Pages

Monday, October 29, 2012

ဖော်သူ မရှက် ဖတ်သူ ရှက်

29.10.2012

သတင်းစာ၊ ဂျာနယ်ဟူသည် ပြည် တွင်းပြည်ပကမ္ဘာအရပ်ရပ်၊နိုင်ငံအသီး သီးတွင် ဖြစ်ပေါ်နေသော နိုင် ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ စစ်ရေးစသဖြင့် မိမိစု ဆောင်းရရှိထားသော သတင်းများကို စာဖတ်သူများ အကျိုး၊မိမိနိုင်ငံသားများ   အကျိုးအတွက် ပြန်လည်ဝေငှအသိပေး သော အလုပ်ကိုဆောင်ရွက်ရသောအ
လုပ်တစ်ခု ဖြစ်ပါသည်။ဤသို့ဆောင်ရွက် ရာတွင် သတင်းသမားများ အနေနှင့် မိမိ စုဆောင်း ရရှိထားသမျှ သတင်းများ အနက်    ပြည်သူများ အသိဥာဏ်ဖွံ့ဖြိုး တိုးတက်စေ မည့် အကျိုးရှိသော သတင်းများ ကို ဖော်  ပြပြီး အများပြည် သူ အတွက် အကျိုးမရှိ သော သတင်းများကို မဖော်ပြမိရန် အလွန်  အရေးကြီး ပါသည်။

ထို့ပြင် မိမိတိုင်းပြည်၏ ရိုးရာယဉ် ကျေးမှုနှင့်မကိုက်ညီသောလုပ်ရပ်များကို   လုပ်ဆောင်နေသော ကိစ္စရပ် များ ကိုတွေ့ ထိသိရှိပါကလည်း ထိုသို့လုပ်ဆောင်နေ  သော ကိစ်္စရပ်များကို မိမိနိုင်ငံ၏ရိုးရာ ယဉ်ကျေးမှု ထိန်း သိမ်းရေးရှုဒေါင့်မှရပ် တည်ပြီး၊ထိုလုပ်ရပ်များကိုပြင်းထန်စွာရှုံ့ ချဆန့်ကျင်ရန် တာဝန်ရှိပါသည်။ထိုသို့ မဟုတ်မူပဲ မိမိတိုင်းပြည့်နှင့်လူမျိုး၏ယဉ် ကျေးမှု ဓလေ့စရိုက်တွင် အစဉ်အလာ မရှိသော လုပ်ဆောင်မှု ကို ဆောင်ရွက် ရန်စိုင်းပြင်းအားထုတ်နေသော ကိစ္စရပ်   တစ်ခုကိုသိရှိပါလျက်ဆန့်ကျင်ရှုံ့ချရမည့် အစား မိမိ ဂျာနယ်၏ သတင်းထူးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပေါ့ပေါ့တန်တန်  ဖော်ပြခဲ့ပါလျှင် အများပြည်သူ အတွက်   အကျိုး မရှိသော ထိုသတင်းကိုဖော်ပြသူ   အယ်ဒီတာများအနေနှင့်မိမိဂျာနယ်ကို ၀ယ်ယူဖတ်ရှု သူ ပရိသတ်ကို စော်ကားရာ ရောက်သလို ထိုသတင်းကိုဖော်ပြသူ အယ်ဒီတာများကို အရှက်မရှိသော ဂုဏ် သိက္ခာမဲ့ သည့် အယ်ဒီတာများအဖြစ် သတ်မှတ်ရပါမည်။

ယခုလိုရေးသားရခြင်းမှာ အကြောင်း   မဲ့မဟုတ်ပါ။ဂျာနယ်ချစ်သူစာဖတ်ပရိသတ်   တစ်ဦးအနေနှင့် ထိုအကျိုး မရှိသော သတင်းကိုဖော်ပြသော အယ်ဒီတာများ   ၏စော်ကားမှုကို ကိုယ်တိုင်ခံရသည့်အ တွက် ဖြစ်ပါသည်။စာရေးသူသည် စာဖတ်  ၀ါသနာပါသူဖြစ်သည့်အားလျော်စွာ လက်လှမ်းမီသမျှ ဂျာနယ်များ ကိုဝယ်ယူ   ဖတ်ရှုရာ စာရေးသူဝယ်ယူဖတ်ရှုသော   အပတ်စဉ်ထုတ် ဂျာနယ်များတွင် ထိုဂျာနယ် သည်တစ်စောင်အပါအ၀င်ဖြစ် ပါသည်။

အပတ်စဉ်ထုတ်ဂျာနယ်များကို ၀ယ်ယူဖတ်ရှုနေသော စာရေးသူအနေနှင့်    (၁.၁၀.၂၀၁၂) တနင်္လာနေ့ ထုတ်  ထို ဂျာနယ်တွင် ပါရှိသော သတင်းခေါင်းစဉ်   ကြောင့် အပတ်စဉ် တလေးတစားဖြင့် ၀ယ် ယူ အားပေးနေရာ မှ ရုတ်ချည်းဆိုသလို    ထိုဂျာနယ်ကို စိတ်ပျက် သွားပါသည်၊ထို ဂျာနယ် အယ်ဒီတာများ ကိုလည်း အထင် ကြီးစိတ် လုံးဝ မရှိတော့ပါ။ ထိုသတင်း ခေါင်းစဉ်ကိုလည်း အတွင်း စာမျက်နှာများ   တွင် ဖော်ပြ ထားခြင်းမဟုတ်ဘဲ ဂျာနယ်   မျက်နှာဖုံးစာမျက်နှာတွင် အသားပေး ဖော်ပြထားပါ သည်။ ထိုသို့အသားပေး  ဖော်ပြ ထားသော သတင်းခေါင်းစဉ်မှာ-

““ပြည့်တန်ဆာ လုပ်ငန်းများတရား  ၀င်လုပ်ကိုင်ခွင့်ရရန်တောင်းဆိုသွားမည်””  တဲ့။

ထိုသတင်း ခေါင်းစဉ်ပါ သတင်းကို   ဆက်လက်ဖတ်ရှုကြည့်ရာ ““ပြည့်တန်ဆာ  လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရ သော မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်း (လိင်လုပ်ငန်း) များတရားဝင် လုပ်ကိုင် ခွင့်ရရန် လွှတ်တော်အမတ်များ ထံ တင်ပြ တောင်းဆို သွားမည်ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံပြည့်တန်ဆာ များ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်”” ဟု အစချီကာ ပြည့်တန်ဆာများ အတွက် နိုင်ငံ သား အခွင့် အရေး များ ဆုံးရုံးလျက်    ရှိကြောင်း ဖော်ပြထားပြီး ထိုပြည့်တန်ဆာ များ ကွန်ရက် ကို ထောက် ပံ့နေ သူ မှာ ဗြိ တိသျှသံရုံးရှိ ပျိုးပင်အဖွဲ့မှ ဒေါက်တာ မျိုးလွင်ဟုရေးသားထားပါသည်။

ပြည့်တန်ဆာ လုပ်ငန်း သည် မကောင်းမှုဒုစရိုက်လုပ်ငန်း တစ်ခုဖြစ်သလို မြန်မာ့ယဉ်ကျေးမှု ဓလေ့နှင့် မဆီမလျော် မကိုက် ညီသော လုပ်ငန်းတစ်ခုဖြစ်သော ကြောင့်  ဤလုပ်ငန်းကို နိုင်ငံတော်မှ ပြည့်တန်  ဆာလုပ်ငန်း များ ပပျောက်ရေးကို ရှေ့ရှု  ကာ ဥပဒေပြဋ္ဌာန်းပြီး ကာကွယ်တားဆီး   နေပါ လျက် ပြည့်တန်ဆာ လုပ်ငန်း ကို တရားဝင်လုပ်ကိုင်ခွင့်ရရန်တင်ပြတောင်း ဆိုသွားမည်ဆိုခြင်းသည် ထေရ၀ါဒ ဗုဒ္ဓ ဘာသာထွန်းကားရာ မြန်မာနိုင်ငံအတွက် ကြား၍မှမတော်သော အလွန်ရှက်စရာ ကောင်းသော သတင်း မျိုး ကို ထည့်သွင်း  ဖော်ပြခြင်းကြောင့် မြန်မာနိုင်ငံနှင့်မြန်မာ   အမျိုးသမီးများကို လည်းကောင်း ၊ပြည်တွင်း  မီဒီယာများ ၏ ဂုဏ်သိက္ခာကျဆင်းစေ နိုင်သည်ကိုလည်းကောင်း ဤမတော် မလျော်သတင်း ကို ဖော်ပြသူဂျာနယ် အယ်ဒီတာများ မစဉ်းစားကြသည်ကို အလွန်အံ့သြမိပါသည်။ သတင်းထူးလျှင်    ပြီးရော ဆို သည့် သဘောမျိုးဖြင့်ဖော်ပြ   ရန်မသင့်သော သတင်း ကိုဖော်ပြခြင်းဖြင့်   ““ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံး  ပုပ်”” ဆိုသလို မိမိ၏တာဝန်မဲ့စွာ လက် လွတ်စပါယ် လုပ်ရပ်ကြောင့် မီဒီယာ လောက တစ်ခုလုံးသိက္ခာ ကျစေမည့် လုပ်   ရပ်ကို ရှောင်ကြဉ်သင့်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်လည်း သတင်းစာဂျာနယ်များသည် အများပြည်  သူအတွက် အသိဥာဏ် ဖွံ့ဖြိုးတိုး တက်ပြီး နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ပြည်သူအားလုံးတက် ညီလက် ညီဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ရန် လှုံ့ဆော်အားပေးသော သတင်းများ ကို ရေးသားပြီး၊ အလွယ်တ ကူနှင့်ငွေရ ချောင်သော်လည်း ဟီရိသြတပ္ပကင်းမဲ့  သော ပြည့်တန်ဆာလုပ်ငန်းဖွံ့ဖြိုးရေး အားပေးသော မြန်မာ့ယဉ်ကျေးမှုဓလေ့   များကို အကြည်ကန်သိက္ခာကျစေသော   အညှီအဟောက် သတင်းများ ကိုမဖော်ပြ   သော သိက္ခာရှိသတင်းစာ ဂျာနယ်များဖြစ်   စေရန် အထူးသတိပြုသင့်ပါကြောင်း တင် ပြအပ်ပါ၏။

တက္ကသိုလ်ကြည်လွင်

ဒီက ကူးလာတယ် ...

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

0 comments: