Pages

Thursday, October 25, 2012

ပြည်တွင်းရှိ အဆင့်မြင့် နည်းပညာ တက္ကသိုလ် နှစ်ခုတွင် အင်တာနက် အခမဲ့ သုံးခွင့်ပြုမည်

ဒီဇင်ဘာလအတွင်း စတင် ဖွင့်လှစ်သွားမည့် အဆင့်မြင့် နည်းပညာ တက္ကသိုလ်နှစ်ခု တွင် ကျောင်းသား၊ ကျောင်းသူများ အတွက် အင်တာနက် အခမဲ့ အသုံးပြုခွင့်နှင့် အတူ ဝန်ဆောင်မှု ကောင်းများ ပေးအပ်သွားရန် ရှိသည်ဟု သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်း ရမှတ် ၄၅၀ အနည်းဆုံး သတ်မှတ်ကာ ဝင်ခွင့်ခေါ်ယူခဲ့သည့်အပြင် တက္ကသိုလ်နှစ်ခုပေါင်းမှ ကျောင်းသား ၅၀၀ သာရှိသည့်အတွက် ထိုကဲ့သို့ ဝန်ဆောင်မှုကောင်း များ ပေးအပ်ရခြင်းဖြစ်သည်ဟု ၄င်းကဆက်လက် ပြောသည်။ “အပြင်ကုမ္ပဏီတွေကလည်း ပံ့ပိုးပေးဖို့ ကမ်းလှမ်းတာမျိုးတွေ ရှိနေတယ်” ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အထက်ပါအရာရှိက ပြောသည်။

တက်ရောက်သင်ကြားမည့် ကျောင်းသားများအတွက် စွမ်းရည်မြင့် သင်ကြားရေး ဆရာ၊ ဆရာမများ အပြင် ပြည့်စုံသည့် လက်တွေ့စမ်းသပ်ခန်းများ စီစဉ်ထားရှိပြီး ဖြစ်ကြောင်း နိုင်ငံခြားဧည့် ပါမောက္ခတို့ကိုပါ ခေါ်ယူခန့်ထားရန် ဆွေးနွေးနေကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။ တက်ရောက်သင်ကြားမည့် ကျောင်းသားများကို ဝန်ဆောင်မှုကောင်းများအပြင် လက်ရှိ ရှိထားသော အဆောင်အနေအထားများကို ကြည့်ကာ အဆောင်ပေးသွားရန် တာဝန်ရှိသူတို့က စဉ်းစား နေကြောင်းလည်း အထက်ပါ အရာရှိက ထပ်လောင်းဆိုသည်။

၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စိစစ်ရွေးချယ်ရေးအဖွဲ့ စာရင်းအရ ရန်ကုန်အဆင့်မြင့် နည်းပညာ တက္ကသိုလ်အတွက် ရမှတ် ကျား ၅၀၀၊ မ ၅၀၄ နှင့် မန္တလေး အဆင့်မြင့်နည်းပညာ တက္ကသိုလ်အတွက် ရမှတ် ကျား ၄၈၅၊ မ ၄၉၇ မှတ်ရှိသည်။ ယင်းအမှတ် သည် ဆေးတက္ကသိုလ်နှင့် ရေကြောင်း တက္ကသိုလ် တို့ထက် အမှတ်မြင့်ကြောင်း သိရှိထားပါသည်။

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ပြည်တွင်းရှိ အဆင့်မြင့် နည်းပညာ တက္ကသိုလ် နှစ်ခုတွင် အင်တာနက် အခမဲ့ သုံးခွင့်ပြုမည်

Labels:

ဒီဇင်ဘာလအတွင်း စတင် ဖွင့်လှစ်သွားမည့် အဆင့်မြင့် နည်းပညာ တက္ကသိုလ်နှစ်ခု တွင် ကျောင်းသား၊ ကျောင်းသူများ အတွက် အင်တာနက် အခမဲ့ အသုံးပြုခွင့်နှင့် အတူ ဝန်ဆောင်မှု ကောင်းများ ပေးအပ်သွားရန် ရှိသည်ဟု သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်း ရမှတ် ၄၅၀ အနည်းဆုံး သတ်မှတ်ကာ ဝင်ခွင့်ခေါ်ယူခဲ့သည့်အပြင် တက္ကသိုလ်နှစ်ခုပေါင်းမှ ကျောင်းသား ၅၀၀ သာရှိသည့်အတွက် ထိုကဲ့သို့ ဝန်ဆောင်မှုကောင်း များ ပေးအပ်ရခြင်းဖြစ်သည်ဟု ၄င်းကဆက်လက် ပြောသည်။ “အပြင်ကုမ္ပဏီတွေကလည်း ပံ့ပိုးပေးဖို့ ကမ်းလှမ်းတာမျိုးတွေ ရှိနေတယ်” ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အထက်ပါအရာရှိက ပြောသည်။

တက်ရောက်သင်ကြားမည့် ကျောင်းသားများအတွက် စွမ်းရည်မြင့် သင်ကြားရေး ဆရာ၊ ဆရာမများ အပြင် ပြည့်စုံသည့် လက်တွေ့စမ်းသပ်ခန်းများ စီစဉ်ထားရှိပြီး ဖြစ်ကြောင်း နိုင်ငံခြားဧည့် ပါမောက္ခတို့ကိုပါ ခေါ်ယူခန့်ထားရန် ဆွေးနွေးနေကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။ တက်ရောက်သင်ကြားမည့် ကျောင်းသားများကို ဝန်ဆောင်မှုကောင်းများအပြင် လက်ရှိ ရှိထားသော အဆောင်အနေအထားများကို ကြည့်ကာ အဆောင်ပေးသွားရန် တာဝန်ရှိသူတို့က စဉ်းစား နေကြောင်းလည်း အထက်ပါ အရာရှိက ထပ်လောင်းဆိုသည်။

၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စိစစ်ရွေးချယ်ရေးအဖွဲ့ စာရင်းအရ ရန်ကုန်အဆင့်မြင့် နည်းပညာ တက္ကသိုလ်အတွက် ရမှတ် ကျား ၅၀၀၊ မ ၅၀၄ နှင့် မန္တလေး အဆင့်မြင့်နည်းပညာ တက္ကသိုလ်အတွက် ရမှတ် ကျား ၄၈၅၊ မ ၄၉၇ မှတ်ရှိသည်။ ယင်းအမှတ် သည် ဆေးတက္ကသိုလ်နှင့် ရေကြောင်း တက္ကသိုလ် တို့ထက် အမှတ်မြင့်ကြောင်း သိရှိထားပါသည်။

0 comments: