုံးသို့ ပေးဆောင် ကုသခံ နေရသည့် ဒဏ်ရာရသူစာရင်း
(ညသန်ခေါင်ကျော်အချိန် ၁နာရီခန့်တွင် စစ်တွေ ဆေးရုံးသို့ရောက်)
(၁) ဦးစိန်သာအောင် – (အသက် ၆၀) အဖအမည် ဦးစိန်လှ၊ လောတောင်ကျေးရွာ မြောက်ဦးမြို့နယ်
(ဘယ်ဘက်ပခုံး ဒဏ်ရာရ)
(၂) ကိုဦးထွန်းစိန် – (အသက် ၂၅) ကျောင်းတော်ကျေးရွာ၊ မြောက်ဦးမြို့နယ် (ကျောတွင် လှံဖြင့်ထိုးသည့် ဒဏ်ရာရ)
(၃) ဦးမောင်မောင်လှိုင် (အသက် ၃၂) မောင်သာကုန်းကျေးရွာ၊ မြောက်ဦးမြို့နယ် (ကျောနှင့် ၀မ်းဗိုက်တွင် လှံဖြင့် ထိုးသည့် ဒဏ်ရာရ)
မြောက်ဦးဆေးရုံးတွင် ဆေးကုသမှုခံနေရသည့် ဒဏ်ရာရသူစာရင်း
(၁) ကိုမောင်သိန်းမြင့် ကျောင်းတော်ကျေးရွာ၊ မြောက်ဦးမြို့နယ် (မီးကွင်းဖြင့် အပစ်ခံရ)
(၂) ဦးမြင့်နိုင် (အသက် ၄၁) အဖအမည် ဦးမောင်ဖြူ၊ ပန်းမြောင်းကျေးရွာ၊ မင်းပြားမြို့နယ် (ဦးခေါင်းတွင် လှံဒဏ်ရာ ရ)
(၃) ဦးအောင်ကျော်သာ (ကျောကုန်းတွင် ဓါးဖြင့်အခုတ်ခံရ)
(၄) ဦးထွန်းဝေ၊ ထမင်းညိကျေးရွာ၊ မြောက်ဦးမြို့နယ် (မြှားဖြင့် အပစ်ခံရ)
(၅) အမည်မသိ၊ ဘုရားပေါ်ကျေးရွာ၊ မြောက်ဦးမြို့နယ်
ယနေ့ (၂၃-၁၀-၁၀၁၂)နေ့တွင် သေဆုံးသူစာရင်း
(၁) ကိုမောင်ခိုင်ဦး၊ ဆင်ဖြူတောင်ကျေးရွာ (သေနတ် ကျည်ဆံထိမှန်၍သေဆုံး)
(၂) ကိုခင်မောင်ထွီး၊ (အသက် ၂၈) (သေနတ် ကျည်ဆံထိမှန်၍ မင်းပြားဆေးရုံးတွင် သေဆုံး)
ယနေ့ မြောက်ဦးဆေးရုံးရောက်သူ စာရင်း
(၁) ကိုညီဌေး၊ (အသက် ၂၈) အဖအမည် ဦးမောင်ချေလှ သရက်တောကျေးရွာ၊ မြောက်ဦးမြို့နယ် (ဦးခေါင်းတွင် သေနတ်ကျည်ဆံထိမှန်) (မြောက်ဦးဆေးရုံးမှ လက်မခံသဖြင့် စစ်တွေဆေးရုံးကို ပို့ဆောင်)
(၂) ဦးမောင်စောနု၊ (အသက် ၄၀) (ကျောတွင် မီးလောင်ဒဏ်ရာနှင့်) (ညနေ ၃း၂၀ခန့်တွင် မြောက်ဦးဆေးရုံးသို့ရောက်)
(၃) ကိုမောင်သန်းရွှေ၊ (အထုတ်သယ်မကျေးရွာ၊ မြောက်ဦးမြို့နယ်) (ခြေထောက်တွင် ကျည်ဆံထိမှန်)
အတည်မပြုနိုင်သေးသည့် သတင်းတခုအရ ယခုဖြစ်ပွားနေသော အဓိကရုန်းနေရာများတွင် တာဝန်ယူနေသည့် စစ်သားတချို့နှင့် အာဏာပိုင်တချို့မှာ ဘင်္ဂလီရန်ကို ခုခံကာကွယ်သည့် ရခိုင်လူမျိုးများ အား သေနတ်ဖြင့် ပစ်ခတ်မှုများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
(မှတ်ချက်။ ။ ကျေးရွာအမည်တချို့မှာ စာလုံးပေါင်းသော်လည်းကောင်း၊ အခေါ်အဝေါ်သော်လည်းကောင်း လွဲနိုင်ပါသည်။)
နိရဉ္စ္စရာ - သတင်းဌာနမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
စာအုပ်အညွန်း- မိုးမင်းသိမ်း မြန်မာပြန် မိတဆိုး
6 years ago

No comments:
Post a Comment
ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။