Pages

Thursday, October 25, 2012

ဘုရားပွဲတော် ပျက်စီးအောင် လုပ်သူများ ထွက်သွား ဆိုသည့် ဆိုင်းဘုတ်များ ကျိုက်ထီးရိုးဘုရားဝန်းကျင်တွင် စိုက်ထူ

ကျိုက်ထီးရိုး ဘုရားပွဲတော် ပျက်စီးအောင် လုပ်နေသူများ ထွက်သွားဆိုသည့် ဆိုင်းဘုတ်များကို ဘုရားပရိဝုဏ်တွင် တောင်တက် မော်တော်ယာဉ်အသင်း ဂိတ်မှူးနှင့်အဖွဲ့က အောက်တိုဘာ ၁၄ ရက် တွင် လိုက်လံစိုက်ထူခဲ့ကြောင်း ၄င်းအဖွဲ့မှ သိရသည်။

မွန်ပြည်နယ် ၏ ကျက်သရေ ဆောင် ကျိုက်ထီးရိုးစေတီတော် ပရိဝုဏ်တွင် အလုပ်သမား သမဂ္ဂ ဆိုသူများ လှုပ်ရှားနေကြသဖြင့် စေတီတော် ငြိမ်းချမ်းရေး အတွက် ဆိုင်းဘုတ်များ လိုက်လံစိုက်ထူ လျက်ရှိကြောင်း သိရသည်။

ကျိုက်ထီးရိုး ဘုရား ရသေ့ တောင်လမ်း ကားဂိတ်၊ လမ်းဆုံ ကားဂိတ်များတွင် ''ကျိုက်ထိုမြို့ နယ်တည်ငြိမ်အေးချမ်းမှုကို ပျက် ပြားအောင် ဆောင်ရွက်နေသော မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့ အစည်း၊ မည်သည့် အင်အားစုကိုမှ အလိုမရှိ၊ ချက်ချင်းထွက်သွား'' ဟု ရေးသားထားသော အလျား ၇ ပေ x အနံ ၄ ပေ ရှိ ဆိုင်းဘုတ် နှစ်ခုကိုလည်းကောင်း၊ ဘုရားဈေး ဆိုင်တန်းနှင့် ဈေးဆိုင်ခန်းများ တွင် ''ကျိုက်ထီးရိုးဘုရား ဂုဏ် ရှိန်ညှိုးအောင် လုပ်သူများအား ဒို့လက်မခံ၊ ကျိုက်ထီးရိုးဘုရား ကြီး၏ကျေ
းဇူးကိုမမေ့နှင့်။ ကျိုက် ထိုမြို့၏ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးအောင် မလုပ်ပါနှင့်။ ကျိုက် ထီးရိုး ဘုရားပွဲတော် ပျက်အောင် လုပ်သူဒို့ရန်သူ'' ဟုရေးသားထား သော အလျား ၃ ပေ x အနံ ၂ ပေရှိ ဆိုင်းဘုတ်များ ကိုလည်း လိုက်လံ ချိတ် ဆွဲကြကြောင်း သိရ သည်။

ထူးထူး (မော်လမြိုင်)

By Popular Myanmar News Journal

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

ဘုရားပွဲတော် ပျက်စီးအောင် လုပ်သူများ ထွက်သွား ဆိုသည့် ဆိုင်းဘုတ်များ ကျိုက်ထီးရိုးဘုရားဝန်းကျင်တွင် စိုက်ထူ

Labels:

ကျိုက်ထီးရိုး ဘုရားပွဲတော် ပျက်စီးအောင် လုပ်နေသူများ ထွက်သွားဆိုသည့် ဆိုင်းဘုတ်များကို ဘုရားပရိဝုဏ်တွင် တောင်တက် မော်တော်ယာဉ်အသင်း ဂိတ်မှူးနှင့်အဖွဲ့က အောက်တိုဘာ ၁၄ ရက် တွင် လိုက်လံစိုက်ထူခဲ့ကြောင်း ၄င်းအဖွဲ့မှ သိရသည်။

မွန်ပြည်နယ် ၏ ကျက်သရေ ဆောင် ကျိုက်ထီးရိုးစေတီတော် ပရိဝုဏ်တွင် အလုပ်သမား သမဂ္ဂ ဆိုသူများ လှုပ်ရှားနေကြသဖြင့် စေတီတော် ငြိမ်းချမ်းရေး အတွက် ဆိုင်းဘုတ်များ လိုက်လံစိုက်ထူ လျက်ရှိကြောင်း သိရသည်။

ကျိုက်ထီးရိုး ဘုရား ရသေ့ တောင်လမ်း ကားဂိတ်၊ လမ်းဆုံ ကားဂိတ်များတွင် ''ကျိုက်ထိုမြို့ နယ်တည်ငြိမ်အေးချမ်းမှုကို ပျက် ပြားအောင် ဆောင်ရွက်နေသော မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့ အစည်း၊ မည်သည့် အင်အားစုကိုမှ အလိုမရှိ၊ ချက်ချင်းထွက်သွား'' ဟု ရေးသားထားသော အလျား ၇ ပေ x အနံ ၄ ပေ ရှိ ဆိုင်းဘုတ် နှစ်ခုကိုလည်းကောင်း၊ ဘုရားဈေး ဆိုင်တန်းနှင့် ဈေးဆိုင်ခန်းများ တွင် ''ကျိုက်ထီးရိုးဘုရား ဂုဏ် ရှိန်ညှိုးအောင် လုပ်သူများအား ဒို့လက်မခံ၊ ကျိုက်ထီးရိုးဘုရား ကြီး၏ကျေ
းဇူးကိုမမေ့နှင့်။ ကျိုက် ထိုမြို့၏ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးအောင် မလုပ်ပါနှင့်။ ကျိုက် ထီးရိုး ဘုရားပွဲတော် ပျက်အောင် လုပ်သူဒို့ရန်သူ'' ဟုရေးသားထား သော အလျား ၃ ပေ x အနံ ၂ ပေရှိ ဆိုင်းဘုတ်များ ကိုလည်း လိုက်လံ ချိတ် ဆွဲကြကြောင်း သိရ သည်။

ထူးထူး (မော်လမြိုင်)

By Popular Myanmar News Journal
0 comments: