Pages

Wednesday, October 24, 2012

မီဒီယာကို မှန်မှန်ကန်ကန် ဖြေပေးဖို့ ၀န်ကြီးများအား မှာကြား ထားကြောင်း သမ္မတပြောဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်တွင်း မီဒီယာနှင့်အချက်သုံးချက် ကြောင့် တွေ့ဖြစ်ခြင်း ဖြစ်ကြောင်း နေပြည်တော် တွင်ပြုလုပ်ကျင်းပသော ပထမဆုံး အကြိမ်တွေ့ဆုံဆွေးနွေး ပွဲတွင် ပြောသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများရဲ့ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့၊ နေ့လည် ၂နာရီကနေ ညနေ ၄ နာရီထိ နှစ်နာရီ ကြာအောင် သမ္မတ အိမ်တော် သံတမန်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

`ပြည်ပမီဒီယာတွေနဲ့တော့ တွေ့နေတယ်၊ ကျွန်တော်တို့ကိုတော့ ပစ်ထားတယ်ဆိုပြီး ဖြစ်မှာစိုးတာလဲ တစ်ချက် ပါတာပေါ့။ မီဒီယာက ကျွန်တော်တို့ရဲ့ နား၊ မျက်စိတွေ ဖြစ်တဲ့အခါ ကျတော့ ခင်ဗျားတို့ရဲ့အမြင် ၊ ခင်ဗျားတို့ရဲ့သဘောထား တွေ နောက်တစ်ခါ ကျွန်တော်တို့ရဲ့အမြင် ကျွန်တော်တို့ရဲ့သဘောထား တွေ ဒါတွေကို ပြည်သူ့လွှတ်တော် အတွင်းမှ သိရှိနားလည်ထားဖို့လိုပါတယ်။ ခင်ဗျားတို့အမြင်၊သဘောထား တွေနဲ့ ကျွန်တော်တို့ရဲ့အမြင်သဘောထား တွေကို ကျွန်တော်တို့နှစ်ဖက်သိမြင် နားလည်ရုံနဲ့မပြီးသေးပါဘူး။ ပြည်သူတွေလဲ သိဖို့လိုအပ်ပါတယ်`ဟု သမ္မတက နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် သမ္မတက အမေရိကန် ခရီးစဉ်နဲ့ပတ်သက်ပြီး အကျိုးရလဒ်များကို မီဒီယာများ မှတဆင့်ပြည်သူများကို ပြောပြချင်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး လု့ပ်ငန်းစဉ်တို့ကိုလည်း ပြော့ပလိုခြင်း ကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် သမ္မတက ၀န်ကြီးဋ္ဌာနများနှင့် ပြည်ထောင်စု ၀န်ကြီးများအား မီဒီယာကို မကြောက်ကြရန်နှင့် မီဒီယာမှ မေးမြန်းသည်များကို ဖြေကြား ပေးရန် မှာကြားထားကြောင်း ပြောဆိုသည်။ ``ပြည်သူတွေဆီက သတင်းတွေ ပြည်သူတွေဆီက သတင်းအချက်အလက် တွေကိုလည်း ပြည်သူတွေ အတွင်းဝင်ပြီးတော့မှ ထဲထဲဝင်ဝင် ၀င်ရောက်ပြီး တော့မှ ရယူသွားမှာဖြစ်တဲ့အတွက်ကြောင့် အစိုးရအဖွဲ့တွေ ၀န်ကြီးဌာနထဲ ၀င်ရောက်သွား မှာဖြစ်တဲ့အတွက်ကြောင့် ဟိုတုန်းကတော့ ၀န်ကြီးဌာနတွေက မီဒီယာတွေကို ကြောက်ကြတယ်။ ကျွန်တော်လဲ အပါအ၀င်ဖြစ်ပါတယ်။ အခုတော့ အားပေးထား ပါတယ် ငါလဲ မကြောက်တော့ဘူး မင်းတို့လဲ မကြောက်နဲ့တော့ မေးသမျှအကုန် မှန်မှန် ကန်ကန်ဖြေပေး ပါဆိုပြီးတော့ ဒီအတိုင်းကျွန်တော်ပြောထားပါတယ်။ မယုံရင်ဦးစိုးသိန်းတို့ ဦးအောင်မင်းးတို့ကိုသာမေးကြည့်ပေတော့ `` ဟု သမ္မတက ပြောသည်။

အဆိုပါတွေ့ဆုံပွဲကို ပြည်တွင်းပြည်ပ မီဒီယာပေါင်း ၁၃၀ ကျော် တက်ရောက် ခဲ့ကြပြီ၊ မီဒီယာ ၃၀ ကျော်ခန့် မေးမြန်းခွင့်ရခဲ့သည်။ ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး မေးမြန်း ကြသည်များကို သမ္မတကြီးက ဖြစ်ပွားနေသော လက်နက်ကိုင် ပရိပက္ခတွေ ချုပ်ငြိမ်းအောင် ဆောင်ရွက် နေကြောင်း ပြော ဆိုသည်။ ``ငြိမ်းချမ်းရေး ယူရမယ်ဆိုတာ ကျွန်တော်တို့ အစိုးရ တက်လာတာနဲ့အမျှ ကြေငြာပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အားလုံး(၁၁)ဖွဲ့ ရှိပါတယ်။ အဲတော့ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါမှာ အဆင့်(၃)ဆင့်နဲ့ ဆောင်ရွက်ရပါတယ်။ ပထမအဆင့်အနေနဲ့ ဒီအဖွဲ့တွေနဲ့ နယ်စပ် ဒေသတွေမှာ အပစ်အခတ်ရပ်စဲ သွား အောင်လုပ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့် ကတော့ ကျွန်တော်တို့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်း ဖြစ်တဲ့ ကျွန်တော်တို့မှာ စနစ်တကျဖွဲ့ထားတဲ့ အဖွဲ့အစည်းရှိပါတယ်။ ငြိမ်ချမ်းရေး ဖော်ဆောင်ရေး၊ ဗဟိုကော်မတီဥက္ကဌတာဝန်ယူပြီးတော့လုပ်နေတာဖြစ် ပါတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ လုပ်နေတာတွေရှိပါတယ်`` ဟုသမ္မတက ပြောကြားသည်။ သမ္မတက မေးခွန်းများကို မဟာဗျူဟာပိုင်းကို ဖြေကြားပြီးခဲ့ပြီး အသေးစိတ် သိလိုသည်များကိုတော့ ပြည်ထောင်စု ၀န်ကြီးများအား မေးမြန်းရန်ပြောဆို ခဲ့သည်။

From : မူးဇော်

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

မီဒီယာကို မှန်မှန်ကန်ကန် ဖြေပေးဖို့ ၀န်ကြီးများအား မှာကြား ထားကြောင်း သမ္မတပြောဆို

Labels:

0 comments: