Pages

Saturday, October 27, 2012

နော်ဝေနှင့် ဒိန်းမတ် ဝန်ကြီးချုပ် များ မြန်မာနိုင်ငံ သို့ အလည်အပတ် လာရောက်မည်

27.10.2012

နော်ဝေ ဝန်ကြီးချုပ် မစ္စတာ ဂျန်(စ)စတိုတင်ဘတ် (Mr.Jen Stoltenberg) သည် နိုဝင်ဘာ ၃ရက် နှင့် ၄ ရက် တွင် မြန်မာနိုင် ငံသို့ အလည်အပတ် လာရောက် မည် ဖြစ်ပြီး နော်ဝေ သံရုံးသစ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေး မည် ဖြစ်သည်။ သူသည် ဂျပန်နိုင်ငံသို့ ၃ ရက်ကြာ သွားရောက်ပြီး မြန်မာနိုင်ငံ သို့ သွားရောက် မည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တွင် ရှိစဉ် ဝန်ကြီးချုပ် သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် လည်း တွေ့ဆုံနိုင် ဖွယ် ရှိသည် ဟု မျှော်လင့် ရသည်။ ပြီးခဲ့သည့် ဇွန်လတွင် ဝန်ကြီးချုပ် ၏ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံ သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ခဲ့သည်။

သံရုံးသစ်ကို ဒိန်းမတ် ဝန်ကြီးချုပ် မစ္စဟယ်လီ သွန်းနင်းရှမစ် (Ms. Helle Thorning Schmidt) နှင့်အတူ ပူးတွဲဖွင့်လှစ် ပေးမည်ဖြစ်ပြီး နှစ် နိုင်ငံ သံရုံးများ ကို ရန်ကုန်ရှိ နောဒစ် နိုင်ငံများ ၏ သံရုံးဝင်း အတွင်းတွင် မျှဝေ ဖွင့်လှစ်ကြမည် ဖြစ်သည်။

နော်ဝေ ဝန်ကြီးချုပ်သည် နိုဝင် ဘာ ၅ ရက်တွင် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး (ASEM) သို့ တက်ရောက်ရန် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ ဆက်လက် သွားရောက်မည်ဖြစ်သည်။

““ ဒိန်းမတ် ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၄ ရက်တွင် မြန်မာနိုင်ငံ သို့ သွားရောက် ပြီး သံ ကိုယ်စားလှယ် ရုံးသစ်ကို နော်ဝေ ဝန်ကြီးချုပ် နှင့်အတူ ဖွင့်လှစ်ပေးကာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် လည်း တွေ့ဆုံမည် ဖြစ်ကြောင်း၊ ပြီးလျှင် အာရှ - ဥရောပထိပ်သီး အစည်းအဝေး သို့ တက်ရောက် ရန် နိုဝင်ဘာ ၅ ရက်တွင် လာအို သို့ နှစ်ရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း၊ နိုဝင်ဘာ ၇-၈ တွင် ဗီယက်နမ်ရှိ ဒိန်းမတ်ကုမ္ပဏီများအတွက် အခွင့်အလမ်း တိုးချဲ့ရေး ထောက်ခံပေး ရန် ရည်ရွယ်ချက် ဖြင့် ဗီယက်နမ်သို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း ””  ဝန်ကြီးချုပ်ရုံး ၏ သောကြာနေ့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

Myanmar Express

No comments:

Post a Comment

ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

သတင်းဆိုဒ်တွေကို ဆက်သွားချင်သေးတယ် ဆိုရင်

ဖတ်ရှုမှု များသော သတင်းများ

® GOLDEN LAND MYANMAR NEWS & KNOWLEDGE

နော်ဝေနှင့် ဒိန်းမတ် ဝန်ကြီးချုပ် များ မြန်မာနိုင်ငံ သို့ အလည်အပတ် လာရောက်မည်

Labels:

27.10.2012

နော်ဝေ ဝန်ကြီးချုပ် မစ္စတာ ဂျန်(စ)စတိုတင်ဘတ် (Mr.Jen Stoltenberg) သည် နိုဝင်ဘာ ၃ရက် နှင့် ၄ ရက် တွင် မြန်မာနိုင် ငံသို့ အလည်အပတ် လာရောက် မည် ဖြစ်ပြီး နော်ဝေ သံရုံးသစ်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေး မည် ဖြစ်သည်။ သူသည် ဂျပန်နိုင်ငံသို့ ၃ ရက်ကြာ သွားရောက်ပြီး မြန်မာနိုင်ငံ သို့ သွားရောက် မည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တွင် ရှိစဉ် ဝန်ကြီးချုပ် သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် လည်း တွေ့ဆုံနိုင် ဖွယ် ရှိသည် ဟု မျှော်လင့် ရသည်။ ပြီးခဲ့သည့် ဇွန်လတွင် ဝန်ကြီးချုပ် ၏ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံ သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ခဲ့သည်။

သံရုံးသစ်ကို ဒိန်းမတ် ဝန်ကြီးချုပ် မစ္စဟယ်လီ သွန်းနင်းရှမစ် (Ms. Helle Thorning Schmidt) နှင့်အတူ ပူးတွဲဖွင့်လှစ် ပေးမည်ဖြစ်ပြီး နှစ် နိုင်ငံ သံရုံးများ ကို ရန်ကုန်ရှိ နောဒစ် နိုင်ငံများ ၏ သံရုံးဝင်း အတွင်းတွင် မျှဝေ ဖွင့်လှစ်ကြမည် ဖြစ်သည်။

နော်ဝေ ဝန်ကြီးချုပ်သည် နိုဝင် ဘာ ၅ ရက်တွင် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး (ASEM) သို့ တက်ရောက်ရန် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ ဆက်လက် သွားရောက်မည်ဖြစ်သည်။

““ ဒိန်းမတ် ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၄ ရက်တွင် မြန်မာနိုင်ငံ သို့ သွားရောက် ပြီး သံ ကိုယ်စားလှယ် ရုံးသစ်ကို နော်ဝေ ဝန်ကြီးချုပ် နှင့်အတူ ဖွင့်လှစ်ပေးကာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် လည်း တွေ့ဆုံမည် ဖြစ်ကြောင်း၊ ပြီးလျှင် အာရှ - ဥရောပထိပ်သီး အစည်းအဝေး သို့ တက်ရောက် ရန် နိုဝင်ဘာ ၅ ရက်တွင် လာအို သို့ နှစ်ရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း၊ နိုဝင်ဘာ ၇-၈ တွင် ဗီယက်နမ်ရှိ ဒိန်းမတ်ကုမ္ပဏီများအတွက် အခွင့်အလမ်း တိုးချဲ့ရေး ထောက်ခံပေး ရန် ရည်ရွယ်ချက် ဖြင့် ဗီယက်နမ်သို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း ””  ဝန်ကြီးချုပ်ရုံး ၏ သောကြာနေ့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

Myanmar Express
0 comments: